ရက်စက်မိုး

in #myanmar6 years ago

ဘယ်အငြိုးနဲ့များ ရွာချခဲ့တဲ့ ရက်စက်ပုံရိပ်မိုးများ
အကြောင်းပြချက်မရှိ ရက်စက်သွားတော့ ငါ့ဘ၀က ဆိုးရွား
မာနပန်းကိုထိပ်မှာဆင်လျက် မင်းသံသယက တိုးပွား
ဖြူစင်လွန်းတဲ့ ငါ့ရဲ့အချစ်ကို လူလည်ခေါင်မှာချိုးသွား
ရိုးမသွားတဲ့ မင်းရဲ့ အနမ်းတစ်ပွင့် ငါ့ပါးပြင်မှာ ပိုးစား
သေရာပါမယ့် မင်းနာမည် လက်ဖျံရိုးမှာ ထိုးထား
ငါ့ရဲ့ ဘ၀က မခမ်းနားပေမယ့် နင်ပျော်နိုင်ဖို့ကြိုးစား
မြတ်နိုးမှုနဲ့ ပေးဆပ်ထားတဲ့ ငါ့အချစ်က ရိုးသား
ကောင်းကင်ထက်က မိုးတွေရွာ ကြင်နာမှုရဲ့ အဆိုးများ
မပြီးဆုံးသေးတဲ့ ပန်းချီကားတစ်ချပ်ကို ဆေးစက်တင်ဖို့ စဉ်စားတော့
စိတ်ဓါတ်ခင်းပြီး ဆယ်ပြောင်းနေတဲ့ မင်းပတ်ဝန်းကျင်အတင်းများရော
ဆင်းရဲပေမယ့် မာနရှိတယ် ငါ့ဂုဏ်သိက္ခာရင်းထားတော့
အချစ်ဆုံးသူအတွက် အမုန်းတွေမဖြစ်အောင် ဖန်တီးရတာ ရင်နာသည်
ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားတောင် မင်းကိုချစ်ကာ ကြင်နာမည်
ငါ့ရဲ့အချစ်က ညင်သာသည်
နင့်ရဲ့အချစ်က
ရက်စက်သွားတော့ မမုန်းခဲ့ပါဘူး
နင့်ကိုချစ်တာ ရင်မှာအတည်

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61852.16
ETH 2402.53
USDT 1.00
SBD 2.60