စဉ်းစားပါsteemCreated with Sketch.

in #myanmar7 years ago

#စီးပွားရေးသမားနဲ့ဝန်ထမ်းကွာခြားချက်များ

သူတို့ရဲ့ အောက်ပါကွာခြားချက်တွေကို သတိထားမိပါရဲ့လား။

#ကွာခြားချက် (၁)

  • စီးပွားရေးသမားတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချလို့ စွန့်စားကြတယ်။
  • ဝန်ထမ်းတွေကတော့ ကြောက်ရွံ့စိုးရိမ်မှုကြောင့် မစွန့်စားကြဘူး။

#ကွာခြားချက် (၂)

  • စီးပွားရေးသမားတွေဟာ အနာဂတ်ကို ရှုမြင်တတ်ကြတယ်။
  • ဝန်ထမ်းတွေဟာ အတိတ်ကာလကနေ ရုန်းမထွက်နိုင်ကြဘူး။

#ကွာခြားချက် (၃)

  • စီးပွားရေးသမားတွေဟာ လင်းယုန်ငှက်တွေ အမြင့်မှာ ပျံသန်းပြီး အစာရှာသလို အပေါ်စီးကနေ အခွင့်အလမ်းကို ရှာနေကြတယ်။
  • ဝန်ထမ်းတွေဟာ ကြက်ကလေးတွေလို မြေကြီးမှာပဲ အစာယက်ရှာဖွေနေကြတယ်။

#ကွာခြားချက် (၄)

  • စီးပွားရေးသမားတွေက ကြွယ်ဝချမ်းသာမှုကို ရှာနေကြတယ်။
  • ဝန်ထမ်းတွေက ပိုက်ဆံရဖို့ ရှာနေကြတယ်။

#ကွာခြားချက် (၅)

  • စီးပွားရေးသမားက ပြောတယ်။ "ခုလိုဖြစ်တာ ငါ့မှာ တာဝန်ရှိတယ်"တဲ့။
  • ဝန်ထမ်းက ပြောတယ်။ "အဲ့ဒါ ကျနော့်အမှား မဟုတ်ဘူးနော်"တဲ့။

#ကွာခြားချက် (၆)

  • စီးပွားရေးသမားတွေဟာ ကောင်းတာ တွေ့ရင် ချီးကျူးကြတယ်။ သူတို့ မှားရင်လည်း ပြင်ကြတယ်။
  • ဝန်ထမ်းတွေဟာ သူများတော်ရင် မချီးကျူးဘူး။ သူတို့ မှားရင် ပြင်ဖို့ ဝန်လေးတယ်။

#ကွာခြားချက် (၇)

  • စီးပွားရေးသမားတွေဟာ အများကြီးရဲ့ နည်းနည်းစီပဲ သိကြတယ်။
  • ဝန်ထမ်းတွေဟာ နည်းနည်းလေးရဲ့ အများကြီးကို သိကြတယ်။ သူတို့ကိုယ်သူတို့ expert, specialist လို့ အပြောခံတာကို ဂုဏ်ယူနေကြတယ်။

ကွာခြားချက် (၈)

  • စီးပွားရေးသမားတွေဟာ ပြဿနာကို အခွင့်အလမ်းလို့ မြင်တတ်ကြတယ်။
  • ဝန်ထမ်းတွေဟာ အခွင့်အလမ်းကို ပြဿနာလို့ပဲ မြင်တတ်ကြတယ်။

ကွာခြားချက် (၉)

  • စီးပွားရေးသမားတွေဟာ ရှုံးနိမ့်မှုကနေ သင်ခန်းစာယူပြီး ထပ်ကြိုးစားကြတယ်။
  • ဝန်ထမ်းတွေဟာ ရှုံးနိမ့်မှု ကြုံလာရင် စိတ်ဓါတ်ကျပြီး ထပ်မကြိုးစားတော့ဘူး

ကွာခြားချက် (၁၀)

  • စီးပွားရေးသမားတွေဟာ ဖျော်ဖြေမှုတွေကို ခံစားဖို့ထက် သူတို့အရည်အချင်း တိုးတက်အောင် အမြဲလုပ်နေကြတယ်။
  • ဝန်ထမ်းတွေကတော့ သူတို့အရည်အချင်းတိုးတက်ဖို့ထက် ဖျော်ဖြေမှုတွေနဲ့ပဲ အချိန်ကုန်နေကြတယ်။

"The 10 Secrets of Entrepreneurs" စာအုပ်လေးက ယူထားတာပါ။

ကျွန်တော့်ရဲ့ မှတ်ချက်လေး ဖြည့်စွက်ပေးချင်ပါတယ်။
"ဝန်ထမ်းဟာ စီးပွားရေးသမားလို စိတ်ဓါတ်မျိုး ဖြစ်လာအောင် ကြိုးစားလိုက်မယ်ဆိုရင် သူ့ဘဝဟာ အကြီးအကျယ် တိုးတက် ပြောင်းလဲသွားမှာ သေချာပါတယ်"။

#ဗန်းမော်သိန်းဖေ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 58949.08
ETH 2306.78
USDT 1.00
SBD 2.47