ကမ္ဘာကြီးသို့ ပေးစာ
အစကစဉ်းစားမိတာတော့ ကျွန်တော်ရဲ့ပထမဆုံး intro post မှာ
ပြောထားတဲ့အတိုင်း တနင်္သာရီတိုင်းနဲ့ ထားဝယ်မြို့ရဲ့ အလှအပတွေကို
ဖွဲ့ဖွဲ့နွဲ့နွဲ့လေးရေးမလို့ပါပဲ့ဗျ
စိတ်ကူးထားတာလေးပေါ့နော် ဒါပေမဲ့ တကယ်ရေးရမဲ့ အချိန်လဲရောက်ရော မြို့နယ် လူငယ်ညီလာခံအစည်းအဝေးတက်ရမှာနဲ့
ကျွန်တော်အဦး နေမကောင်းလို့ ဆေးရုံမှာသွားစောင့်ပေးနေရတာနဲ့ လုံးဝမရေးဖြစ်ပဲ ဖြစ်နေတာပေါ့ဗျာ.....
ဒါပေမဲ့လဲ pro ရမဲ့နေ့ဆိုတော့ လက်လွှတ်ခံလို့မဖြစ်ပြန်ဘူး
ဒါနဲ့ နီးတဲ့စာအုပ်ဆွဲလှန်ပီး post ရေးဖို့ရှာနေရင်းနဲ့ ငယ်ငယ်က ကျွန်တော်ရေးထားတဲ့ စာစီစာကုံး စာအုပ်လေးလှန်ဖတ်ရင်း
စာပုဒ်လေးတစ်ပုဒ် ကြိုက်လွန်းလို့ ရေးဖို့ဖြစ်လာပါတော့တယ်
မိဘတစ်ယောက်အနေနဲ့ ကျောင်းပီးခါနီး သားသမီးတွေအတွက်
ကမ္ဘာကြီးအပေါ်တောင်းခံထားတဲ့ ပုံစံလေးနဲ့ပါဗျ......
ငယ်ငယ်ကဆိုတော့ ဘယ်စာအုပ်ကနေကူးချထားမှန်းလဲမသိတော့ပါဘူးခင်ဗျား
သေချာတာကတော့ ကိုယ်တိုင်ရေးထားတာ မဟုတ်လောက်ဘူးဗျ
နဲနဲပါးပါးတော့ ကွန့်မြူးထားမှာပေါ့လေ....
ကဲ......ပြောတာနဲနဲရှည်သွားပီ ငယ်ငယ်ကကြိုးစားထားတဲ့
သိသလောက် မှတ်သလောက် ပညာလေးကို အားပေးကြပါဦးလို့
အမှားပါရင်လဲ ခွင့်လွှတ်ပေးကြပါဦးလို့.......credit လဲပေးပါတယ်ဗျာ....
ကမ္ဘာလောကကြီးရေ ……
တို့ကလေးတွေ ဒီနေ့ကျောင်းဆင်းကြတော့မယ်။ ကာလအတန်ကြာ တဲ့အထိ မင်းကိုသူတို့နားလည်နိုင်ကြဦးမှာမဟုတ်ဘူး။ မင်းသူတို့ကို ကြင်ကြင်နာနာဆက်ဆံပေးပါလို့ ငါမေတ္တာရပ်ခံချင်တယ်။
မင်းသိတဲ့အတိုင်း သူတို့ကလောလောဆယ်အချိန်ထိ ကိုယ့်အိမ်မှာကိုယ်ဗိုလ်လုပ်နေခဲ့ကြတာ။ သူတို့ခံစားချက်တွေ၊ ဝေဒနာတွေမှန်သမျှ မိဘက မပြတ်အကဲခတ်ပြီးဖြေဖျောက်ပေး ကုစားပေးနေခဲ့တာ။ နက်ဖြန် သန်ဘက်ကစပြီး အခြေအနေတွေက လုံးဝခြားနားသွားတော့မှာ။ အရင်တစ်ခါမှမကြုံဖူးတဲ့ စွန့်စားခန်းအသစ်တစ်ခု စတင်ရတော့မှာ။ ဒီစွန့်စားခန်းခရီးမှာ ဒုက္ခဆင်းရဲတွေ၊ ၀မ်းနည်းကြေကွဲစရာတွေလည်း ဆင်နွှဲရလိမ့်မယ်။ ဒီခရီးလမ်းကို လျှောက်လှမ်းနိုင်ဖို့အတွက် သူတို့မှာ ယုံကြည်မှုတွေ၊ မေတ္တာတရားတွေ၊ ခံနိုင်ရည်တွေ၊သိနားလည်မှုတွေ အများကြီးလိုအပ်လိမ့်မယ်။
ဒါကြောင့်မို့သူတို့လေးတွေကိုကြည့်ရှုစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံနေရတာပဲ ကမ္ဘာလောကကြီးရေ။ သူတို့ သိသင့် သိထိုက်တဲ့အရာတွေ သိအောင် တတ်အောင် သင်ပြပေးစမ်းပါ။ ဒါပေမဲ့ ကျေးဇူးပြုပြီးတတ်နိုင်သမျှ ညှာညှာတာတာတော့ ကိုင်တွယ်ပါနော်။
လောကကြီးမှာလူတိုင်းသမာသမတ်ရှိတာမဟုတ်ဘူး။ တရားသဖြင့်လုပ်နေတာမဟုတ်ဘူး၊ မမှန်မကန်တဲ့လူတွေလည်းရှိတယ်ဆိုတာ သူတို့သိဖို့လိုသေးတယ်။ ဒါပေမဲ့ လူဆိုးတစ်ယောက်ရှိတိုင်း ဇာတ်လိုက်လူစွမ်းကောင်းတစ်ယောက်တော့ရှိတယ်။ လိမ်ညာကောက်ကျစ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ရှိတိုင်း လေးစား ကြည်ညိုစရာကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်ကောင်းတစ်ယောက်ရှိ တယ်။ ကိုယ့်ကိုဒုက္ခပေးမယ့် ရန်သူတစ်ယောက်ရှိတိုင်း ကိုယ့်ကို ကူညီရိုင်းပင်းမယ့် မိတ်ဆွေတစ်ယောက်တော့ရှိတယ်ဆိုတာလည်း သင်ကြားပေးစေချင်တယ်။ အချိန်တော့ပေးရ မှာပေါ့ လောကကြီးရယ်။ ဒါပေမဲ့ကိုယ်တိုင်ရှာ ငွေတစ်ကျပ်ဟာ အလကားရတဲ့ငွေတစ်ရာထက် တန်ဖိုးရှိတယ်ဆိုတဲ့အကြောင်း၊ အရှုံးကို အပြုံးမပျက် ခံယူတတ်မှ အောင်နိုင်ချိန်မှာ ပြည့်ပြည့်၀၀ပျော်ရွှင်နိုင်မယ်ဆိုတဲ့ အကြောင်းတွေလည်း သူတို့သိနားလည်အောင် ဆောင်ရွက်ပေးစေချင်တယ်။
ဖြစ်နိုင်ရင် သူတို့မှာဝန်တိုမစ္ဆေရိယစိတ်တွေ ကင်းစင်အောင်၊ သူတစ်ပါးရဲ့ အဆင်ပြေမှု၊ အောင်မြင်မှုအတွက်လည်း မုဒိတာပွားတတ်အောင် သင်ကြားပေးစေချင်တယ်။ မအောင်မြင်မှုနဲ့ကြုံရတဲ့အခါမျိုးမှာ အရှုံးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ ဇွဲသတ္တိရှိဖို့နဲ့အောင်မြင်တဲ့အထိ ဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒဆက်လက်ပြင်းပြနေတဲ့အထိ ဆက်ကြိုးစားမယ်ဆိုတဲ့ စိတ်ဆန္ဒ ဆက်လက်ပြင်းပြနေတတ်ဖို့လည်း သင်ကြားပေးပါပြီ။ ပြီး သိမ်မွေ့သူကို သိမ်မွေ့စွာဆက်ဆံတတ်ဖို့၊ မာကျောသူနဲ့တွေ့တဲ့အခါ ကိုယ်လည်းမာကျောနိုင်ဖို့ လမ်းညွှန်ပေးပါ။
အများနောက် ရောယောင်မလိုက်ဘဲ ကိုယ့်အသိဥာဏ်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့အလုပ်လုပ်တတ်ဖို့၊ ဘယ်သူ့စကားကိုမှ နားပိတ်မထားသော်လည်း ကြားသမျှကိုတော့ အမှန်တရားဆိုတဲ့ ဆန်ခါနဲ့စစ်ပြီးမှ လက်ခံ မှတ်သားတတ်ဖို့၊ ၀မ်းနည်းကြေကွဲချိန်မှာလည်း အပြုံးမပျက်နေတတ်ဖို့၊ သို့သော်မျက်ရည်ကျခြင်းကိုလည်း ရှက်စရာလို့ မယူစဖို့၊ ပြီးတစ်ခါတစ်ရံရှုံးနိမ့်ခြင်းမှာ လည်းဂုဏ်ကျက်သရေရှိနေတတ်ပြီးအောင်မြင်ပါလျက် စိတ်ပျက်ရခြင်းဆိုတာမျိုးလည်းရှိကြောင်း သိရှိဖို့ကိုပါ သင်ကြားပေးစေချင်တယ်။
အမြဲမကောင်းပြောတတ်တဲ့လူတွေကို ဂရုမစိုက်ဖို့ စကားချိုလွန်းသူကို သတိထားဖို့။
ကိုယ့်ရဲ့ဦးနှောက်နဲ့ကြွက်သားကို ကြေးအမြင့်ဆုံးပေးသူထံရောင်းချတတ်ဖို့၊ ဒါပေမဲ့ နှလုံးသားနဲ့ဝိညာဉ်ကိုတော့ ဘယ်တော့မှဈေးနှုန်းမသတ်မှတ်ဖို့တွေလည်း သင်ဖို့လိုလိမ့်မယ်။
အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်နဲ့သူတစ်ပါးနှိုင်းယှဉ်တာမျိုးမလုပ်ဖို့လည်း သင်ပြပေးစေချင်တယ်။ ဘာကြောင့်လည်းဆိုတော့လောကကြီးမှာ ကိုယ့်ထက်ကြီးကျယ်တဲ့လူ၊ ကိုယ့်ထက်နိမ့်ပါးတဲ့လူတွေဆိုတာ အမြဲရှိနေမှာမဟုတ်လား။ ကိုယ့်စံချိန် ကိုယ်ချိုးနိုင်အောင်၊ ကိုယ့်ယခင်ဆောင်ရွက်ချက်တွေထက် ထူးခြားသာလွန်အောင် ပြိုင်ဆိုင်ကြိုးစားဖို့သာ သူတို့ကို သင်ကြားစေချင်တယ်။
ပြီးတော့ လောကကြီးမှာ တစ်ခါတစ်ရံအလောင်းအစားလုပ်ရတဲ့အခါမျိုးရှိသလို အံစာတုံးကို လက်လွှဲပေးလိုက်ရတဲ့အခါမျိုးလည်း ရှိတယ်ဆိုတာ သူတို့သိဖို့လိုလိမ့်မယ်။
လောကကြီးရေ ….. သူတို့ကို ကြင်ကြင်နာနာဆက်ဆံပါကွာ။ ဒါပေမဲ့ အလိုတော့မလိုက်နဲ့၊ သိပ်လည်းမျက်နှာသာမပေးနဲ့၊ ဘာကြောင့်လည်းဆိုတော့ မီးဒဏ်ကို နာနာခံပြီးမှ အသားကောင်းတဲ့ သံမဏိဖြစ်မှာကိုး။ ဒီအတွက် သူတို့မှာမိမိကိုယ်ကိုယုံကြည်တဲ့စိတ် ထက်သန်ပြင်းပြစွာ ရှိဖို့ မွေးမြူလေ့ကျင့်ပေးပါ၊ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ရှိမှ လူသားတစ်ရပ်လုံးအပေါ် ယုံကြည်တဲ့စိတ် သူတို့မှာ ကိန်းအောင်းလာလိမ့်မယ်။ မှာလိုက်တာတွေက သိပ်များနေပြီလားပဲ လောကကြီးရေ။ ဒါပေမဲ့ မင်းတတ်နိုင်သမျှတော့ လုပ်ပေးပါနော်။ သူတို့က နုနယ်သေးတဲ့ လူငယ်လေးတွေ … ၊ငါတို့ရဲ့ကလေးတွေပါ။
Myanmar Steemit Lover
Aung Htet Kyaw
@aunghtetkyaw
MSC-197
Credit from google images
ကောင်းတယ်ဗျို့
ကျေးဇူးတင်ပါတယ် ခင်ဗျား
အတွေးကောင်းသား
ကျေးဇူးအထူးတင်ရှိပါကြောင်း
Nice post bro😉
Thank you so much dear.
နောက်မှဖက်တော့မယ် postတင်တာနောက်ကျတယ် bro😁
Ok အဲလောက်ဆို သဘောပေါက်ပီ😜😜😜
နောက်ဆိုနောက်မကျအောင်ကြိုးစားပါ့မယ်ဗျ
Nice
Very very thank you
Nice post
Thank my dear
Nice nice post bro
Thank you so much dear
ဂွတ်ပါတယ်ဗျာ👍👍👍
ကျေးဇူးပဲ့ sl ကြီးရေ
နာနာရိုက်မှာ အကြမ်းခံအောင်လို့ ဟီး :p
နာကျင်မှူရှိမှ သိရှိမှူရှိမယ် 😜😜😜
အဲဒါ အဲဒါ 😀
ကောင်းတယ်ဗျ ကြိုးစားရေးပါဗျ
ဟုတ်ကဲ့ bro ကျေးဇူးတင်ပါတဗျ