လူတွေဘာကြောင့်ချမ်းသာချင်တာလည်း

in #msg7 years ago (edited)

လူတွေဘာကြောင့်ချမ်းသာချင်သလည်း

တစ်ယောက်ယောက်က
ကိုယ့်ကိုမေးလာခဲ့ရင်ဘယ်လိုဖြေမလဲ

လိုအင်တွေကိုပြည့်ဝစေ
လို့ချမ်းသာချင်တယ်
မိမိကတော့အဲလိုသာဖြေမိမှာပါ

စိတ်ချမ်းသာဖို့အတွက်ရုပ်ဝတ္တု
တွေရဲ့ပံ့ပိုးပေးမူက100%မရှိတောင်မှ
50%လောက်တော့ရှိမယ်လို့ယူဆတယ်
အခုခေတ်ကြီးမှာ
ကျန်းမာရေးအတွက်
ငွေကမရှိမဖြစ်

မိသားစုဘဝလေးပျော်ရွှင်စေဖို့
ငွေကမရှိမဖြစ်

လူရာဝင်ဖို့လည်းငွေကမရှိမဖြစ်

ဒါကြောင့်လည်းလူတိုင်းရဲ့အိပ်မက်မှာ
ချမ်းသာကြွယ်ဝတဲ့ဘဝတခုရှိကြတယ်

အိပ်မက်တာရှိကြတယ်
အိပ်မက်ကိုအကောင်ထည်ဖော်တဲ့
နည်းလမ်းတွေကျတော့မတူကြဘူး
လမ်းကြောင်းတွေမတူကြဘူး
တချို့ကျတော့လည်းနည်းလမ်း
တွေမသိကြဘူး လမ်းကြောင်း
တွေမရှိကြဘူး
သိအောင်ဘယ်လိုလုပ်မလဲ?
ရှိအောင်ဘယ်လိုရှာကြမလဲ?

၁။ Power ပါဝါလိုပါတင်္ယ
တချို့ကပြောမယ်ငွေရှိမှပါဝါ
ရှိမှာမဟုတ်လား?
ဟုတ်ပါတယ်ငွေရှိမှပါဝါရှိသလို
ပါဝါရှိမှလည်းငွေဆိုတာရှိလာမှာပါ
အဲဒါကတော့ဖြစ်ချင်စိတ်ဆိုတဲ့
Will Power ပါပဲ
Will Power volume အပေါ်
မူတည်ပြီး ဖြစ်နိင်စွမ်းအား
တွေကွာခြားသွားတာပါ။

၂။Swim against the tide

ရေဆန်ကိုကူးဖို့ဝန်မလေးပါနဲ့
လူအယောက်၁၀၀မှာ၉၉ယောက်က
ရေစုန်မှာကူးဖို့သာစိတ်အားထက်သန်
ကြတယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း
မိသားစုကကိုယ့်အပေါ်ဖြစ်စေချင်တဲ့
ဆန္ဒထက်မိမိဖြစ်ချင်တဲ့ဆန္ဒကိုသာ
အကောင်ထည်ဖော်ပါ
စိတ်အားထက်သန်မူ့ Motivation
မရှိပဲ ရေဆန်ကိုကူးခတ်ပြီး
ပန်းတိုင်ရောက်ဖို့ဆိုတာမဖြစ်နိင်ပါ

၃။set the bar high

မိမိလုပ်နေတဲ့အလုပ်မှာ
မိမိစီးပွားရေးနယ်ပယ်မှာ
အမြဲတမ်းNo1 ဖြစ်အောင်
ကြိုးစားနေပါ
No:2 No:3 လောက်နဲ
ကျေနပ်မနေပါနဲ့ 
စီးပွားရေးခေါင်းဆောင်များ
ထိပ်ဆုံးမှာအောင်မြင်နေတဲ့လုပ်ငန်း
တွေရဲ့စံချိန်စံညွှန်းတွေ
လုပ်ငန်းလည်ပတ်တဲ့စံနစ်တွေကို
လေ့လာပါ အတုယူပါ။
အကြံညဏ်သစ်များ အတွေးအခေါ်
အသစ်များကိုအသုံးချပါ

image

Coin Marketplace

STEEM 0.16
TRX 0.23
JST 0.033
BTC 95929.99
ETH 2583.25
USDT 1.00
SBD 2.83