ရန်ကုန်မှာရော ဒါမျိုး မဖြစ်နိုင်ဘူးလား။

in #mso6 years ago

image
အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် ဗြူနိုအေးရီးစ်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကစပြီး ဘတ်စ်ကားတွေကို သီးသန့် ယာဉ်ကြောကနေ မောင်းနှင်စေကာ သတ်မှတ်ထားတဲ့ ဧရိယာတစ်ချို့မှာတော့ ယာဉ်ရပ်နားခြင်း (ပါကင်ထိုးခြင်း) ကို တားမြစ်ခဲ့ပါတယ်။ လမ်းပိုင်း ၁၀၀ လောက်ကို ခြေကျင်လျှောက်ရာ နေရာတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

တချိန်တုန်းက ဆူညံကျပ်ညပ်နေတဲ့ အဲဒီ လမ်းပိုင်းဧရိယာတွေဟာ အခုဆိုရင်
ဆိတ်ငြိမ် သန့်ရှင်းနေပါတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း တိုးတက်ပြီး ခရီးသွားလုပ်ငန်းလည်း တွင်ကျယ်လာပါတယ်။ မြို့နေလူထုမှာလည်း ပိုမိုပျော်ရွှင်ပြီး ကျန်းမာလာခဲ့ပါတယ်။

ရန်ကုန်မှာရော ဒါမျိုး မဖြစ်နိုင်ဘူးလား။

စန်တာကလော့ ၏ ဒဏ္ဍာရီ


        ကျနော်တို့ ခရစ်စမတ် နားနီး လာရင်

အင်္ကျီ ဘောင်းဘီ အနီရောင်ကြီး ဝတ့့်
ဦးထုပ် အနီရောင် ပျော့တွဲတွဲ ကြီး ကိုဆောင်း
မုတ်ဆိတ်မွှေး ဖြူဖြူရှည်ရှည် က ရင်ဘတ် ပေါ် ရင်း ပြုံးပြုံး နူတ်ဆက်နေတတ်သော
အဖိုးကြီးကို မြင်ဘူး ကြပါသည်။ အနီရောင်
အဝတ်အိတ်ကြီးကို ပခုံးပေါ် ထမ်း ရင့်း့
ကလေးငယ် များကို တွေ့ပါက့ မုန့်ထုပ် လေးများ သကြားလုံး လေးများ ပေးပါသည်
ကလေးများကတော့ သူ၏ ထူးခြား
မှု ပုံစံကို ရီစရာ ပျော်စရာအဖြစ်မြင်ကြသလို
မိဘများ သင်ပြ ထားမှု မှ စန်တာကလော့
( Santa Claus ) ကြီးဟု သိထား ကြပါသည်။
စန်တာကလော့ကြီး ၏ ဒဏ္ဍာရီ သည် လွန်ခဲ့သော နှစ်ပေါင်း ရာချီကတည်း
က ခရစ်ယာန်ဘုန်းတော်ကြီး စိန့် နီကိုလပ်စ်
( Saint Nicholas ) က စတင်ခဲ့ပါသည်။ image
AD 280 ပတ်လည်လောက်က
ခေတ်သစ်မှာတော့ တူရကီ နိုင်ငံ ပါတာရာ
( Patara ) အနီးက မိုင်ရာ ( Myra ) ဆိုတဲ့
အရပ်မှာ မွေးဖွား ခဲ့တယ် လို့ ယုံကြည်ခဲ့ကြ
ပါတယ် ။ သူရဲ့ ဘာသာတရားပေါ် ယုံကြည် လေးစားမှု့ အခြားသူများ အပေါ် ကြင်နာ
သနားမှု များကြောင့် အများက မြတ်နိုးလေး စားကြပါတယ့့်
သူနဲ့ ပတ်သက်ပြီး အကြောင်းအရာ
အများကြီး မှ ဘုန်းတော်ကြီးနီကိုလပ်စ် ဟာ
နိုင်ငံအဝှန်း လှည့်လည် သွားလာပြီး သူ ပိုင်
ဆိုင်သမျှ ဥစ္စာ ပစ္စည်းများကို မရှိဆင်းရဲသား
များ နေမကောင်းမကျန်းမာသူ များအား
ပေးကမ်းစွန့်ပစ် လှူဒါန်း ခဲ့ခြင်း ဟာ ထင်ရှား
ပါတယ့့်
နောက်တစ်ချက် က ဖခင် ကိုယ်တိုင်က သမီး ၃ ယောက်အား ပြည့်တန်ဆာ လုပ် ပြီး ကျွန်အရောင်းအဝယ်
တန်း ပို့ပစ် တာကို့ ဘုန်းတော်ကြီး နီကိုလပ်စ် က ကယ်တင် စောင့်ရှောက် ခဲ့တာ
ပါပဲ့
နှစ်များစွာ ကြာလာတဲ့အခါ
သူ့ရဲ့ ကျော်ကြားမှု ဟာ ထင်ရှား ကျယ်ပြန့်
လာခဲ့ ပါတယ် ။ ကလေးသူငယ် များ သင်္ဘောသားများကို ကာကွယ် စောင့်ရှောက်
ပေးသူ အဖြစ် လူသိ များခဲ့ပါတယ့့် သူ သေဆုံး ခဲ့တဲ့ ဒီဇင်ဘာလ ( ၆ ) ရက် နေ့ ဆို ရင် နှစ်ပတ်လည် ပွဲတော် များ အဖြစ် ပါ ကျင်း
ပ လာခဲ့ ကြပါတယ် ။
ထို နေ့ ကို ရိုးရာပွဲ အနေ နဲ့ ကျင်း
ပကြသလို ကံကောင်းသော နေ့ အဖြစ်လည်း
သတ်မှတ် ကြပြီး မင်္ဂလာလက်ထပ်ပွဲ များ
ကို လည်း ကျင်းပ ခဲ့ကြပါတယ့့်
ဥရောပ ဖက်မှာတော့ ဘုန်းတော်
ကြီး နီကိုလပ်စ် ဟာ သူတော်စင် အဖြစ် နဲ့
ထင်ရှားကျော်ကြား ခဲ့ပါသည်။
စန်တာကလော့ ( Santa Claus )
သည် ဒတ်ခ်ျ ဘာသာ စကား စင်တာကလပ်
( Sinter Klais ) မှ နေ ၍ ရွေ့ရှား လာခဲ့ခြင်း
ဖြစ်ပါတယ့့် ခရစ်ယာန်ဘာသာ ကိုးကွယ်
သော နိုင်ငံများ မှာ ဒီဇင်ဘာလ ၂၅ ရက်
နေ့ကို ခရစ်စမတ် နေ့ အဖြစ် သတ်မှတ်ပြီး
ဒီဇင်ဘာလ ၂၄ ရက် ကိုတော့ စန်တာကလော့ နေ့ အဖြစ့့် မှတ်ယူကြပြီး
စန်တော့ကလော့ကြီး ဟာ ခလေးငယ် များ
အတွက် လက်ဆောင်များ ကံကောင်းခြင်း
များ ပေးဝေ မျှ သူ အဖြစ် မှတ်ယူခဲ့ ကြပါ
တယ့့်
စန်တာကလော့ ကြီးအား နှင်းဖွေး ဖွေး တွေကြား ဝတ်ရုံနီ ကြီး ဝတ့့် အဝတ်
အိတ် ကြီးပြီး လမ်းလျှောက်လာသည့် ပုံမျိုး
ရိန်းဒီးယား သမင် လှည်း စီးပြီး မြို့ထဲ ဝင်
လာတဲ့ ပုံစံ မျိုး အမျိုးမျိုး ပုံဖေါ် ခဲ့ ကြတယ်။

Credit image from facebook.

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62020.79
ETH 2420.03
USDT 1.00
SBD 2.64