ကုန်​ဆုံးသွား​တော့မှာလား?

in #myamar7 years ago

ကုန်​ဆုံးသွား​တော့မှာလားဟု ​ခေါင်းစဉ်​တပ်​ကာ ယခင်​တွင်​ ပိုစ့်​တစ်​ခု​ရေးသား​ပေးခဲ့ပြီးပါပြီ။ထိုအထဲတွင်​ သာမာန်​ဝန်​ထမ်းဘဝအ​ကြောင်းနဲ့​ရှေ့​ရေးအတွက်​ပဲ ​ရေးထား​ပေးခဲ့ပြီးပါပြီ။

ယခင်​ပို့စ်​တွင်​ ဆင်းရဲသားဘဝ အ​ကြောင်း​ရေးသားထားခြင်းမရှိပဲ ချန်​လှပ်​​ပေးခဲ့ခြင်းဖြစ်​သည်​။ ယခု​ဆောင်းပါးတွင်​မှု ဆင်းရဲသားဘဝ ဖြတ်​သန်းပုံနဲ့ ​ရှေ့ဆက်​သွားမယ့်​ အချိန်​တို့ ​နေရာယူထားပုံကို အနည်းအငယ်​ စာဖွဲ့၍​ရေးသား​ပေးချင်​ပါတယ်​။

ဆင်းရဲသားဘဝဟူရာတွင်​ သာမာန်​ဝန်​ထမ်းဘဝ ထက်​အလွန်​ပင်​ နှိမ့်​ကျသလို ဖြစ်​​နေတတ်​၏။ အလုပ်​ဟူသမျှလဲ မညည်းမငြူလုပ်​ကိုင်​တတ်​​လေသည်​။ ထိုသည်​မှာ ဆင်းရဲသည်​ဟု ​ခေါင်းစဉ်​ဝယ်​ ထိပ်​မှာတပ်​၍ ကြိုက်​သလိုလုပ်​ ကြိုက်​သလိုစားဟူကာ မရှက်​မ​ကြောက်​ အလုပ်​ကို ကြိုးစားလိမ့်​မည်​။

ထိုသူတွင်​ အာ့လိုကြိုးစား​နေသည်​မှာ ​ရှေ့ဆက်​သွားမည့်​ ပန်းတိုင်​ရှိသည်​ဟု ယူဆမိသည်​။ တစ်​နည်းအားဖြင့်​ တစ်​ခြားသူမဟုတ်​ ကျွန်​​တော်​ကိုယ်​တိုင်​ပင်​ဖြစ်​သည်​။

ဘဝသည်​ ဆိုးလှသည်​ဟု ခံယူကာ ရသမျှ အလုပ်​ကို ကြိုးစားလုပ်​ယူသည်​။
ဘဝမ​မေ့ ဘဝင်​မမြင်​တတ်​​သော​ကြောင့်​အလုပ်​လုပ်​ရာတွင်​ အဆင်​​ပြေ​လေရှိသည်​။

အမှန်​ပင်​ဟု ကျွန်​​တော်​​ထောက်​ခံသည်​။
အဘယ်​သို့ဆို​သော်​ အလုပ်​ဟူသမှ ဂုဏ်​ရှိစွ ဟူ၍လဲ ​ရှေးရိုးရှိ​လေသည်​။
ကျွန်​​တော်​လုပ်​ကိုင်​​နေ​သော အလုပ်​မှာ အဲယားကွန်း အပြင်​အတပ်​ပင်​ဖြစ်​သည်​။လစာ​တော့ မ​ကောင်း​ခြေ။ လည်လည်​ပတ်​ပတ်​သွားရ၍ ဗဟုသုတများလဲ များစွာရသည်​။ ပညာလဲရသည်​။

ယခုအခါတွင်​မှု ဆင်းရဲသားဘဝနဲ့ လစာနည်းောတ့ အတတ်​ပညာကို သင်​ယူ​လေသည်​။အဘယ်​​ကြောင့်​ဆို​သော်​ တစ်​ချိန်​တွင်​ ထိုပညာဖြင့်​ ဆိုင်​ပိုင်​ရှင်​ဟူ၍လည်​​ကောင်းဖြစ်​ရန်​ ကြိုးစားလိုချင်​​ကြောင့်​ဖြစ်​သည်​။

သာမာန်​ဝန်​ထမ်းဘဝလို​တော့ လစာမ​ကောင်း၊မသက်​သာ​ပေမယ့်​ ​ရှေး​ရေးအတွက်​ ​တော့ ပန်းတိုင်​ရှိ​လေသည်​။

မည်​သို့ပင်​ရှိ​စေကာမှု လစာထက်​ ​ရှေးဆက်​သွားမယ့်​ ဘဝပုံကို ပုံ​ဖော်​နိုင်​ရန်​ကြိုးစား​ပေးဖို့သာလိုသည်​။

အဓိက messageမှာ လစာ​ကောင်းဘဝနဲ့ပုံ​သေကြီး​နေမသွားပဲ ကိုယ်​ပိုင်​စီးပွား​ရေးပိုင်​ရှင်​ဖြစ်​​စေရန်​သာဖြစ်​သည်​။

အားလုံး​ကျေးဇူးအထူးပါခင်​ဗျာ။ဆောင်းပါး​ရေးရာတွင်​ အမှားများပါရှိသွားပါ ​ထောက်​ပြ​ပေး​စေလိုပါတယ်​။ ဒီထက်​ ဆက်​လက်​ကြိုးစားသွားပါအုံးမယ်​ခင်​ဗျာ။

@onlinelover
image
Credit from google

Coin Marketplace

STEEM 0.13
TRX 0.23
JST 0.031
BTC 82060.98
ETH 2058.00
USDT 1.00
SBD 0.82