How to Make Paper Wall Hanging

in #myanmar4 years ago

ဒီတစ်ခုကတော့နံရံအလှဆင်တစ်ခုပြုလုပ်ထားတာဖြစ်ပြီး၊အရွယ်တူပုံစံတူပန်းပွင့်သုံးပွင့်၊ပန်းခက်လေးတွေနဲ့ပုံဖော်ထားပါတယ်။ပြုလုပ်နည်းကိုပုံ၊စာတို့ဖြင့်ဖော်ပြထားပြီး၊လိုအပ်တာတွေကရောင်စုံစာရွက်၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံ၊ကတ်ထူစသဖြင့်လိုအပ်ပါတယ်။

ပထမအဆင့်မှာတော့အရွယ်တူပုံစံတူပန်းပွင့်သုံးပွင့်ပြုလုပ်ပါ့မယ်။ပြုလုပ်နည်းကစက်ဝိုင်းပုံစာရွက်များဖြတ်ပါ့မယ်။အရောင်နှစ်မျိုးဖြင့်အရွယ်မတူတဲ့စက်ဝိုင်းပုံများပြုလုပ်ပါ့မယ်။ပြီးနောက်ပုံအတိုင်းစာရွက်နှစ်ခုကိုကော်ကပ်ပါတယ်။အလယ်မှခေါက်ချိုးလိုက်ပါတယ်။ထိုစက္ကူခေါက်များကိုရှစ်ခုစီတစ်ခုနှင့်တစ်ခုကော်ကပ်ဆက်၍အခြားစာရွက်တစ်ခုပေါ်ပန်းပွင့်ပုံဖော်ကော်ကပ်လိုက်ပါတယ်။ထိုပန်းပွင့်မျိုးသုံးပွင့်ပြုလုပ်ကာကတ်ထူပေါ်ကော်ကပ်လိုက်ပါတယ်။

ဒီအဆင့်မှာတော့အစိမ်းရောင်စာရွက်ကိုအပိုင်းငယ်သုံးခုဖြတ်ပြီး၊ပေတံဖြင့်စက္ကူခွေလေးတွေဖြစ်အောင်ပြုလုပ်လိုက်ပါတယ်။ထိုစက္ကူခွေမှာအရွက်လေးတွေဖြတ်၍ကော်ကပ်ထားလိုက်ပါတယ်။ထိုစက္ကူခွေသုံးခုကိုခုနကကတ်ထူမှာဆက်၍ကော်ကပ်ပါတယ်။ပြီးနောက်ပန်းပွင့်များပြုလုပ်ပါတယ်။ပန်းပွင့်ကိုအရွယ်တူများဖြတ်ပြီးအလယ်မှာစက်ဝိုင်းပုံစာရွက်များဖြတ်ပြီး၊ကော်ကပ်ပါတယ်။အစိမ်းရောင်အခက်တွေမှာပန်းပွင့်များကော်ကပ်၍လည်းအလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58225.92
ETH 3120.30
USDT 1.00
SBD 2.50