How to Make Paper Pop-up Card

in #myanmar4 years ago

ဒီတစ်ခုကတော့ကဒ်တစ်ခုပြုလုပ်ထားပြီး၊လက်ဆောင်ပေးလို့လည်းရပါတယ်။ပြုလုပ်နည်းကိုပုံလေးတွေနဲ့ဖော်ပြထားပြီး၊လိုအပ်တာတွေကကတ်ထူ၊စာရွက်၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။

အဆင့်၁မှာပန်းတစ်ပွင့်ပြုလုပ်ပြီးခေါက်ရမှာပါ။စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ထောင့်ဖြတ်မျဥ်းအတိုင်းအဆင့်ဆင့်ခေါက်လိုက်တယ်။ပြီးနောက်ပုံစံဆွဲ၍ဖြတ်လိုက်ပါတယ်။စာရွက်ခေါက်ကိုဖြန့်လိုက်လျှင်ပန်းပွင့်ပုံစံရလာမှာပါ။ပန်းပွင့်ပုံစံပေါ်အနားတွေမှာဆေးခြယ်ပြီး၊ပုံပြထားတဲ့အတိုင်းအဆင့်ဆင့်ခေါက်လိုက်မယ်။ဆက်လက်ပြီးကတ်ထူတစ်ခုပြုလုပ်မယ်။အတွင်းဘက်မှာအနီရောင်စာရွက်ကော်ကပ်ပြီး၊ဘေးဘက်ဘောင်ကိုအဖြူရောင်အနားကွပ်ပါတယ်။ခုနကပြုလုပ်ပြီးတဲ့ပန်းပွင့်ပုံကိုအလယ်မှာကော်ကပ်လိုက်ပါတယ်။

ဒီအဆင့်မှာကဒ်ရဲ့အပြင်ဘက်အတွက်ပြုလုပ်မှာပါ။လိမ္မော်ရောင်နှင့်အစိမ်းရောင်ကိုအသုံးပြုပါ့မယ်။အပြင်ဘက်မှာလိမ္မော်ရောင်စာရွက်ကော်ကပ်ပြီး၊ဘေးဘက်ဘောင်တွေကိုအစိမ်းရောင်ကော်ကပ်ပြီး၊ပန်းပွင့်သုံးပွင့်ပြုလုပ်ရမှာပါ။ပန်းပွင့်ပြုလုပ်နည်းကအပေါ်မှာပြုလုပ်ထားတဲ့ပန်းပွင့်ပြုလုပ်နည်းနဲ့ဆင်တူပြီးအနည်းငယ်ဘဲကွာခြားပါတယ်။အလျားအနံတူညီတဲ့စာရွက်ကိုအဆင့်ဆင့်ခေါက်၍ပန်းပွင့်ပုံဖော်ပြီး၊ဆေးခြယ်ပါတယ်။ပန်းပွင့်မှာကတ်ကြေးဖြင့်ဖြတ်၍အနားနှစ်ခုဆက်ကာကော်ကပ်လိုက်ပါတယ်။ထိုပန်းပွင့်သုံးပွင့်ကိုကဒ်ရဲ့ရှေ့ဘက်မှာကော်ကပ်ပါတယ်။ဆက်လက်ပြီးဘိုးတစ်ပွင့်ပြုလုပ်ပါတယ်။ခရမ်းရောင်အရွယ်တူစက္ကူအပိုင်းနှစ်ခုကိုဖြတ်၍ကော်ကပ်ပါတယ်။ထိုအပေါ်တွင်မှအဝါရောင်စာရွက်အပိုင်းကိုခေါက်၍ထပ်မံကော်ကပ်ပါတယ်။အလယ်မှာခရမ်းရောင်စာရွက်ဖြင့်ထပ်ချည်လိုက်ပါတယ်။ထိုဘိုးပွင့်ကိုကဒ်ရဲ့ရှေ့မှာအလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 57886.34
ETH 3104.72
USDT 1.00
SBD 2.54