ရီဗော်လူးရှင်း

in #myanglish6 years ago

သူရင်းငှါးတွေ ရှားပါးလာတော့
သာအေးက i phone ခါးထိုးပြီး
သူ့ဘာသာ လယ်ထွန်တယ်။
အိမ်က သူ့အမေကို မှာခဲ့တာက
"အမ ဆိုလာပြားကို နေပူတဲ့နေရာကနေ တခြားကို မရွှေ့ နဲ့နော်" တဲ့။
အရီးလေးပေးတဲ့အကြံကတော့ လယ်ရောင်းပြီး
ထိုင်းကိုသွားဖို့ ပါပဲ၊
သာအေး ကျောင်းပြီးလို့ ရွာပြန်လာတော့
ရွာထဲက အိမ်အများစုက
ဖလက်တီဗွီတွေ တပ်ဆင်ပြီးသွားပြီ။
သူ့ကိုယ်သူ သူဌေးသား ထင်နေတဲ့သာအေး
နည်းနည်းရှက်သွားတယ်။
မက်ဆင်ဂျာကို တစ်ရွာလုံး
သူတစ်ယောက်ပဲ သုံးတတ်အုံးမယ်လို့ ထင်ထားချိန်
ဒွေးလေးအေးစိန်က
ထိုင်းက သူ့သမီးနဲ့ ဗွီဒီယိုကော ပြောနေပြီ။
ရွာကို တာဝန်ကျတဲ့ မူလတန်းပြဆရာလေးက
နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေဂျင့်၊
ရွာဦးဆရာတော်က လိုင်စင်မပါတဲ့ကားတစ်စီးပေါ်မှာ မိန့်မိန့်ကြီးထိုင်ပြီး၊
သူ့ကျောင်းအမည်ကို ဖောင့်ဆိုဒ်အကြီးကြီးနဲ့ ကားရှေ့မှန်မှာ စတစ်ကာနဲ့ ကပ်ထားပြီးပြီ။
စက်ဘီးပြင်တဲ့ ခွေးပုက
ဆရာတော့်ကားမှာ ဒရိုင်ဘာလုပ်တယ်။
သာအေးရဲ့  လယ်တွေ ယာတွေက အရင်လိုအထွက်နှုန်းမကောင်းတော့ဘူး။
ရွာထဲကို ပေးထားတဲ့ ငွေတိုးလေးတွေလိုက်တောင်းဖို့ သူ့ အမေကိုအကြံပေးတော့ - -
"အားလုံး ပြန်ရပြီးပါပြီ သာအေးရယ်၊ အမေငွေလိုလို့တောင် သူတို့ဆီက နည်းနည်းပြန်ဆွဲထားရသေးတယ်" တဲ့။
ရွာထဲမယ်
သူ့သူငယ်ချင်းတွေ တစ်ယောက်မှ မတွေ့ ရတော့ဘူး။
ပေါင်းထိုးခေါင်းက အရက်ဆိုင်ဖွင့်လိုက်ပြီ။
ပေါင်းထိုးသမလေးတွေက မလေးရှား၊
သူရင်းငှါးတွေက ထိုင်း၊
သာအေး မျက်လုံးတွေ မှိုင်းညို့လာချိန်
အနောက်တောင်အရပ်ဆီကလဲ မှိုင်းညို့လာတယ်။
လယ်ထဲကအပြန် လွယ်အိတ်ကလေးဘေးချပြီး
ပေါင်းထိုးခေါင်းရဲ့ အိမ်ဘက်
သာအေး တရွေ့ ရွေ့ ထွက်သွားခဲ့လေပြီ။ ။

မင်းဘုန်းမောင်

( ကိုယ့်အကိုကြီး အောင်လံသား ရေဆင်းက စီနီယာ ဘိုးတော် ကဗျာဆရာ မျိုး မင်းအောင် မင်းဘုန်းမောင် ရဲ့ လက်ရာလေး သဘောကျလို့ )

Sort:  

ကိုသာအေးရေ သွားပေးတော့ ကံမကုန် ပြန်ကြမယ်လေ

ပြန်ကြမယ်လေ

Revolutionဲ့ ခေတ်တွေပြောင်းလာပီ ကျနော့်လဲပြောင်းလဲရတော့မယ်

ရှီော်လူးရှင်းတဲ့ လိုက်လို့ကိုမမှီတော့ဘူး

ရီဗော်လူးရှင်းတဲ့လား ကျတော်တို့အတွက် ရီဗော်လူးရှင်းက ခေတ်မမှီဘူး ဖြစ်နေတယ်

ရီဗော်လူးရှင်းတဲ့ ပြောင်းလဲမှု့တွေများလပြီနော်

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 57050.09
ETH 3060.34
USDT 1.00
SBD 2.32