ဘဝကို​ပျော်​ရွင်​စွာအနိုင်​ယူပါ

in #myammar7 years ago (edited)

လူရယ်​လို့ဖြစ်​လာပြီဆိုထဲ က ကျွန်​​တော်​တို့ ကံ​ကောင်းမှု ကံဆိုးမှု​တွေနဲ့စတင်​ရင်​ဆိုင်​ရ​တော့တာပါပဲ။တချို့တချို့​သောသူ​တွေက ချမ်းသာတဲ့မိဘ​တွေရဲ ဝမ်းတွင်းမှရှင်​သန်​​ပေါက်​ဖွားလာရလို့ ဘဝတ​လျောက်​လုံး ချမ်းချမ်းသာသာနဲ့​နေထိုင်​ကြရတယ်​ ။ တချို့တချို့​သော ကျွန်​​တော်​တို့လို လူ​တွေက မပြည့်​စုံ​သော ဘဝမှစတင်​ရှင်​သန်​ လာခဲ့ရတယ်​ ။ ပြည့်​စုံတဲ့မိဘ​တွေ က​မွေးဖွားလာတဲ့ သူ​တွေက ဘဝမှာလို​လေ​သေးမရှိကြဘူး သူတို့ ကံ​ကောင်​ကြတယ်​ ။ ကျွန်​​တော်​တို့လို့မပြည့်​စုံတဲ့လူ​တွေကြ ဘဝကို တစ်​ကပြန်​စရတယ်​။ ဒါဟာ ကျွန်​​တော်​တို့မိဘ​တွေရဲ့ မချမ်းသာလို့မှတဲ့အမှားမဟုတ်​ပါဘူး ။ ဒါဟာကျွန်​​တော်​​တို့​တွေရဲ့ ကံတရားတခုပါ။ ကျွန်​​တော်​တို့ ဘဝကိုတစ်​ကပြန်​စပြီး​အောင်​မြင်​ ချမ်းသာ​အောင်​လုပ်​​ဆောင်​ရမယ်​။ လူတိုင်းဟာ​တော့​အောင်​မြင်​ချမ်းသာချ င်​ကြတဲ့သူ​တွေပါ ။အောင်​မြင်​ချမ်းသာ​အောင်​အလုပ်​​တွေလုပ်​ရင်း ဘဝမှာဒုက္ခ​တွေအခက်​အခဲ့​တွေ​တော့ကြုံ​တွေရမှာပဲ။ကျွန်​​တော်​တို့ ဘဝက အနိုင်​ယူတာကိုမခံပါနဲ့ ဘဝကို ပြန်​ပြီးအနိုင်​ယူကြပါ ။အောင်​မြင်​ ချမ်းသာ​အောင်​လုပ်​​ဆောင်​ကြပါ။ကျွန်​​တော်​တို့ရဲ့ဘဝ​တွေမှာလဲ
တစ်​ခါတ​လေ​တော့ မမျှမတမှု​တွေ ရှိနိုင်​ပါတယ်​။
အဲ့ဒီအချိ​န်​​တွေဟာ ကျွန်​​တော်​တို့ကို ဘဝက စိန်​​ခေါ်​နေတဲ့အချိန်​ပါပဲ ။ ဘဝကို အနိုင်​ယူရမယ်​ဆိုတဲ့ယုံကြည်​မှုကို ထိန်းသိမ်းပြီး အညံ့မခံရမယ့်​ကာလ တခုပါ။အဲ့လိုအချိန်​မျိုးမှာ တချို့ လူ​တွေက ဘဝကိုအရှုံး​ပေးသွားတက်​ကြတယ်​ ။ အရှုံးမ​ပေးကြပါနဲ့ ကြိုးစားရင်​ဘာမဆိုဖြစ်​နိုင်​ပါတယ်​။ကျွန်​​တော်​တို့ကို ဘဝက စိန်​​ခေါ်​နေတဲ့အချိန်​မှာ အထူးသဖြင့်​ အခက်​ကြုံတဲ့ အချိန်​​တွေမှာ
ဘဝရဲ့အားမာန်​​တွေကို အဆုံးစွန်​ထိညှစ်​ထုတ်​ရယူ​နေထိုင်​ရလိမ့်​မယ်​။ဒီလို့ စိန်​​ခေါ်မှုမျိုး​တွေကို ရင်​ဆိုင်​နိုင်​ရမယ်​​၊တွန်းလှန်​နိုင်​ရယ်​ ​အောင်​မြင်​ချမ်းသာတဲ့လူ​တော်​ တ​ယောက်​ဖြစ်​​အောင်​ ကြိုးစားအားထုပ်​ရမယ်​ အဲ့လို့အချိန်​မျိုးမှာ ကျွန်​​တော်​တို့​တွေဟာ​မျှော်​လင့်​ချက်​နဲ့ သတ္တိ​သွေးနဲ့ အ​ခြေအ​နေအားလုံးကို အနိုင်​ယူရမယ့်​ကာလ ဖြစ်​တယ်​ဆိုတာ ဘဝတိုက်​ပွဲမှာ တိုက်​ပွဲဝင်​သူအားလုံးမ​မေ့ပါနဲ့ အရှုံးမ​ပေးပါနဲ့ မဖြစ်​နိုင်​ဘူး ဆိုတာမရှိပါဘူး အဖြစ်​​သေးတာပဲရှိပါ​သေးတယ်​ ။ကျွန်​​တော်​တို့ ဘဝ​တွေဟာ အမြဲတမ်း အဆင်​​ပြေ​ချောမွတ်​မ​နေနိုင်​ပါဘူး။ ဒုက္ခ​တွေ အခက်​အခဲ​တွေ ရှုံးနိမ့်​မှု​တွေဆိုတာ ရှိမှာပါပဲ။ ဘယ်​လိုအ​ခြေ​အ​နေမျိုးမှာပဲ​ရောက်​​ရောက်​ဘယ်​​တော့မှ အ​လျော့မ​ပေးပါနဲ့ ။အားမ​လျော့ပါနဲ့ ဘဝဆိုတာ အမြဲတမ်း​ချော​မွေ့​နေမှာ မဟုတ်​လို့ ရင်​ဆိုင်​ဖို့ ကျွန်​​တော်​တို့ ကြိုးစားရမယ်​။
ဒါ​ပေမယ်​....
ကျွန်​​တော်​တို့စွမ်းအားရှိသမျှ စိတ်​ရှည်​ရှည်​နဲ့ ကျွန်​​တော်​တို့ရဲ့ဘဝ​တွေကို​အောင်​မြင်​​အောင်​ကြိုးစားလုပ်​​ဆောင်​​နေကြမယ်​ဆိုရင်​​တော့​ရှေ့ဆက်​သွား​ရမယ်​ ကျွန်​​တော်​တို့ရဲ့ဘဝခရီးမှာ ကြုံရမယ်​ဒုက္ခအခက်​အခဲ​တွေကျွန်​​တော်​တို့ကိုနှိမ့်​ချဆက်​ဆံမှု​တွေ စိန်​​ခေါ်ချက်​မှန်​သမျှအားလုံး ကျွန်​​တော့တို့​ကျော်​ဖြတ်​နိုင်​ဖို့ ကျွန်​​နော်​တို့မှာု့စွမ်းအား​တွေ ခွန်​အား​တွေ ရလာမှာ အမှန်​ပါပဲ ။ အခက်​အခဲ​တွေဒုက္ခ​တွေက​တော့ ကျွန်​​တော်​တို့ဘဝမှာ မ​ရေတွက်​နိုင်​​အောင်​​ရှေ့ကဆီးကြို​နေမှာ အမှန်​ပါပဲ ။ ကျွန်​​တော်​တို့မှာရင်​ဆိုင်​နိုင်​ဖို့ သတ္တိ​တွေခွန်​အား​တွေ​တော့ရှိရမှာ​ပေါ့။ ဘဝမှာ​အောင်​မြင်​ချင်​ရင်​ကြိုးစားပါ ဘယ်​လိုအခက်​ခဲ​​တွေပဲ ဆီးကြို​နေပါ​စေ ရင်​ဆိုင်​ဖြတ်​​ကျော်​နိုင်​​အောင်​ကြိုးစားပါ။ အရှုံးမ​ပေးပဲနဲ့ အရှုံး​ပေးတယ်​ဆိုတာ လူညံ​တွေရဲ့အလုပ်​ပါ။ ကျွန်​​တော်​တို့အားလုံးဟာ လူညံ​တွေမဟုတ်​ကြပါဘူး ။ ကို့မှာရှိတဲ့ခွန်​အား​တွေ စွမ်းအား​တွေ ကိုစွမ်းဥာဏ်​စွမ်း​တွေကို​သေချာစနစ်​တကျ မသုံးတက်​ကြလို့ပါ ။အားမငယ်​ပါနဲ့ အခက်​အခဲ​တွေနဲ့ကြုံ​တွေ​နေရတဲ့အချိန်​မှာလဲ ရင်​ဆိုင်​နိုင်​ဖို့နည်းလမ်း​ကောင်း​တွေရှာပါ။ နည်းလမ်း​ကောင်း​တွေ အကြံဥာဏ်​​ကောင်း​တွေက သင်​တို့ရဲ့လက်​တကမ်းမှာပဲရှိ​နေကြပါတယ်​။တွေ​အောင်​ရှာပါ ဘဝမှာ​အောင်​မြင်​ချမ်းသာ​အောင်​လုပ်​​ဆောင်​ကြပါ။လျောက်​ခဲ့တဲ့​ချေလှမ်းတိုင်​ဟာ​အောင်​မြင်​မှုဆိုတဲ့ပန်းတိုင်​ကြီးဆီသို့​လျောက်​လှမ်း​နေတယ်​ဆိုတာမ​မေ့ပါနဲ့။လျှောက်​ခဲ့တဲ့​ခြေလှမ်းတိုင်​ဟာကျွန်​​တော်​တို့​မျှော်​မှန်းထားတဲ့ပန်းတိုင်​​လျှောက်​လှမ်း​နေကြတာပါဒါ​ကြောင့်​​ရှေ့ဆက်​​လျောက်​မယ်​​ခြေလှမ်းတိုင်းဟာ အ​ရေးပါသလို့ လွန်​စွာမှအ​ရေးကြီးလှပါတယ်​ ။
မကြာခင်​မှာကျွန်​​နော်​တို့ရဲ့​အောင်​မြင်​မှုပန်းတိုင်​ကို​ရောက်​ရှိပြီး အံ့သြစရာ​နေ့ရက်​​တွေ​တွေကြုံခံစားရ​တော့မှာပါ။အားမ​လျော့ကြပါနဲ့ ဘဝကိုအရှုံးမ​ပေးပါနဲ့ ဘဝကိုအနိုင်​ယူပါ ။အောင်​မြင်​​အောင်​စွမ်း​ဆောင်​ပါ မကြာခင်​မှာ​နေ့ရက်​​ကောင်း​တွေကို ပိုင်​ဆိုင်​နိုင်​ပါ​လေ့မယ်​​။ကျွန်​​တော်​တို့ဟာကျွန်​​တော်​တို့ရဲ့ ဘဝကိုအနိုင်​ယူနိုင်​​အောင်​ဘဝ တိုက်​ပွဲဝင်​​နေကြရတဲ့အချိန်​​တွေမှာ​အောင်​မြင်​မှုဆိုတာ
ကိုယ့်​အတွက်​ရှိ​နေတယ်​လို့ ယုံထားရင်း ကျွန်​​နော်​တို့​တွေ အဲ့ဒီ​နေ့ရက်​​တွေကို ​မကြာခင်​မှာ မျက်​ဝါးထင်​ထင်​ တွေ့မြင်​ခံစားရပါလိမ့်​မယ်​။ကျိုးစားမှုရဲ့ရလဒ်​က​အောင်​မြင်​ခြင်းပါဘဲ။
လူတိုင်းဟာ​ချမ်းသာချင်​ကြတယ်​​အောင်​မြင်​ချင်ကြတယ်။ကျွန်​​တော်​တို့​အောင်​မြင်​ချင်​တယ်​ ချမ်းသာချင်​တယ်​ဆိုရင်​ ကျွန်​​တော်​တို့ကိုတိုင်​ ကြိုးစားရမှာပါပဲ။ကျွန်​​တော်​တို့​အောင်​မြင်​ချင်တယ်​ဆိုရင်​မ​အောင်​မြင်​မချင်းကျွန်​​တော်​တို့ကိုတိုင်​​ကြိုးစားရမှာပါပဲ။အောင်​မြင်​မှုဆိုတာတညထဲလုပ်ယူလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။အောင်​မြင်​မှုရဖို့ဆိုတာအလွန်ခက်ခဲတဲ့အရာပါ။ဒါပေမယ်​ကျွန်​​တော်​တို့​တွေ ကြိုးစားမယ်ဆိုရင်တော့​အောင်​မြင်​မှုကို တချိန်​ချိန်​မှာ ရရှိနိုင်ပါတယ်။

ကျွန်​​တော်​တို​အောင်​မြင်​ချင်​တယ်​ဆိုရင်​​တော့ အောင်မြင်မှုအတွက်​ကျွန်​​တော်​တို့မက်​ခဲ့တဲ့ကျွန်​​တော်​တို့ရဲ့အိမ်မက်တွေအတွက်​ကျွန်​​တော်​တို့ကြိုးစားရမယ်​။ကျွန်​​တော်​တို့ ဟာ စိတ်ကူးတွေ အိမ်မက်တွေကို လက်တွေ့ အဖြစ်ပြောင်းလဲနိုင်​ရမယ်​။ကျွန်​​နော်​တို့ ရည်မှန်းချက်တွေအကောင်အထည်ဖော်ရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးရှိသင့်​ပါတယ်​။ကျွန်​​တော်​တို့ကိုယ် ကျွန်​​တော်​တို့ လည်းအယုံအကြည်ရှိရပါမယ်​။အောင်​မြင်​တဲ့သူတ​ယောက်​ဖြစ်​ဖို့ငါမဖြစ်နိုင်ပါဘူးဆိုတဲ့စိတ်​မျိုးဘယ်​​တော့မှ မ​တွေးမိပါ​စေနဲ့။ကျွန်​​တော်​တို့ကြိုးစားမယ်​ဆိုရင်​ ကျွန်​​တော်​တို့ကိုအချိန်​ကအောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ။အခက်​အခဲ​တွေနဲ့ကြုံ​တွေရတိုင်းဘယ်​​တော့မှ စိတ်​ဓာတ်​မကျပါနဲ့ စိတ်​ခွန်​အားကိုမြင့်​တင်​ပါ။ လက်တွေ့ မှာအောင်မြင်တဲ့သူအများစုဟာအလုပ်အရမ်းကြိုးစားကြတဲ့လူ​တော်​လူ​ကောင်း​တွေပါ။အောင်မြင်တဲ့သူတွေဟာ အခြားသူတွေထက် အခြားသူ​တွေထက်​အလုပ်ပိုကြိုးစားတဲ့သူတွေဖြစ်တယ်ဆိုတာမမေ့ပါနဲ့။ကျွန်​​တော်​တို့ နေ့ စဉ်နေ့ တိုင်းရည်မှန်းချက်တွေ ကို အာရုံစိုက်​ရမယ်​ကြိုးစားရမယ်​။ကျွန်​​တော်​တို့​အောင်​မြင်​ချင်​တယ်​ဆိုရင်​​တော့ ကြိုးစားရမှာပဲ ကြိုးစား​နေရင်း ကျရှုံးတာ​တွေ​တော့ရှိလာမှာပါပဲ ကျရှုံးမှာကိုမကြောက်ပါနဲ့ ။ ကျွန်​​တော်​တို့က​လေးဘဝက လမ်း​လျောက်​တက်​ဖို့ စတင်​ကြိုးစားရင်​ အကြိမ်​ကြိမ်​​တော့ လဲဖူးမှာပါပဲ ဒါ​ပေမယ်​ ကျွန်​​တော်​တို့​တွေ ကြိုးစားပြီး​လျောက်​ခဲ့ကြလို့ ကြိုးစားခဲ့ကြလို့ ခုဆိုရင်​ ကျွန်​​တော်​တို့​မြေကြီး​ပေါ်မှာ​ခေါင်း​မော့ရင်​​ကော့ပြီး ရဲရဲဝင့်​ဝင့်​​လျောက်​နိုင်​​နေကြပါပြီး။ကျွန်​​တော်​တို့ က​လေးဘဝက ငါမ​လျောက်​နိုင်​ဘူး၊မ​လျောက်​တက်​ဘူးဆိုပြီး မကြိုးစားခဲ့ရင်​ ကြိုးစားမှုမရှိခဲ့ဘူးဆိုရင်​ ခုချိန်​ကျွန်​​တော်​တို့ခု့အချိန်​မှာ​ကောင်းမွန်​စွာလမ်း​လျောက်​နိုင်​မှာမပါဘူး​။ဒါဟာကြိုးစားမှုရဲ့ ရလဒ်​ပါပဲ။ကျွန်​​နော်​တို့ကြိုးရင်​​အောင်​မြင်​မှု့ကိုရမယ်​။ကျွန်​​တော်​တို့အောင်မြင်ချင်​တယ်​ဆိုရင်​​တော့ ကျရှုံးမှာကိုမကြောက်ကြပါနဲ့ကျွန်​​တော်​တို့​အောင်​မြင်​​အောင်​ဘယ်လိုအကောင်းဆုံးလုပ်ဆောင်ရမလဲအကောင်းဆုံးဖန်တီးမလဲဆိုတာကိုဘဲစဉ်းစားကြပါ။ကျွန်​​တော်​တို့ကျရှုံးမှာကို ဘယ်တော့မှမကြောက်ပါနဲ့ ။ ကျရှုံးမှုရဲ့နောက်ကွယ်မှာ သင်ယူစရာကျွန်​​တော်​တို့အတွက်​သင်ခန်းစာ​တွေအများကြီးရှိနေလို့ပါပဲ။ဒါ​ကြောင့်​ကျွန်​​တော်​တို့ ကိုဘဝက အနိုင်​ယူတာမခံပါနဲ့ ကျွန်​​တော်​တို့ ဘဝကို​ပျော်​​ပျော်​ကြီး အနိုင်​ယူလိုက်​ကြစမ်းပါ။ ကြိုးစားကြပါ​အောင်​မြင်​တဲ့ လူ​တော်​လူ​ကောင်းများဖြစ်​ကြပါ​စေ။ဘဝအခက်​အခဲ​တွေကို​ပျော်​ရွင်​​ရေ​မောစွာ​ကျော်​ဖြတ်​နိုင်​ကြပါ​စေ။
FB_IMG_1499139907013.jpg
Post Writer @waihlyan123(MSC.018)
Photo credit Google image

Sort:  

MSC နံပါတ်လေး ထည့်ပေးပါခင်ဗျာ

👍👍👍👍

ကိုသာအေး လာလည်သွားပီနော် ညီလည်းဘ၀မှာပျော်ရွှင်နိုင်ပါစေဗျာ

အရမ်းကောင်းတယ်ညီ…ဆက်ရေး အားပေးနေမယ်ကွာ…

လိုအပ်တဲ့နေရာမှာ သက်ဆိုင်ရာပုံလေးတွေထည့်ပေးရင်ကောင်းပါမယ်ဗျာ

ဟုတ်​အကို့​ရေ​ကျေးဇူးပါ

Good Story
ဖတ်​လို့​ကောင်းပါသည်​​​​။လာမဲ့ပိုစ့်​​တွေလဲအား​ပေးပါမယ်​။

Thank uပါ

Coin Marketplace

STEEM 0.16
TRX 0.25
JST 0.034
BTC 94135.82
ETH 2649.58
USDT 1.00
SBD 0.68