ကျနော်က စာအုပ် သူ(မ)က ရေးခြစ်သူ ၃

in #myanmar7 years ago

အပိုင်း ၁ဖတ်​ရန်​ link
https://steemit.com/myanmar/@ahtaroo/ky-n-eta-ksaaup-thumk-eyayakhs-thu
အပိုင်း ၂ဖတ်​ရန်​ link
https://steemit.com/myanmar/@ahtaroo/undefinednak-saaup-thu-m-k-eyayakhsthu-2-846b17f6516e5

ဆံပင်ရှည်ရှည်လေးများ ပါးပေါ်ဖုံးလွှမ်းကာ အိပ်စက်နေသော . . . ''မောင်''. . .အိပ်နေရင်းနဲ့ပင် ပြုံးကာနေ၏။ တစ်ချက်တစ်ချက် နှုတ်ခမ်းလေးများ တွန့်သွားသည်။ မျက်လုံးများကလည်း မှိတ်ထားရက်ကနေပင် ရွေ့လျားနေ၏။ မောင့်ဘေးနား ဝမ်းလျားလေးမှောက် မေးလေးထောက် မျက်နာလေးကို ကြည့်နေလိုက်ရင်း အရင်က မောင်ပြောဖူးတာလေး ပြန်စဉ်းစားနေမိ၏။ချစ်သူဘဝက ဟိုးရန်ကုန်ဆိုတဲ့ မြို့တော်ကြီးထဲက ရှားတားပါးတား လွတ်လပ်တိတ်ဆိတ်တဲ့ နေရာလေးတစ်ခုမှာ မောင့်ရင်ခွင်ထဲမှီထားချိန်. . . . .

''မိုလ်. . . Dream Practice. . .သိလား''

''ဟွန့်အွန်း မိုလ် သိဖူး အာ့ဘာကြီးလဲ''

''အွန့်. . .ဒီလိုလေ ကိုယ်အိပ်မက်မက်ချင်သလို မက်အောင် ကျင့်ယူတာကိုပြောတာ''

''ဘယ်လို ဘယ်လို အဲ့လိုလုပ်လို့ရတယ်လား မောင့်''

''အွန်း ရတယ်. . . ကျင့်ယူရင်ရတယ်''

''ဟုတ်''

''အခု မောင် ကျင့်နေတယ် . . . .သေချာတော့ မရသေးဖူး. . သိလား''

''ဘာလုပ်ဖို့တုန်း မောင်ရဲ့''

''အိပ်မက်တိုင်း မိုလ်ပါအောင်လို့. . .ပြီးတော့. . . .ဂစ်တာတီးတာလဲကျင့်ချင်လို့''

''ဘာကြီး ဘယ်လို ဘာရယ်''

'' ဟားဟား. . . ခေါင်းမကုတ်နဲ့ ဒီလို ဟိုတစ်ရက်က Guitar notes တွေ Onlineမှာရှာရင်းလေ Dream Practice ဆိုတာ တွေ့လို့ ဝင်ဖတ်ကြည့်မိတာ ''

''ဟုတ်''

''အွန့် သူရေးထားတာက ဂစ်တာကို အိပ်မက်ထဲလည်း အတီးကျင့်လို့ရတယ်တဲ့ အာ့နဲ့ စိတ်ဝင်စားလို့ လျှောက်ရှာဖတ်ကြည့်တာ တခြားကိုယ်မက်ချင်တာလဲ မက်အောင်လုပ်လို့ရတယ်တဲ့''

''အာ့နဲ့''

''အာ့တော့ မောင်က ဂစ်တာတီးနေချိန် မိုလ်က ဘေးနားကထိုင်ကြည့် အိပ်မက်ထဲမှာ''

''မောင်ရယ် . . . . .''

''အယ် မျက်နာလေးက ဘာဖြစ်''

''မိုလ် တစ်ကယ်ကို တစ်ချိန်လုံး မောင့်အနားပဲနေချင်တာပါ မေမေတို့ လစ်ချိန်လေးပဲ မိုလ်လာလို့ရလို့ပါ''

''အွန်းပါ မောင်သိပါတယ် . . . အာ့မို့. . . .အခု အိပ်မက်ထဲ မိုလ်အမြဲပါအောင် . .ကျင့်မှာ''

''အွန့်''

''နိုးနေချိန်ကျ မိုလ်နဲ့မတွေ့ရသေးရင်. သတိရရင် လွမ်းရင် စိတ်အစွမ်းနဲ့ ပါးစပ်ကနေ ပြောချင်တဲ့စကားတွေတိုးတိုးလေးပြောနေမှာ. . .အိပ်နေချိန်ကျ . . .နှလုံးသားရဲ့အစွမ်းနဲ့ အိပ်မက်ထဲမှာ တူတူရှိနေမှာ. .သိလား''

''အိပ်မက်ထဲတွေ့မယ်နော်''ဆိုတာ စုံတွဲတိုင်းလိုလိုပြောနေကျဖြစ်မယ်ထင်ပါတယ်။ တကယ်လက်တွေ့ကျင့်ယူပီး တကယ်ဖြစ်အောင် လုပ်သူက ရှိတော့ရှိမယ်ရှားတယ် ဆိုတာလေးပေါ့နော်။ ကျမရဲ့ ရှားပါးကောင်လေးကတော့ တကယ်ကိုလက်တွေ့ပြခဲ့သည် ဘယ်လိုလဲဆိုတော့. . . .။ထိုသို့ Dream Practice အကြောင်းပြောပီး တစ်လခန့်အချိန် မောင်နဲ့ ညဖက် Online မှာ စကားပြောနေရင်းနဲ့

''မိုလ် ဘယ်သီချင်းနားထောင်ချင်လဲ မနက်ဖြန်တီးပြမယ်''

''အယ် မနက်အစောကြီး တွေ့မှာလေ အခုပဲ အိပ်တော့မယ် မောင်က အခုကျင့်မလို့လား''

''ပြောပါ မနက်ကျ ရစေရမယ်''

သိလိုက်ပီ မောင်အောင်မြင်ပီဆိုတာ။ ကျမကြိုက်သည့်သီချင်းဆို မောင် အမြဲ အတီးကျင့်ပီးဆိုပြနေကြလေ။ အဲ့ဒါနဲ့

''ဟုတ် 3 Doors Downရဲ့ Here without you နားထောင်ချင်တယ်မောင်''

နောက်နေ့ မနက်တွေ့သည့်အချိန် မောင်တီးပြသည့် သီချင်းလေးကို နားထောင်ရင်း မောင့်အိပ်မက်ထဲ ကျမသွားလာခွင့် လက်မှတ်လေးကိုပါ ရရှိခဲ့လေသည်။
ထိုအချိန်ကစ မောင့်အိပ်မက်တိုင်း၌ ကျမ မင်းသမီးဖြစ်ခဲ့လေသည်။ ယခုလဲ ကိုယ်တော်ချော အိပ်ရင်း ဘာတွေမက်နေသည်မသိ။ ပြုံးသွားလိုက် တည်သွားလိုက်။မျက်လုံးလေးက ဟိုဖက်ရွေ့လိုက် ဒီဖက်ရွေ့လိုက်။မောင့်ကို ကြည့်ရင်း ကျမ အသည်းယာလာ၏။ ဆံပင်ပျော့ပျော့ လေးတွေကို ဆွဲဖယ်လိုက်ရင်း မောင့်နားရွက်လေးကို ကိုက်လိုက်မိသည်။ ''အိ'' ကနဲ အသံလေးဖြင့် မောင်နိုးလာကာ ကျမကို စူပုပ်ပုပ်လေး ကြည့်နေလေတော့သည်. . . . . . .။

''ဟားဟားဟား. . . . .အိပ်ပုတ်ကြီး နိုးသွားပီ''

''ပျော်တယ်ပေါ့လေ. . . . . စုတ်ပလုတ်တုတ်. . . .

''ခုနက ဘာမက်နေတယ် ထင်သတုန်း''

''ဟွန့်အွန်း ပြောပြ''

''ပြင်ဦးလွင် ပန်းပွဲတော် ရောက်နေတာ သိလား''

''အဟေးဟေးး. . . .မိုလ်ပြောထားတာ မောင်စိတ်စွဲသွားတာလား''

''အွန်းပေါ့ . . . . .အိပ်မက်ထဲ ပန်းခင်းကြီးပေါ် မိုလ်နဲ့တူတူအိပ်နေတာ . . .မိုလ်က တစ်ခေါင်းလုံး ပန်းလေးတွေပန်ထားတယ် ပီးတော့ မောင်တို့တူတူအိပ်နေချိန် ကောင်းကင်ကနေ ဆူးခက်လက်လက်လေးတွေနဲ့ ပန်းပွင့်နီနီရဲရဲကြီးက မိုလ့်ဗိုက်ပေါ်ကို ကောင်းကင်ကနေကျလာတယ်တဲ့''

''အာ့ မောင့်လုပ်တာလား''

''မဟုတ်ဖူး သွသူ အိပ်မက်ထဲဖြစ်လာတာ ဘယ်လိုထင်လဲ''

မျက်ခုံးလေးတစ်ဖက်မြှင့်၊မျက်လုံးလေးထောင့်ကပ်၊ လက်ညိုးလေးဖြင့်ပါးကို ထောက်ကာ စဉ်းစားဟန်ပြုရင်း

''မောင့် မိုလ့်မှာ ကိုယ်ဝန်ရမဲ့နိမိတ်လားပဲနော့ မောင့်အိပ်မက်တွေက ကြိုတင်နိမိတ်မက်တတ်တယ်လေ အာ့ပဲနေမယ်. . . ဟီးးးးး . . . .တကယ်ရပါစေ''

''ဟုတ်တယ် မောင်လဲအဲ့လိုပဲထင်တယ် မိုလ် ဘာမှမတားထားတော့ဖူးမလား''

''အွန့် မင်္ဂလာဆောင်ပီးတည်းက ဘာမှ မလုပ်ထားတော့ဖူး''

''သတိထားကြည့်နော့ မိုလ်''

''ဟုတ် ရလာရင် ဘာလေးဖြစ်မယ်ထင်လဲ မောင်''

''မောင်ထင်တာ. . . ''

လက်ညိုးလေးတစ်ချောင်းက ကျနော့်ပါးစပ်ကို ပြေးကပ်လာ၏။

''Stop. . . . ပြိုင်တူပြောမယ်''

''Ok''

''1''

''2''

''3''

''မီးမီးလေး''

''သားသားလေး''

''အယ် သားသားလေးပါ''

''မီးမီးလေးပါ မိုလ်ရဲ့''

''မဟုတ်ဖူး သားသားလေး''

''ပန်းပွင့်လေ မိုလ်ရဲ့ မီးမီးလေးဖြစ်မှာ''

''မဟုတ်ဖူး ဆူးခက်လေး မောင်နဲ့တူတဲ့ သားသားလေး
မိုလ့်ကို ကာကွယ်အားဖြစ်စေမဲ့ သားသားလေး''

''မိုလ်နဲ့တူတဲ့ အရမ်းလှပီး ချစ်ဖို့ကောင်းတဲ့ မီးမီးလေးရော မဖြစ်နိုင်ဖူးလား''

''သားသားပါဆို ဟွန့်''

''အွန်းပါ ဘာလေးပဲဖြစ်ဖြစ်ပါ ချစ်မှာပါ

အိပ်မက်ထဲက အိပ်မက်လေးက မည်သည့်အရာကိုဆောင်ကြည်းပေးဖို့ နိမိတ်ဖြစ်သည် မသိသေးသော်လည်း ကျနော့်တို့နှစ်ယောက်အတွက်တော့ ကြိုတင်စိတ်ကူးလေးများဖြင့် ကြည်နူးသက်ဝင်နေလေပြီ။ အိမ်၌ဆည်းလည်လေးတွေ ထပ်တိုးလာဖို့ နိမိတ်ဖြစ်ပါစေသား။ထိုသို့ ဆုတောင်းလေးဖြင့်ငြိမ်သက်စွာမိုလ့်ကို ဖက်ထားချိန် အိပ်ယာဘေးချထားသော ဖုန်းလေးက ထမြည်လေ၏။ မိုလ့်ဖုန်းဆီက မြည်နေတာလေ

''မောင် ခဏ''

''အွန့် ကိုင်လေ''

မိုလ်ဖုန်းscreenကို ကြည့်လိုက်ရင်း

''အယ် မားစုတော့ ဘာလဲမသိ''

''ဟဲလို မမ''

''ဟုတ်''

''ဟုတ်''

''မနက်ဖြန် တကယ် ဟေးးးးးးးးးး''

''ဟုတ် မမ''

''အာာာ လာကြိုမှာပေါ့ မရပါဖူး''

''မရဖူးနော် လာကြိုမှာ မမရောက်ခါနီးရင် ဖုန်းခေါ်လိုက်ပါ''

''ဟုတ် ဟုတ်''

''ဒါပဲနော် မမ''

ဖုန်းပြောလို့ပီးသွားတော့

''မောင်ရေ မားစုလာမယ်တဲ့ ဒီညကားနဲ့ထွက်လာပီတဲ့ ဟေးးးးးး''

''ဟုတ်လား မိုလ် ဒီအပျိုကြီး အခုမှဘာစိတ်ကူးပေါက်တယ်မသိ. . .အလည်လာဖို့ခေါ်နေတာကြာလှပီကို''

''ဟီးး ထထ မောင် အခန်းသွားရှင်းမယ် လာ လာ''

သူ(မ)၏ အချစ်ဆုံးမမ လာမည်ဆိုတော့ ကလေးပေါက်စနလေးလို ခုန်ပေါက်ကာ ထထွက်သွားလေသည်။ မားစုဆိုတာ ကျနော်တို့နှစ်ယောက် အတွက် ဒုတိယ မိခင်သဖွယ် ချစ်ရသော အမတျောက်လေ။ သွေးမတော်သားမစပ်ပေမဲ့ တကယ့်သွေးသားအရင်းလို မိုလ့်ကိုချစ်သည်။ ယခု မမလာမည်ဆိုတော့ ဆွေမျိုးအရင်းလာသည်ထက်ကို မိုလ်ပိုပျော်နေလေသည်။ ''အွန်း မိုလ့်ကို ပန်းပွဲတော်လိုက်ပို့ရင် မမကိုပါအလည်ခေါ်သွားရမယ်''ဟု တွေးနေမိတုန်း

''မောင်ရေ လာလေကွာ''

ချက်ချင်းထမလာရင် ကောက်တော်မူမည့်လေသံမို့
ကျနော့် မိဖုရားလေး အခန်းရှင်းနေသည်ကို ကူဖို့ရန်အတွက် အိပ်ခန်းမှသည် တစ်ဖက်ခန်းဆီသို့. . . . . . .

အပိုင်း၎​မျော်

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

Sort:  

စာရေးဆရာ အရှုံးပေးရပြီဗျိုး
ရေးသားမှုအရမ်းကောင်းပဲ

အပိုင်း၎ကို.မျှော်နေပါပြီ......စောင့်မျှော်လျှက်...👍👍👍👏👏👏

ကြိုးစားပါမယ်​ဗျ

တအား မနုပြပါနဲ့လား ဗျာ ...
ဖတ်ရတာ အသည်းယားလို့ပါ

တစ်​ချို့အခန်း​တွေ ဆင်​ဆာဖြတ်​ထာ​သေးတယ်

ဖတ်​ရင်းနဲ့ စိတ်​ကူးထဲ​မျောသွားတယ်
ကိုယ့်​​ဘေးနား ​ကောင်​မ​လေး​ရောက်​လာသလိုခံစားရတယ်​ဗျ
အပိုင်း၎​မျော်

ဝင်​ဖတ်​​ပေးလို့​ကျေးဇူးပါ

You got a 0.52% upvote from @upme requested by: @ahtaroo.
Send at least 2.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

ဘယ်​တုန်းကရင်း​ရေးထားတာလည်း

အာကနည်းနည်းချင်းစီအရင်​ကအ​ကြောင်း​တွေပြန်​စဉ်းစား​ရေးရတာ

မူရင်​​ရေးသားသူ ကိုစူးရှကို credit ​ပေးပါတယ်
https://m.facebook.com/story.php?story_fbid=214281405813125&id=100016938006762

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62007.73
ETH 2389.39
USDT 1.00
SBD 2.49