ကိုယ်သာအဓိက

in #myanmar5 years ago (edited)

အားလုံးပဲ မင်္ဂလာပါဗျာ

မင်္ဂလာပါလို့ ပြောဆိုနှုတ်ဆက်နေရုံနဲ့တော့ တကယ်မင်္ဂလာဖြစ်နိုင်မှာ မဟုတ်မှန်းသိသော်လည်း မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။ မင်္ဂလာတကယ်ရှိအောင်ကတော့ ကိုယ်တိုင်ကပဲ ကျင့်သုံးနေထိုင်ကြရမယ်ဆိုတာကို လူတိုင်းနားလည်ကြပါတယ်။ ဒီတော့ တကယ့်မင်္ဂလာရှိစေဖို့ ကိုယ်တိုင်ကျင့်သုံးကြပါစို့။ မင်္ဂလာပါ ဆိုတာနဲ့တင် ပို့စ်တစ်ခုဖြစ်တော့မှာပဲနော် 😀


g3lkhb.jpg


ကျွန်တော်တို့လူသားများဟာလေ ပတ်ဝန်းကျင်က ကဲ့ရဲ့ ပြစ်တင် ရှုံ့ချတဲ့ဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ ဒါဆိုရင် ပတ်ဝန်းကျင်က ချီးကျူး ‌မြှောက်ပင့်တဲ့ဒဏ်ကိုရော ခံနိုင်ရည်ရှိကြသလား ဆိုရင်လည်း ခံနိုင်ရည်မရှိတတ်ကြပါဘူး။ အများစုကိုပြောတာပါ။ ချီးကျူး ၇ ရက် ကဲ့ရဲ့ ၇ ရက်လို့ ဆိုသော်ငြားလည်း ခံနိုင်ဘူးဗျ 😁


e4ci0i.jpg


ပတ်ဝန်းကျင်က ကိုယ့်ကို ချီးကျူးတဲ့စကားကြားလိုက်ရရင် စဉ်းတောင် မစဉ်းစားတော့ပဲ ပီတိတွေဖြာပြီး ‌‌မြောက်ကြွ မြောက်ကြွနဲ့ တယ်ဟုတ်တဲ့ ငါ တယ်တော်တဲ့ ငါ ဆိုပြီး ကျေနပ်နေတတ်ကြသလိုပဲ ပတ်ဝန်းကျင်က ကဲ့ရဲ့ ပြစ်တင်ခံရပြီဆိုပြန်ရင်လည်း စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ချပြီး အတော်တုံးတဲ့ ငါ အတော်ညံ့တဲ့ ငါ အတော်ရှော်တဲ့ ငါ လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်သွားတတ်ကြပြန်ပါရောလား။

တကယ်တော့

လူတွေ‌ပြောတဲ့စကားတွေကို အမှန်အတိုင်း နားလည်ဖို့ မလွယ်ကူပါဘူး။


ဒီတော့ကာ ချီးကျူးသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ ကိုယ့်စိတ်က မယိမ်းယိုင်ပဲ ရှိနေတာက မင်္ဂလာတစ်ပါးဖြစ်စေနိုင်မယ်ထင်ပါတယ်။

အားလုံးပဲ မင်္ဂလာရှိအောင် ကျင့်ကြံနေထိုင်နိုင်ကြပါစေ။

@ansoe

MSC 012


Coin Marketplace

STEEM 0.21
TRX 0.20
JST 0.035
BTC 91855.57
ETH 3115.84
USDT 1.00
SBD 3.14