ဘဝတဲ့လား (အပိုင်း၂)
အပိုင်း ၁ ဖတ်ရှုရန်
လက်တလော အခြေနေ၌ မိဘများလက်ခံနိုင်မည်မဟုတ်သေးကြောင်း ကိုစိုတစ်ယောက်သုးံသပ်မိလေသည်။နောက်မှသာ မိမိ၏မိဘများလက်သင့်ခံလာရန်ဖြေးဖြေးချင်းပြောပြရပေတော့မည်။
မန္တလေးမြို့ဆိုသည်မှာလည်း ကိုစိုနှင့် မစိမ်းသည့်မြို့ဟု ဆိုနိုင်ပေသည်။မိမိမ မိဘများ စိုးရိမ်၍သာ စိုးရိမ်နေကြခြင်းဖြစ်သည်။
တစ်နှစ်တစ်ခေါက်လောက် မန္တလေးမြို့ ကုန်စည်ဒိုင်များသို့ အခင်းမှထွက်သည့်ကုန်များသော်လည်းကောင်း၊အခြား လယ်ယာသုံးပစ္စည်းလိုအပ်လျှင်လည်းကောင်း သွားရောက်ဝယ်ယူနေကြပင်ဖြစ်သည်။
ယခုလည်း မိမိတို့ဒေသ အခင်းအသီးသီးထွက်ကုန်များအား သွားရောက်ရောင်းချရန် ပြင်ဆင်နေကြလေသည်။
အချို့ လူပိုမရှိကြသူတို့သည် ကိုစိုအား မိမိနယတို့ ရောင်းကုန်များအား လူကြုံပေး၍ရောင်းစေကြသည်။
"ကဲ ကိုစိုရေ ပစ္စည်းတွေအကုန်စုံရင် သွားကြရအောင်ဟ။နေသိပ်မြင့်နေရင် သွားလို့လာလို့မကောင်းဘူးကွ"
"အေးပါထွန်းလှရာ မင်းနဲ့လောလှချည်လား ကုန်ဒိုင်တွေက ထွက်မပြေးပါဘူးကွ။ငါထင်တာမမှားရင်တော့ အိမ်အပြန်နောက်ကျရင် ရေရောမိမှာစိုးလို့မဟုတ်လားကွ"
ကိုစိုတစ်ယောက်သူ၏သူငယ်ချင်းထွန်းလှအား စနောက်လေသည်။ ထွန်းလှကား နည်းနည်းပါးပါး သောက်တတ်သူဖြစ်၍ ထိုသို့စနောက်ချင်းဖြစ်သည်။
"ပြောရော့မယ် ကိုစိုရေ မသိရင်ငါကဘဲ အရက်သမားကြီးကြနေတာဘဲ ဟားဟား "
ထိုကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စနောက်ရင်းထွက်ခွာလာကြလေသည်။
ကုန်စည်ဒိုင်သို့ရောက်သော် ပါလာသည့်ပစ္စည်းတို့ရောင်းချကြလေတော့သည်။ ကုန်များအားချိန်တွယ်ခြင်း ဈေးနှုန်းတွက်ချက်ခြင်းတို့ပြုလုပ်ရပေသည်။
ဤတွင် ထွန်းလှတစ်ယောက်ကား ကောင်တာတွင်ထိုင်နေသည့် စာရေးမလေးဆီသို့သာ မျက်လုံးတို့က ရောက်နေလေသည်။
" ဟေ့ကောင်ထွန်းလှရ ပစ္စည်းတွေချိန်နေတာက ဒီမှာဘာဟ။မင်းမျက်လုံးတွေက ဟိုဘက်ဘာတွေများ အသဲအသန်ကြည့်နေတာလဲ" ကိုစိုသိသိနှင့်နောက်လေသည်။
ထိုမှသာ ထွန်းလှတစ်ယောက် "သိပါတယ်မင်းကလည်း ငါကဘာရယ်မဟုတ်ရှောက်ကြည့်နေတာပါ" ရှက်ရမ်းရမ်း၍ ပြောရှာလေသည်။ ကိုစိုလည်း သူ၏သူငယ်ချင်း ဖြစ်နေပုံကြည့်ကာ ပြုံးစိစိကြီးဖြစ်နေတော့သည်။
ချိန်တွယ်ခြင်း၊ဈေးနှုန်းသတ်မှတ်ခြင်းတို့ ပြီးသောအခါ ငွေယူရန် စာရေးမလေးထိုင်နေသော ကောင်တာသို့ သွားကြလေသည်။
ထွန်းလှတစ်ယောက်ငေးမည်ဆိုလည်းငေးလောက်စရာပင်။စာရေးမလေးကား အနီးရောက်မှပို၍ပင်လှနေတော့သည်။အသားဖြူဖြူ၊ ၊ ကိုဟန်သွယ်သွယ်လေးနှင့် ပါတိတ်ဝမ်းဆက်လေးဝတ်ဆင်ထားသောသူမအား ကိုစိုလည်းသေချာကြည့်မိတော့သည်။
"ညီမ အရင်အလုပ်လုပ်တဲ့ ဒေါ်မြ မလုပ်တော့တာလား။"အရင်ကလည်းလာရောက်ရောင်းချခြင်းတို့လုပ်ဖူး၍ ဒေါ်မြနှင့်ကိုစိုတို့ကား ရင်းနှီး၍ပင်နေလေသည်။ယခုမတွေ့၍ ထိုစာရေးမလေးအား ကိုစိုမေးကြည့်မိ၏။
"ဒော်လေးမြက မလုပ်တော့တာမဟုတ်ဘူး အကို ဒီနေ့မအားလို့ ညီမကိုသူ့ကိုယ်စား လွှတ်လိုက်တာပါ ဒေါ်လေးမြက ညီမအဒေါ်လေ အဲ့တာကြောင့် အဒေါ်ကိုယ်စားဒီနေ့တစ်ရက်လာလုပ်ပေးတာပါ။" ပြောလည်းပြော လက်မှလည်း စရင်းတို့တွက်နေရှာလေသည်။
"ရပီအကို ရော့ဒါအကိုတို့ကုန်တွေအတွက် ရမည့်ငွေ စစ်ကြည့်ပါဦး"ဟုဆိုကာ သူမ၏သွယ်လျှလျှလက်လေးများဖြင့် ငွေထုပ်အားကမ်းပေးလေသည်။
.
Crd-org-source
( အပိုင်း ၃ ဆက်၍ဖတ်ရှုပေးပါရန် )
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
ရင်ခုန် ဖို့လား ရင်တုန်ဖို့လား ဇာတ်လမ်းကတော့စပြီ
ဟုတ်ပဦးထွေး ဟီးဟီး
ကိုစို လား ထွန်းလှ လား
ဇာတ်လမ်းလေး ထွင်မှာက...
ကိုစိုနဲ့ ထွင်မလို့ကိုဟိန်း
နောက်တစ်ခန်း လက်ဆွဲပြီး စကားပြောတော့မလား မသိဘူး
ဟီးဟီး လက်တော့ဆွဲလောက်သေးဝူးဘုရား😂
ကိုစိုးနဲ့ ထွန်းလှ အဲ့ဒီမှာ စတွေ့ကြပြီလေကွယ်
သူငယ်ချင်းနှစ်ယောက် တွေ့ပီ
စာရေးမလေးက ချောချောလေးဆိုပါလား။အဟေး ...ဟေး။ဇာတ်လမ်းစတော့မယ်။
တဂယ်ချောတာပါ😝
လာဘီ လာဘီ ဒေါ် ဘယ်သူလဲတော့မသိဘူး ☺☺☺
ဒေါ်မြ လေးစိုး😂
ဒေါ်မြနဲ့ ကွောင်ကြီး အဆင်ပြေနေပြီလားဟင်
ငိ အနော်နဲ့မဟုတ်ဘူးလေ😜
စောင့်မျှော်နေပါတယ် ကိုအောင်ကြီးရေ။
ဟုတ် အကို
အလုပ်မလုပ်ပဲဘာပုလို့ကောင်တာကကလေးမဆီမျက်လုံးကရောက်ရတာလဲ
ဒါကဒီလိုရှိတယ် ဦးမင်း😂
ကိုစို ဆိုတော့ ဖတ်ရတာ ထောက်တာ 😁😁
ကိုစိုး လုပ်လိုက်ရမလား😂
ဇာတ်ရှိန်တက်လာပြီ အပိုင်း(၃)မျှော်နေမယ်
ဟုတ် ကျေးဇူးပါပဲ bro