Beautiful Paper Wall Hanging

in #myanmar4 years ago

ဒီတစ်ခုကတော့နံရံအလှဆင်တာပါ။အပြာရောင်စာရွက်ဖြင့်စက္ကူအလိပ်များခေါက်ပြီး၊ထိုစက္ကူအလိပ်များကိုအခြားကတ်ထူပေါ်သုံးခုစီကော်ကပ်၍၊အနားနှစ်ဘက်ကိုပုံအတိုင်းဖြတ်၍၊ထိုစက္ကူကတ်ထူပုံစံအတိုင်းလေးခုပြုလုပ်ပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကကတ်ထူ၊စာရွက်၊ကတ်ကြေး၊ကော်ဘူး၊ခဲတံ၊ပေတံစသဖြင့်လိုအပ်တာပါ။ခုနကပြုလုပ်ပြီးတဲ့ကတ်ထူလေးခုကိုပုံအတိုင်းနေရာချ၍ဆက်ပြီးကော်ကပ်ပါတယ်။

ဒီအဆင့်မှာပန်းပွင့်ပြုလုပ်ပါတယ်။ပန်းပွင့်ကိုအရောင်သုံးရောင်ပါတဲ့ပန်းပွင့်သုံးပွင့်ပြုလုပ်မှာပါ။စာရွက်ကိုအရောင်သုံးမျိုးရွေးပြီး၊တမျိုးနဲ့တမျိုးအရွယ်အစားအနည်းငယ်စီကွာ၍ဖြတ်ရပါတယ်။စာရွက်ကိုအလျားအနံတူညီစွာဖြတ်၍ပုံအတိုင်းအဆင့်ဆင့်ခေါက်ပါတယ်။ပြီးနောက်အရောင်သုံးမျိုးစက္ကူခေါက်သုံးခုကိုဆင့်၍အလယ်မှခေါက်ချိုးပြီး၊အပ်ချည်ဖြင့်ချည်လိုက်ပါတယ်။ပန်းတစ်ပွင့်မှာထိုစက္ကူခေါက်နှစ်ခုလိုအပ်ပါတယ်။စက္ကူခေါက်နှစ်ခုကိုကော်ကပ်ပြီးပန်းပွင့်ပြုလုပ်ပါတယ်။ဆက်လက်ပြီးအရွက်များပြုလုပ်မှာပါ။

အရွက်ပြုလုပ်ရန်အစိမ်းရောင်စာရွက်အနုအရင့်နှစ်မျိုးကိုအလျားအနံတူအောင်ဖြတ်မယ်။အရွယ်အစားတော့မတူရပါ။ထောင့်စွန်းမှတစ်ဝက်ခေါက်၍ဖြတ်လိုက်ပါတယ်။ပြီးနောက်တွန့်ခေါက်၍အလယ်မှခေါက်ချိုးကာကော်ကပ်ပါတယ်။ထိုအရွက်များ၊ပန်းပွင့်သုံးပွင့်ကိုအပြာရောင်စက္ကူအလိပ်ပေါ်ပုံအတိုင်းကော်ကပ်အလှဆင်ပြီး၊နံရံအလှဆင်တစ်ခုပြုလုပ်ပါတယ်။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

So nice paper wall hanging!Good creation!

ဟုတ်ကဲ့...ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.029
BTC 58225.92
ETH 3120.30
USDT 1.00
SBD 2.50