How to Make Paper Pencil Holder

in #myanmar6 years ago

Paper Pencil Holder

img1535813414098.jpg

ဒီတစ်​ခါပြုလုပ်​တာကpaper pencil holderပါ။စက္ကူ​ခေါက်​သုံးခုကိုပထမဆုံး​ခေါက်​ပြီး၊တစ်​ခုနှင့်​တစ်​ခုဆက်​ကာ၊အခြားကတ်​ထူနှစ်​ခုကိုလည်းပြုလုပ်​၍ပုံပါအတိုင်းပြုလုပ်​ထားတာပါ။ပန်းပွင့်​သုံးပွင့်​ပြုလုပ်​၍အလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​ထူစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။

img1535813264587.jpg

စက္ကူ​ခေါက်​ပြုလုပ်​ရန်​အလျား၊အနံတူညီတဲ့ရွယ်​တူစက္ကူသုံးရွက်​ကိုယူပါ့မယ်​။ထောင့်​ဖြတ်​မျဉ်းနှစ်​​ကြောင်း၊အလယ်​​ခေါက်​ချိုးမျဉ်းနှစ်​​ကြောင်းယူပြီး၊အလယ်​မှတ်​ထိအ​ပေါ်ဘက်​​ထောင့်​နှစ်​ဘက်​ကို​ခေါက်​လိုက်​တယ်​။ဆက်​လက်​၍အလယ်​မျဉ်းထိ​အောက်​ဘက်​စက္ကူစကို​ခေါက်​တင်​ပါ့မယ်​။ထပ်​မံ၍အလယ်​သို့​ဘေးနှစ်​ဘက်​စက္ကူကို​ခေါက်​ပါဦးမယ်​။ထို့​နောက်​ပုံပါအတိုင်း​ခေါက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ဒီနည်းအတိုင်းကျန်​နှစ်​ခုကိုလည်း​ခေါက်​ပြီးတစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ထားလိုက်​တယ်​။

IMG_20180829_131805.jpg

IMG_20180829_131827.jpg

IMG_20180829_131900.jpg

IMG_20180829_132624.jpg

ပြီး​နောက်​ကတ်​ထူနှစ်​ခု​ဖြတ်​ပါ့မယ်​။တစ်​ခုကို​ကျောဘက်​ထားရန်​ဖြစ်​ပြီး၊ကျန်​တစ်​ခုကို​အခြေမှာ​ကော်​ကပ်​ရန်​ပါ။ထို့​နောက်​ကတ်​ထူနှစ်​ခုနှင့်​စက္ကူ​ခေါက်​သုံးခုကိုပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180829_134255.jpg

IMG_20180930_203604.jpg

ပန်းပွင့်​ပြုလုပ်​ပါ့မယ်​။ပြုလုပ်​ရန်​အနီ​ရောင်​နှင့်​ပန်း​ရောင်​အရွယ်​တူစက်​၀ိုင်းပုံစံ​တွေဖြတ်​ပါ့မယ်​။စာရွက်​ကိုအလယ်​မှ​ခေါက်​ချိုးမယ်​။ထပ်​မံ၍​ခေါက်​ပါ့မယ်​။ထို့​နောက်​စက္ကူ​ခေါက်​ကိုဖြန့်​ပြီး၊အတွင်းသို့​ခေါက်​လိုက်​တယ်​။ထိုနည်းအတိုင်းစက္ကူ​ခေါက်​များပြုလုပ်​လိုက်​ပါတယ်​။စက္ကူ​ခေါက်​ကိုတစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ပြီး၊အခြားစက္ကူ​ပေါ်ပန်းပွင့်​ပုံရ​အောင်​​ခေါက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ပန်းပွင့်​သုံးပွင့်​ပြုလုပ်​ထားတာဖြစ်​ပြီး၊ပုံပါအတိုင်းအလှဆင်​လိုက်​ပါတယ်​။

IMG_20180829_171635.jpg

IMG_20180829_171700.jpg

IMG_20180829_173017.jpg

IMG_20180829_173142.jpg

IMG_20180829_175144.jpg

img1535730813796.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Well done asterkame, It never ceases to amaze me how a few relatively simple folds can create such beautiful and complicated structures. Hopefully, as membership of steemit expands so will the audience for this kind of genre. Keep up the good work.

Remastered_round_signature_64x64.png

Thank for your support comment

You are very welcome asterkame :)

တော်တော်လည်း အနုစိပ်ပါပေတယ်ဗျာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...ဆက်​ကြိုးစားပါ့မယ်​ ....

Posted using Partiko Android

မနေ့ကတောင် ပြည်ကတူမလေးဆီသွားရင်း @asterkame ရဲ့ ပုံလေးတွေပြမိသေးတယ်။ သူကလည်း စက္ကူတွေနဲ့ သီတင်းကျွတ်မီးပုံးလေးတွေလုပ်နေတာဆိုတော့လေ။

ဟုတ်​ကဲ့...သီတင်းကျွတ်​မီးပုံးပြုလုပ်​နည်း​လေးပိုစ့်​တင်​မယ်​စိတ်​ကူးထားပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

အ‌ရောင်‌နု‌လေး‌တွေ စပ်‌ထားတာ လှတယ်‌ဗျာ။

ဟုတ်​ကဲ့...အစိမ်းနုနှင့်​ပန်း​ရောင်​အ​ဖျော့စပ်​လိုက်​တာလှတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

တို့တွေလည်း မီးပုံးလေးလုပ်ကြည့်မလို့ ဖိုးသားလေးနဲ့တူတူ မီးထွန်းရအောင်လို့လေ...

အ​ကောင်းဆုံး​ပေါ့...မီးပုံး​လေး​တွေကိုယ်​တိုင်​ပြုလုပ်​တာ...သီတင်းကျွတ်​မီးထွန်းပွဲ​တော်​အတွက်​👍👍

Posted using Partiko Android

Pencil Holder လေးကတော့ တစ်ကယ့်အသုံးဝင်ပြီးလှပနေမယ့် item လေးပေါ့

ဟုတ်​ပါတယ်​...ပုံစံတမျိုး​လေးနဲ့လုပ်​ကြည့်​တာပါ...အား​ပေးလို့​ကျေးဇူးပါ....

Posted using Partiko Android

စိတ်​ကူးနဲ့ရရ လုပ်​တပ်​တယ်​​အေ
ဒါ​ပေမဲ့ လှပါတယ်

လှတယ်​ဆိုလို့ဝမ်းသာပါ၏😛

Posted using Partiko Android

အချွန်လေးတွေနဲ့ ချစ်စရာလေး😍😍

Posted using Partiko Android

ဟုတ်​တယ်​...ချွန်​ချွန်​​လေးနှင့်​ပုံစံတမျိုးပါ...😊

Posted using Partiko Android

ဒီရက်ပိုင်းလေး မမြင်ရတော့ ပိုတောင်လှလာသေးတယ် ညီမရေ လုပ်ထားတာလေးက

Posted using Partiko Android

ဟုတ်​ကဲ့...လှတယ်​ဆိုလို့ဝမ်းသာပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

ရာသီကတော့ သီတင်းကျွတ်ရောက်တော့မည်ဖြစ်တဲ့အတွက် မီးပုံလေးတွေ ပြုလုပ်နည်းလေးတင်ပေးရင်ကောင်းလိမ့်မယ်ဗျို့☺

မီးပုံးပြုလုပ်​နည်းပိုစ့်​တင်​ဖို့စဉ်းစားထားပါတယ်​😊

Posted using Partiko Android

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54605.61
ETH 2303.24
USDT 1.00
SBD 2.31