" ကိုယ်တွေ့ "

in #msu6 years ago (edited)

" ကိုယ်တွေ့ "

အမှန်တရားတွေ လင်းလက်ခွင့်မပြုချင်လို့ ..
နောက်ကျောကိုဓားနဲ့ ထိုးခံလိုက်ရတယ် ..။
.
ဖြစ်ခြင်းရဲ့နောက်ကပျက်ခြင်းလား ....
သို့တည်းမဟုတ် ...
မတည်မြဲခြင်းတဲ့လား ..။ ။
.
ငါက ခံစားချက်တွေချရောင်းခဲ့တာမဟုတ် ...
နှလုံးသားကို စွန့်ကြဲခဲ့တာလည်းမဖြစ်ပြန်ဘူး ...
အတိတ်ဆိုတဲ့နေ့ရက်တွေကို ပြန်လည်ပွတ်သပ်ကြည့်မလား ...
တစ္ဆေတစ်ကောင်ရဲ့ မာယာမြှူသံကြားမှာ ...
နေ့ရက်တွေကို မှိုင်းမိခံခဲ့ရတာ ။ ။
.
ဆိုတော့ ....
အစစ်အမှန်တွေ အနှိမ်ချခံရတဲ့လောကထဲ ...
ပါးစပ်ထဲရောက်လာတဲ့လက် ...
ကိုက်မိတာဆန်းသလားကွယ် ...
လူတကာ ရေလဲသုံးသလိုပဲပြောပါရစေ ...
" နှမ်းတစ်စေ့က ဆီမှမဖြစ်ပဲ "။ ။
...

#LayCho
#MSU-061
Photos by : Google Images

Sort:  

နှမ်းတစ်​​စေ့ကဆီမှမဖြစ်​ပဲ

အဲ့ဒီ့ .. ဆင်ခြေပေးစကားလေးတစ်ခွန်းနဲ့ ..
မြန်မာ့လူ့အသိုက်အဝန်းကြီးပျက်စီးယိုယွင်းနေခဲ့တာ ကြာပေါ့ ဗျာ ..

ကျွန်​​တော်​က​တော့ logic နဲ့ပဲ​တွေးတယ်​။
ဆီနည်းနည်း​​လေး​သေး​သေး​လေး​တော့ရမာပါ😁

အဲ့ဒီ့ .. ရလာတာလေးကို .. ဆီအဖြစ်လောက်တောင် အသိအမှတ်မပြုကြတာ .. များပါတယ်ဗျာ ..

thz a lot bro

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60973.26
ETH 2366.47
USDT 1.00
SBD 2.58