How to Make Paper Pencil Holder

in #myanmar4 years ago

ဒီတစ်ခုကတော့စာရေးကိရိယာအတိုအထွာလေးတွေထည့်လို့ရတဲ့pencil holderတစ်ခုပြုလုပ်ထားပါတယ်။ပန်းခြင်းပုံစံပြုလုပ်ထားတာဖြစ်ပါတယ်။ပန်းပွင့်များဖြင့်အလှဆင်ထားပြီး၊လက်ကိုင်လည်းပါပါတယ်။ပြုလုပ်နည်းအသေးစိတ်ကိုပုံနှင့်စာဖြင့်ဖော်ပြထားပါတယ်။

ပထမအဆင့်မှာအဝိုင်းပုံစက္ကူအလိပ်ကိုလိုအပ်သလိုဖြတ်၍အစိမ်းရောင်စာရွက်ကော်ကပ်ထားပါတယ်။ပြီးတော့ကတ်ထူကိုစက်ဝိုင်းပုံဖြတ်ပြီး၊ဘေးပတ်လည်မှာပုံပါအတိုင်းပုံဖော်၍ဖြတ်ထားလိုက်ပါတယ်။ပြီးနောက်ကတ်ထူနှင့်အစိမ်းရောင်ဘူးကိုကော်ကပ်လိုက်ပြီး၊ကတ်ထူနှင့်အဝါရောင်စာရွက်တို့ကိုအသုံးပြု၍အပိုင်းငယ်တစ်ခုပြုလုပ်ကာလက်ကိုင်အဖြစ်ပြုလုပ်လိုက်ပါတယ်။ဆက်လက်ပြီးပန်းပွင့်များပြုလုပ်ပါတယ်။

ပန်းပွင့်ပြုလုပ်နည်းကအဝါရောင်နှင့်ပန်းရောင်စာရွက်ဖြင့်အရွယ်တူပန်းပွင့်လေးတွေပြုလုပ်မှာပါ။ကတ်ထူကိုပန်းပွင့်ပုံဆွဲ၍အကြီးအသေးနှစ်ပွင့်ဖြတ်လိုက်ပါတယ်။ပြီးတော့မှရောင်စုံစာရွက်ဖြင့်ပန်းပွင့်ပုံပြုလုပ်ပါတယ်။ပန်းပွင့်ကိုအလယ်မှတစ်ဝက်ဖြတ်ပြီး၊ကတော့ပုံစံခေါက်လိုက်ပါတယ်။ထိုစက္ကူခေါက်လေးတွေကိုနှစ်ခုစီကော်ကပ်ကာပန်းပွင့်လေးတွေပြုလုပ်ပါတယ်။ပြီးနောက်လက်ကိုင်နှင့်ဘူးခွံမှာပုံပါအတိုင်းအလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အစိမ်းဆို ကြိုက်ပြီသား လှတယ်

လှတယ်ဆိုလို့ကျေးဇူးပါ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57614.45
ETH 3097.31
USDT 1.00
SBD 2.57