Exchange Fee
တယောက်လာမေးတာလေး
အရင်က အကောင့်အဟောင်းမှာ Post တင်ဖူးတယ်
ဘယ် Exchange တွေ Fee သက်သာသလဲ
ကျွန်တော့်အနေနဲ့ Fee တခုပဲမကြည့်စေချင်ဘူး
Trading Volume ရယ် Fee ရယ် ကြည့်ပေါ့
Volume မကောင်းရင် ကိုယ်ရောင်းချင်တဲ့ amount ချက်ချင်းရောင်းမထွက်ဘူးကိုး
(လက်ကြီးသမားတွေကိုပြောတာ :D)
တချို့ exchange တွေဆို buy volume တောင်မရှိဘူး
ရှောင်ပေါ့
Fee အနေနဲ့ လောလောဆယ် Binance သက်သာတယ်
Trade တကြောင်းကို 0.1%
Bittrex လည်းကောင်းတယ် 0.25%
Amount နည်းရင် မသိသာပေမယ့်
Order တကြောင်းကို 8000$ လောက်ဖွင့်သူအတွက်ကတော့
သိသာလွန်းတယ်
Binance မှာ 8$ ကျပေမယ့်
Bittrex မှာ 20$ ကျပြီ
ဒါကမြတ်မလား ရှုံးမလားမသိသေးဘူး Exchange စားသွားတဲ့ $
Postion ပြန်ထွက်ရင်လည်း နောက်တကြောင်းစာ ထပ်ဝိုက်ဦးမှာ :D
ဒီလောက်ပဲ ဖြေတတ်တော့ဘူး အလှမ်းဝေးနေပြီလေ
This user is on the @buildawhale blacklist for one or more of the following reasons: