How to Make Paper Mobile Stand

in #myanmar4 years ago

ဒီတစ်ခုကိုတော့mobile standတစ်ခုပြုလုပ်ထားပါတယ်။ဖုန်းထည့်လို့ရအောင်ဒေါင်လိုက်တစ်ခု၊အလျားလိုက်တစ်ခုနှင့်ပြီးနောက်ပန်းအိုးတစ်ခုပြုလုပ်ထားပြီးအလှဆင်ထားပါတယ်။အကယ်၍ပန်းပွင့်မထည့်ချင်ရင်လည်းpencil boxအဖြစ်သုံးလို့ရပါတယ်။အရွယ်အစားကတော့မိမိကြိုက်သလိုပြုလုပ်နိုင်ပါတယ်။

ပထမအဆင့်မှာကတ်ထူဘူးခွံနှစ်ခုကိုရှာပြီး၊ပုံအတိုင်းညီညာစွာဖြတ်ရမှာပါ။ဘူးခွံနှစ်ခုလုံးကိုအစိမ်းရောင်စာရွက်ကော်ကပ်ထားပြီး၊ပန်းပွင့်ထည့်ရန်ပန်းအိုးတစ်ခုကိုလည်းပြုလုပ်ပါတယ်။ကတ်ထူဘူးခွံကိုတစ်ဝက်တိတိဖြတ်ပြီးအစိမ်းရောင်စာရွက်ကော်ကပ်ထားလိုက်တယ်။ထို့နောက်အခြားကတ်ထူတစ်ရွက်ကိုရောင်စုံစာရွက်ကော်ကပ်ပါတယ်။ဒါကတော့ဘူးခွံတွေတင်ဖို့အတွက်ပါ။ဖုန်းထည့်ဖို့ဘူးခွံနှစ်ခုတင်ရန်ကတ်ထူကိုသုံးခေါက်ချိုးပြီးကော်ကပ်ပါတယ်။ပြီးနောက်ဘူးခွံနှစ်ခုနှင့်ဆက်၍ကော်ကပ်ပါတယ်။ဆက်လက်ပြီးအရွယ်တူပန်းပွင့်များကိုဖြတ်ကာ၊ပုံအတိုင်းကော်ကပ်အလှဆင်ပါတယ်။

ဒီအဆင့်မှာပန်းပွင့်တွေပြုလုပ်ပါတယ်။အစိမ်းရောင်စက္ကူအလိပ်တွေပထမဆုံးပြုလုပ်မယ်။လိမ္မော်ရောင်စာရွက်ကိုအပိုင်းငယ်များဖြတ်ထားလိုက်တယ်။ကော်ကအ်ဖို့အနည်းငယ်ချန်ပြီးကျန်တစ်ဘက်မှာအပိုင်းငယ်များဖြတ်၍လိပ်၍ခေါက်လိုက်တယ်။ထိုစက္ကူခေါက်ကိုအစိမ်းရောင်စက္ကူအလိပ်ပေါ်ကော်ကပ်လိုက်ပါတယ်။ပြီးနောက်အရွက်များဖြတ်ပြီးဆက်လိုက်ပါတယ်။ပန်းအိုးမှာထားလိုက်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှတယ် ဗေဒါပင်လေးနဲ့တူတယ်

ဟုတ်ကဲ့... ကျေးဇူးပါ
ဆက်ကြိုးစားပါ့မယ်

Posted using Partiko Android

Thank you so much

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 57886.34
ETH 3104.72
USDT 1.00
SBD 2.54