အကြွေး သို့မဟုတ် ကျေးဇူး

in #myanmar7 years ago

ဒီစကားလေးနှစ်ခွန်းက ဆင်တူရိုးမှားလေးလို့ ကျွန်တော်မြင်တယ်။ ကျွန်တော့မိခင်ဘာသာကတော့ ဗမာစကားမဟုတ်ပါဘူး။ ဒီတော့ ဒီအတွေးကိုလည်း ဒီ ဗမာ စကားလုံးကနေ တိုက်ရိုက်ရတာ မဟုတ်ပါဘူး။ ကျွန်တော် မိခင်ဘာသာ စကားလို တွေးမိပီး အကြောင်းတိုက်ဆိုင်တာနဲ့ မြန်မာလိုပါတွေးပီး အခုလို ပိုစ့်တင်ရခြင်းပါပဲ။

အကြွေးနဲ့ ကျေးဇူး ဒီစကားရပ်နှစ်ခုဟာ အဓိပ္ပါယ်တူပါသလား။

အကြွေးဆိုတာ သူတစ်ပါးဆီက ယူထားတဲ့ အရာတစ်ခုကိုလိုတာပါ။ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေပေါ့။ တစ်ယောက်ယောက်က ကိုယ့်ကို တစ်ခုခုပေးထားရင် သူ့ပေါမှာ ကိုယ်အကြွးတင်သွားပြီ။
ပိုက်ဆံပေးရင် သူ့ပေါ် ကိုယ်အကြွေးတင်တယ်။
ကောင်းတာတစ်ခုခုလုပ်ပေးရင်လည်း ကောင်းမှု အကြွေးတင်တယ် ....
အတရာယ် တစ်ခုခု ပေးခဲ့ရင်လည် ရန်ကြွေးဆိုတာတင်ပြန်ရော ...

ဆိုတော့ကာ အရာဝတ္ထုပဲဖြစ်ဖြစ် ငွေပဲဖြစ်ဖြစ် နာကြည်းစရာပဲဖြစ်ဖြစ် ကိုယ်က သူများဆီက ယူထားရင် အကြွေးပဲ။ ( ဒါကတော့ အကြွေးသဘောတရား)

ကျေးဇူးကျတော့ရော .... သူက ထမင်းကြွေးဖူးရင် သူ့ပေါ် ကျေးဇူးတင်ရမယ်
ကိစ္စတစ်ခု ကူညီဖူးရင် သူ့ပေါ် ကျေးဇူးတင်ရတော့မယ်
ကောင်းမှု တစ်ခု ပြုဖူးရင်လည်း ကျေးဇူးတင်ရတာပဲ ...

ဒီတော့ အကြွေးနဲ့ ကျေးဇူးက သဘောတရားခြင်း တူဒီကြတယ် ....

အဲဒီမှာ ဘာကွာသွားလည်း ...

ယူထားတယ် ပေးစရာရှိတယ် အတူတူပါပဲ ...

ယူထားတဲ့ ပိုက်ဆံကြွေးကို ပြန်မေပေးရင် ဒီလူဟာ ကတိမတည်ဘူး ... လောကရဲ့ စည်းမျဉ်းတွေနဲ့ အပစ်ပေးခံရမယ် ... (ဥပမာ မြေယာသိမ်း ၊ ထောင်ချ လူသိမ်း )
စံစားထားတဲ့ ကျေးဇူးတွေကို ပြန်မဆပ်ရင် လောကီလောကုတ္တရာ နစ်မျိုးလုံး ဒဏ်ပေးမယ် ... လောကီမှာ လူတွေ ကဲ့ရဲ့မယ် လောကုတ္တရာမှာ အပါယ်လားမည် ... နောင်ဘဝ ဆိုတာ ရှိခဲ့ရင် ပိုဆင်းရဲမယ် ... (ဥပမာ ကျေးဇူးကန်သူလို့ သမုတ်မယ် ( အထူးသဖြင့် မိဘ၊ မြေမြိုတာတို့ ။ လူ့ဘောင်မှာ အပါယ်ခံရတာတို့ ပေါ့။ )

ဒီတော့ အကြွေးရော ကျေးဇူးရော နှစ်ခုလုံးက ဆပ်သင့်တာတွေချည်းပဲ။ ကျေးဇူးက ပိုဆပ်သင့်တာပေါ့ ... ဘာလို့ဆို လောကီလောကုတ္တရာ နှစ်ထွေလုံး ခံရမှာမို့လို့ပါ။ ....

ဒီလို တွေးမိမှ ကျွန်တော်ဟာ ကျွန်တောယူထားသမျှ အကြွေးတွေ ကျေးဇူးတွေကို စာရင်းလုပ်ကြည့်တယ် ...
အင်မတန်မှကို များပါတယ် ....
ဘယ်လိုလုပ်မလဲ ... ဆပ်လို့ ကုန်နိုင်ပါ့မလား ....

ကျွန်တော့ အရှက်ကို ဖုန်းဖို့ အဝတ်ကို တီထွင်ပေးတဲ့သူပေါ် ကျေးဇူးရှိခဲပတယ် ..
ပညာတတ်ဖို့ စကားတွေ စာတွေ တီထွင် ဖန်တီး ပြန့်ပွားအောင် လုပ်ခဲ့သူတွေပေါ် ကျေးဇူးရှိနေပြီ ...

Steemit ပေါ်က အငှား ပါဝါကို ပြန်အပ်ပီး ကိုယ်ပိုင်ပါဝါ ရှိနိုင်လောက်အောင် ပရှိ နှစ်ခါပေးခဲ့တယ် MSC ပေါ်လည်း အကြွေး လား ကျေးဇူးလား မသဲကွဲတဲ့အရာ တင်နေပြီ ....
မိသားစုလို ကူညီခဲ့ကြတဲ့ HSF မှာလည်း ကိုယ်ဆပ်စရာ အကြွေးတွေ ကျေးဇူးတွေ ....

ကျွန်တော် အကြွေးဆပ်ရဦးမှာပါတကား .....

တွေးမိတွေးရာ .... အတွေးစာစု ( အတွေးခန်း အပိုင်းဆက် ဆက်တင်ပါဦးမယ် .... )

အားလုံးကို လေးစားလျက် ...

ရေးသားသူ ။ @aikkhorn
ကိုယ်ပိုင်နံပါတ်လေးထည့်ဖို့ ကိုယ်တိုင် တန်ရဲ့လား စဉ်းစားရဦးမယ် )

Sort:  

မှတ်သားစရာကောင်းပါတယ် အစ်ကို

အင်း ဘာပြောပေးရမှန်းတောင်မသိတော့ပါဘူး ညီရေ

Coin Marketplace

STEEM 0.19
TRX 0.24
JST 0.037
BTC 100304.87
ETH 3121.48
SBD 3.72