Introducing Myself

in #myanmar7 years ago (edited)

Hello all friend,
I start know steemit from my friend .He said steemit is very good coin and social media.I immendatly create steemit account and contact Myanmar Steemit Community.They help me all.So very thank,Myanmar Steemit Community.
May i introduce my self.My name is Ameme kyaw.I live in Myanmar,Yangon Devision, The small village of Thongwa township.Most of villagers are farmers and grow paddy and bean. Although our village exist in Thongwa Township, is not easy to go to town. It’s difficult communication and transportation in last many years. But it’s not so bad in communication and most of people can utilize mobile phones. Transportation is still bad. But I am happy in my village.
received_1935090736808495.jpeg,IMG_20170807_070400.jpg.

    There is a lake at the south of village. Near the lake, there is a hand-dug well too. We usually go and carry the water from the hand-dug well to use for our houses in every evening. I am happy with my friends to carry the water. Sometimes, we go and sit down on dam of the lake. We feel peacefully with breeze across the lake.

FB_IMG_1516432945204.jpg.
The lake is wide nearly one acre. We feel and see very nice view through the lake. Water from the lake, were used for the animals such as cows, buffaloes that most of farmers feed. The water is collected in the lake every rainy season. And also the water in the lake covers some agricultural farms.
received_1934280950222807.jpeg
There is also a monastery that worshiped by villagers. Almost people in whole village are Buddhist. Every full moon days, we usually go and pray to that monastery where exist at the end of east village. Most of villagers usually rest their work in those days. They donate and pray the whole day. Our family also is the same as villagers. Most of villagers are honest. They are good relation each other too.
I am very happy in my village living together my family and honest villagers. So although I have already get bachelor of science, I still live in my village. So I would like to apply my time living my village. In fact, I would like to build a service company regarding agriculture. That’s fit with my hobby. Our country should be completed agricultural roads or farm tracks are service roads that serve predominantly agricultural purposes. So we can change and be easy to go farm mechanization.
received_1934281083556127.jpeg

When I build an agricultural service company, really need money, man power, skill operators, technicians, staffs. I have to invest for those. I have to collect machineries such as farm tractors, combine harvesters, fertilizers, insect killer and so on…. So I can serve the farmers as one stop service, from growing to harvesting. So our village and area can develop in all sites.  

received_1934281243556111.jpeg
received_1934281243556111.jpeg
received_1934281413556094.jpeg

My village is known as Kamegyi and its existed Thonegwa township. At present, our area is still slow to develop. Any ways any hows, may I invite you to visit to our village to learn our culture, habit, religion, business and honest living villagers.

Sincerely,
Aye Me Me Kyaw
Dated; ………20 1 2018………….
မင်္ဂလာပါ သူငယ်ချင်းတို့ရေ
ကျွန်မ Steemit အကြောင်းကို ကျွန်မ သူငယ်ချင်း တစ်ယောက်ထံ မှ သိခွင့်ရခဲ့ပါတယ်။သူက Steemit ဟာ အရမ်းကောင်းတဲ့ coin နှင့် social media တစ်ခု ဖြစ်ကြောင်းပြောခဲ့ပါတယ်။ကျွန်မ ချက် ချင်းပဲ account ဖွင့်ခြဲ့ ပီ်းMyanmar Stemmit Community နဲ့ဆက်သွယ်ခဲ့ပါတယ်။သူတို့က အားလုံးကူညီပေးခဲ့ပါတယ်။ ကျွန်မကို ကူညီပေးခဲ့သော Myanmar Steemit Communityကိုလည်း ကျေးဇူး တင်ပါတယ်ရှင့်။
ကွန်မကိုယ်ကွန်မမိတ်ဆက်ပေးပါရစေရှင်။
ကျွန်မနာမည်အေမီမီကျော်လို့ခေါ်ပါတယ်ရှင်။ရန်ကုန်တိုင်းသုံးခွမြို့နယ်ရဲ့ရွာငယ်လေးတစ်ရွာမှာနေပါတယ်ရှင့်။ကျမတို့ရွာ ရွာသူရွာသားအများစုကတော့ တောင်သူလယ်သမားတွေဖြစ်ကြပြီး စပါးတွေ ပဲတွေစိုက်ကြပါတယ်။ ကျမတို့ရွာဟာ သုံးခွမြို့နယ်အတွင်းတည်ရှိနေတာမှန်ပေမဲ့ မြို့ပေါ်ကို သွားဖို့မလွယ်ကူလှပါဘူး။ ပြီးခဲ့တဲ့နှစ်တော်တော်များများမှာ ဆက်သွယ်ရေး လမ်းပမ်းတွေ ခက်ခဲခဲ့တာ
ပေါ့။ ဒါပေမဲ့ အခုတော့ ဆက်သွယ်ရေးကဏ္ဌက သိပ်မဆိုးတော့ပါဘူး လူတိုင်း ဖုံးတွေကိုင်နိုင် ကြပြီလေ။ မြို့ နဲ့ရွာ လမ်းပမ်းကတော့ ဆိုးနေဆဲပါဘဲ။ ဒါပေမဲ့ ကျမ ရွာမှာ ပျော်ပါတယ်ရှင်။
ကျမတို့ရွာရဲ့တောင်ပိုင်းမှာ ကန်ကြီးတကန်ရှိပြီး၊ ကန်ကြီးနဲ့မလှမ်းမကမ်းမှာတော့ လက်တူးရေတွင်းလေး တစ်တွင်းရှိတာပေါ့။ ညနေတိုင်း ညနေတိုင်း အဲဒီလက်တူးတွင်းက ရေကို အိမ် သုံးဖို့ခပ်ကြရလေ့ ရှိတယ်လေ။ ကျမလေ ကျမသူငယ်ချင်းတွေနဲ့ ညနေရေခပ်ဆင်းရတာ ပျော်တယ်ရှင့်။ တခါတလေ ကန်ဘောင်ပေါ်သွားထိုင်ကြရင်း ကန်ရေပြင်ကို ဖြတ်လာတဲ့ လေပြည်နဲ့အတူ ငြိမ်းချမ်းမှုတွေကို ခံစားရတယ်ရှင်။
ကန်ကြီးက တဧကနီးနီး ကျယ်တယ်ရှင့်၊ ကန်ကြီးကိုဖြတ်ကျော်ကြည့်ရင်း အလွန် သာယာလှတဲ့ရှုခင်း ကောင်း တွေ ကိုလည်း ခံစားကြတယ်လေ။ ကန်ထဲကရေကတော့ လယ်သမားအများစု မွေးမြူထားတဲ့ ကျွဲ နွား အစရှိတဲ့ တိရိစ္ဆာန်တွေ အတွက်ပေါ့။ နှစ်စဉ် မိုးရာသီတိုင်း ဟာ ဒီကန်ကြီးထဲ မိုးရေတွေစုဆောင်း သိုလှောင်စေတာပေါ့။ ဒါ့အပြင် ဒီရေတွေဟာ လယ်မြေအချို့အတွက် စိုက်ပျိုးရေးကိုအထောက်အကူ ပြုပါတယ်။
ရွာသူရွာသားတွေ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်း လဲရှိသေးတယ်ရှင့်။ တရွာလုံးမှာရှိတဲ့ လူအားလုံးနီးပါးကတော့ ဗုဒ္ဓဘာသာဝင်တွေပါ။ လပြည့်နေ့တွေဆို ရွာရဲ့အရှေ့ဖျား မှာတည်ရှိတဲ့ အဲဒီ ဘုန်းကြီးကျောင်းကို သွားကန်တော့ကြတာပေါ့။ အဲ့လိုနေ့တွေမှာဆို ရွာသူရွာသား အများစုဟာ သူတို့ရဲ့အလုပ်တွေကို နားကြလေ့ရှိတယ်။ တနေ့လုံး လှူတန်း ဆုတောင်း ကောင်းမှု တွေလုပ်ကြတာ ကျမတို့ မိသားစုလည်း အပါအဝင်ပေါ့ရှင်။ ရွာသူရွာသားအများစုဟာ ရိုးသားကြသလို
တစ်ယောက်အပေါ်တစ်ယောက် အပြန်အလှန် အလေးထားတဲ့ဆက်ဆံရေးလည်း ရှိကြပါတယ်။
အဲ့ဒီလို ရိုးသားပွင့်လင်းတဲ့ ရွာသူရွာသားတွေရယ်၊ ကျမမိသားစုရယ် ကျမဒီရွာမှာ ရှင်သန်နေထိုင် ရတာ အရမ်းပျော်ပါတယ်ရှင်။ ဒါကြောင့်မို့လဲ သိပ္ပံဘွဲ့တစ်ခု ရရှိခဲ့ပြီးဖြစ်သော်လည်း ရွာက မခွဲနိုင်ဖြစ်နေရတာ။ ကျမရွာမှာဘဲနေထိုင်ရင်း အချိန်တွေကို အသုံးချချင်နေမိတာ။ အမှန်တော့ ကျမ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုကို ထူထောင်လုပ်ကိုင်ချင်တာပါ။ ကျမရဲ့ ဝါသနာနဲ့လည်း ကိုက်ညီတယ်လေ။ ကျမတို့နိုင်ငံဟာ စိုက်ပျိုးရေးအတွက် အဓိက ရည်ရွယ်တဲ့ ကုန်ထုတ်လမ်းတွေ နဲ့လည်း ပြည့်စုံနေသင့်ပါပြီ။ ဒါမှသာ ကျမတို့တိုင်းပြည်အနေနဲ့ စက်မှုလယ်ယာ စနစ် ကိုပြောင်းလဲဖေါ်ဆောင်ဖို့ လွယ်ကူမှာမဟုတ်ပါလားရှင်။
ကျမ စိုက်ပျိုးရေး ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု ထူထောင်ဖြစ်တဲ့အခါ ငွေ၊ လူ၊ ကျွမ်းကျင် ပညာရှင်တွေ၊ ကျွမ်းကျင်စက်မောင်းတွေ၊ ရုံးအဖွဲ့ဝန်ထမ်းတွေ လိုလာမှာအမှန်လေ။ ဒါတွေအတွက် ကျမ ရင်းနှီးမြှပ်နှံ ရမယ်မဟုတ်ပါလားလေ။ စက်ယန္တရားတွေလဲစုဆောင်း ရမယ်ရှင့်။ ရိတ်သိမ်း ခြွေလှေ့စက်တွေ၊ လယ်ထွန်စက်တွေ မြေသြဇာ ပိုးသတ်ဆေး အစုံပေါ့ရှင်။ ကျမက စိုက်ပျိုးသည့်အချိန်က စလို့ ရိတ်သိမ်းသည်အထိ၊ တောင်သူတွေကို အစအဆုံး ဝန်ဆောင်မှုပေးချင်တာကိုးရှင့်။ ဒါမှလဲ ကျမတို့ ရွာကလေးနဲ့ ပတ်ဝန်းကျင်ဟာ အဖက်ဖက်က တိုးတက်လာမှာ မဟုတ်ပါလားရှင်။
ကျမရွာလေး ကတော့သုံးခွမြို့နယ်မှာတည်ရှိပြီး ကမဲကြီးရွာလို့ လူသိများတာပေါ့ရှင်။ လောလောဆယ်မှာတော့ ကျမတို့ဒေသဟာ အဖက်ဖက်က ဖွံ့ဖြိုးမှု နှေးကွေးနေဆဲပါရှင်။ ဘယ်လိုအခြေအနေဘဲ ဖြစ်ဖြစ်ပါလေ ရိုးသားစွာနေထိုင်ရှင်သန်နေတဲ့ ကျေးလက်နေသူတွေ အကြောင်း၊ ယဉ်ကျေးမှု ဓလေ့ရိုးရာ၊ ဘာသာတရားကိုင်းရှိုင်း ကြည်ညိုတတ်ကြပုံ၊ သူတို့ရှင်သန်နေ ထိုင်တဲ့ စီးပွားအလုပ်အကိုင်၊ စတာတွေလေ့လာဖို့ အလည်လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေရှင်။

ရိုးသားစွာဖြင့်
အေမီမီကျော်
ရက်စွဲ။ ဇန္နဝါရီ ၂၀ ၊ ၂၀၁၈။![!
some photo credic=by internet.

Sort:  

Congratulations @amemekyaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

ကြိုဆိုပါတယ်ခင်ဗျာ
Engလိုပါရေးနိုင်တာ တော်ပါပေတယ်ဗျာ

ကျေးဇူးပါသယ်ရင်း။တက်သလောက်မှတ်သလောက်အကုန်ပဲခ်။

ဆကြိုးစားပါ အားပေးနေပါတယ်ဗျာ Eလိုကောင်းကောင်းရေနိုင်တော့ လေးစားပါတယ်ဗျာ

တက်သလောက်မှတ်သလောက်ပါbroရ။ကျေးဇူးတင်ပါတယ်ရှင့်။

Congratulations @amemekyaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes
Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အားပေးနေပါတယ်

ကျေးဇူးfri.

အောင်မြင်ပါစေ

ကျေးဇူးbro.

fri ရဲ့အ​ရေးသားနဲ့အ​တွေးအမြင်​​လေးကို​လေးစားမိပါတယ်​ဗျာ

ကျေးဇူးရှင့်။

စတီးမစ်နယ်ပယ်ထဲ ဝင်လာတာကို ကြိုဆိုပါတယ် လိုအပ်တဲ့ အကူအညီရှိရင် ပြောပါ တတ်နိုင်သမျှ ကူညီပါ့မယ်

ကျေးဇူးပါbro.ကူညီပေးပါဦးနေည်။

အကူအညီလိုတာရှိရင် ဒီထဲကို စာပို့ထားပါ တတ်နိုင်သမျှ ကူညီပေးပါ့မယ် လောလောဆယ်တော့ introduce ရေးတာ ကောင်းလို့ steemgigs မှာ တင်ပေးထားပါတယ် https://m.facebook.com/saw.lwin.186?ref=bookmarks

ကျေးဇူးတင်ပါတယ်ရှင့်အကို။ကူညီပေးပါဦးရှင့်။

ဟုတ်ကဲ့ လိုအပ်တာရှိရင် cb ကနေ ပြောပါ စာတွေလည်း ဆက်ရေးပါနော်

ပထမက မဖက်တော့ဘူး voteပေးပြီး လှည့်ပြန်တော့မလို့ဗျ အောက်ကိုဆွဲချမှ မြန်မာစာတွေ့လို့ အဆင်ပြေသွားတယ် ကိုယ်မှEလိုမတတ်တာ😁 အခုလို နှစ်ဘာသာနဲ့ရေးနိုင်တာကို လေးစားပါတယ် အောင်မြင်ပါစေ ညီမရေ

ကျေးဇူးပါရှင့်

Coin Marketplace

STEEM 0.25
TRX 0.25
JST 0.040
BTC 94487.77
ETH 3419.70
USDT 1.00
SBD 3.51