How to Make Paper Accessories Box

in #myanmar4 years ago

ဒီတစ်ခုကတော့အသည်းပုံဘူးလေးတစ်ခုပါ။ကတ်ထူကိုအသည်းပုံစံခေါက်ချိုး၍ကော်ကပ်ပြီး၊အနီရောင်နှင့်အပြာရောင်တစ်ဝက်စီကော်ကပ်ထားပါတယ်။ဘူးခွံရဲ့တစ်ဘက်ကိုလည်းကတ်ထူဖြင့်ပိတ်လိုက်ပါတယ်။ဘူးအဖုံးကိုတော့ဘူးခွံပြုလုပ်တဲ့အတိုင်းကတ်ထူကိုအသည်းပုံစံခေါက်မယ်။ပြီးနောက်အပြာရောင်စာရွက်ကော်ကပ်ပါတယ်။အဖုံးရဲ့အပေါ်ဘက်မျက်နှာမှာကတ်ထူကိုအပြည့်မပိတ်ဘဲအလယ်မှာအသည်းပုံဖြတ်၍အတွင်းဘက်ကပလတ်စတစ်အကြည်ဖြင့်ပိတ်လိုက်ပါတယ်။ပြုလုပ်ရန်လိုအပ်တဲ့ပစ္စည်းတွေကရောင်စုံစာရွက်၊ကတ်ထူ၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံ၊စသဖြင့်လိုအပ်ပါတယ်။

ဆက်လက်ပြီးအလှဆင်ရန်အတွက်နှင်းဆီပွင့်လေးခေါက်ရမှာပါ။စာရွက်ကိုအပိုင်းငယ်ဖြစ်အောင်ခေါက်ပြီးပထမအဆင့်ကိုပုံအတိုင်းအဆင့်ဆင့်ခေါက်ကာစာရွက်ရဲ့အဆုံးထိခေါက်ချိုးရင်းအဆုံးမှာကော်ကပ်ကာနှင်းဆီပွင့်ပြုလုပ်လိုက်ပါတယ်။နှင်းဆီပွင့်အရောင်နှစ်မျိုးပြုလုပ်ထားပါတယ်။အဝါရောင်နဲ့အနီရောင်ပါ။ပန်းပွင့်တွေကိုတော့ဘူးခွံနဲ့အဖုံးတို့မှာအရွက်များနှင့်အတူကော်ကပ်အလှဆင်ပါတယ်။

ပြီးနောက်အစိမ်းရောင်စာရွက်အသုံးပြုပြီးအရွက်များခေါက်ပါတယ်။စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ထောင့်စွန်းမှတစ်ဝက်တိတိခေါက်လိုက်တယ်။အလယ်အထိတစ်ဘက်စီမှစာရွက်ကိုခေါက်မယ်။ထိုနည်းအတိုင်းကျန်တစ်ဘက်ကိုလည်းခေါက်ပါတယ်။အရွက်များခေါက်ပြီးရင်တော့နှင်းဆီပွင့်တွေနဲ့အတူboxမှာအလှဆင်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ချစ်စရာအသည်းပုံဘူးလေး

ဟုတ်ကဲ့.... ကျေးဇူးပါ
နောက်လည်းအသစ်အဆန်းလေးတွေကြိုးစားပါ့မယ်

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57614.45
ETH 3097.31
USDT 1.00
SBD 2.57