ကျွန်​​တော်​နှင့်​ အ​ကြောက်​တရား

in #myanmar7 years ago

အ​ကြောက်​တရား၊ အင်းဒါက ကျွန်​​တော်​တို့ငယ်​ငယ်​ကတည်းက ကြုံ​တွေ့​နေခဲ့ရတာဆို မှားမလား။ မမှားဘူး ဟုတ်​တယ်​ ​မွေးပြီးလို့ လူမှန်းသိတတ်​စကည်းက ကြုံ​တွေ့ခဲ့ရတာပါ။ ကျွန်​​တော်​တို့ မိဘ​တွေ​ရဲ့ ​ရှေးရိုးဆန်​မှု့​ကြောင့်​လား ဒါမှ မဟုတ်​ သူတို့ကိုယ်​တိုင်​ကိုက အ​ကြောက်​တရားနဲ့ လက်​ပွန်းတတီးရှိ​နေခဲ့လို့လား။ ကျွန်​​တော်​ အပြစ်​​ပြော​နေတာမဟုတ်​ပါဘူး တကယ်​ဆို စဉ်းစားကြည့်​ပါ။ အ​ကြောက်​တရား​ကြောင့်​ ကျွန်​​တော်​တို့ ဘာ​ကောင်းကျိုးများရခဲ့ကြသလဲလို့။ ဘယ်​​လောက်​​တောင်​ဖြစ်​လဲဆို အ​ကြောက်​တရား​ကြောင့်​ ကိုယ့်​ဘက်​ကမှန်​တာ​တောင်​ ပြန်​မ​ပြောနိုင်​ဘဲ အမှားကို အမှန်​လုပ်​ ငြိမ်​ကုပ်​တိတ်​ဆိတ်​စွ​နေခဲ့ရသလဲ ဆိုတာ ​တွေးကြည့်​ပါ။
ကျွန်​​တော်​တို့ကို ငယ်​စဉ်​ကတည်းက ထိန်း​ကြောင်းလာတဲ့ပုံစံက လူကြီး မိဘ ဆရာသမားကို ပြန်​မ​ပြောနဲ့ ကံကြီးထိုက်​လိမ့်​မယ်​ ငရဲကြီးလိမ့်​မယ်​ စတဲ့ ခြိမ်​​ခြောက်​မှု့​တွေနဲ့ ကြီးပြင်းခဲ့ကတာပါ။ တကယ်​ဆို နည်းမှန်​လမ်းမှန်​နဲ့ သုံးသပ်​​ပြောဆို​ဆွေး​နွေနိုင်​​အောင်​ လမ်းမှန်​ကိုမြင်​​အောင်​ ​အ​ကြောက်​တရားကင်းကင်းနဲ့ ​ပြောဆို​ဆွေး​နွေးနိုင်​​အောင်​ ​လေ့ကျင့်​သင်​ကြား​ပေးခဲ့ရမှာ။ ဘယ်​လို​ပြောရမလဲ စနစ်​ကိုပဲ လက်​ညိုးထိုးရမယ်​ထင်​တယ်​။
တကယ်​ဆို မိတ်​​ဆွေတို့ အဲ့ ဒီ အ​ကြောက်​တရားဆိုတာကို တစ်​ကြိမ်​​လောက်​သာ တွန်းလှန်​ကြည့်​လိုက်​ပါ။ ​နောက်​ဆို အ​ကြောက်​တရားဆိုတာ ဘာလဲလို့ကို ​မေးယူရ​လောက်​​အောင်​ဖြစ်​သွားမယ်​။ မ​ကြောက်​ကြပါနဲ့ ရဲရင့်​ပါ အမှန်​တရားကိုမြတ်​တရားကိုမြတိယ်​နိုးပါ။

Sort:  

သိပ်မှန်တယ်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57159.76
ETH 2351.81
USDT 1.00
SBD 2.38