Can Money change Everything?????? ပိုက်ဆံကအရာအားလုံးကို ပြောင်းနိုင်သလား?????

in #money7 years ago

images (1).jpeg credit photo
ပိုက်ဆံက အရာအားလုံးကို ပြောင်းနိုင်သလား?
ပိုက်ဆံအကြောင်းနှင့်ပတ်သက်လို့ လူတိုင်းလူတိုင်းမှာ အမြင်အမျိုးမျိုးရှိကြပါသည်။ အချို့လူတွေ အတွက် ပိုက်ဆံဟာ အရာရာကို ဖန်ဆင်းပေးနိုင်တယ်ဆိုပြီး သဘောတူလက်ခံကြသည်။ အခြားတစ်ဖက်မှာ တော့ ဒီအကြောင်းအရာဟာ တစ်ခြားသူများအတွက် မမှန်ပါဘူး။ တစ်ခါတစ်ရံမှာ ပိုက်ဆံသည် အရာရာကို ပြောင်းလဲပေးနိုင်သလား သို့မဟုတ် မပြောင်းလဲပေးနိုင်ဘူးလားဆိုတာကို ကျွန်တော်ကိုယ်တိုင် ဝေခွဲမရဖြစ်နေ တုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့ ပိုက်ဆံကို လိုအပ်ကြသည်။ ပြီးတော့ အချိန်တိုင်းမှာ ကျွန်ုပ်တို့ ပိုက်ဆံကို ရှာဖွေနေကြသည်။ အဲ့ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ပိုက်ဆံကို လိုအပ်ကြသည်မှာ လည်း ငြင်းမရနိုင်သော အကြောင်းတစ်ခု ဖြစ်လေသည်။
ဤသို့ဆိုလျှင် ပိုက်ဆံမရှိလည်း နေလို့ရသည်ဟုသော သူများဘက်မှ မေးခွန်းများထွက်လာနိုင်ဖွယ်ရှိပါ သည်။ ပိုက်ဆံမပါပဲနှင့် ပြောင်းလဲနေသောအရာများ ရှိနေသည် ( ဥပမာ - ပိုက်ဆံဟူသော ဝေါဟာရ မရှိခဲ့စဉ် အခါတုန်းက လူသားများသည် အဘယ်သို့ ပြောင်းလဲနေထိုင်ခဲ့ကြပါသနည်း)။ ဆက်၍ဆက်၍ ပြောကြမည်ဆို လျှင် ယခုအကြောင်းအရာသည် စကားရည်လုပွဲတစ်ခုလိုသာ ဖြစ်သွားပါလိမ့်မည်။ သို့ပေမယ့် သဘာဝအတိုင်း ပြောင်းလဲနေကြသော အရာများရှိသကဲ့သို့ ပိုက်ဆံကြောင့် ပြောင်းလဲသွားရသော အကြောင်းအရာများလည်း ရှိကြပေသည်။
ယနေ့ကမ္ဘာတွင် လူသားတိုင်းသည် ပိုက်ဆံကို ကြိုးစားပမ်းစား ရှာဖွေနေကြရသည်။ အဘယ်ကြောင့် နည်း။ ပိုက်ဆံသည်သာလျှင် လူသားတို့၏ လိုအပ်ချက် အနည်းအများကို အဆင်ပြေချောမွေ့စေအောင် လုပ် ဆောင်ပေးနေသော အရာတစ်ခုဖြစ်နေလေသည်။ သို့သော်လည်း အရာအားလုံးကို ပိုက်ဆံဖြင့် ပြောင်းလဲ၍ မရနိုင်ကြောင်းကိုလည်း အားလုံးလည်း သိရှိလက်ခံထားကြပြီး ဖြစ်ပေသည်။
ကျွန်တော်အတွက်ကတော့ ပိုက်ဆံသည် လိုအပ်သော်လည်း အရာအားလုံးအတွက်တော့ မလိုအပ်ဘူး ဟု ယူဆထားပါသည်။ ဥပမာ - ချစ်ခြင်းမေတ္တာသည် ပိုက်ဆံမလိုအပ်ပဲနှင့် အားလုံးကို ပျော်ရွှင်ဖန်တီးပေးနိုင် ပါသည်။ မိသားစုအတွက် ပိုက်ဆံမကုန်ရပဲ များများပေးနိုင်သော ချစ်ခြင်းမေတ္တာကို များများပေးနိုင်ကြလျှင် ယခုအချိန်များတွင် အိမ်ထောင်ကွဲ၍ ဒုက္ခရောက်နေကြသော ကလေးသူငယ်များကို ကျွန်ုပ်တို့ တွေ့မြင်ရမည် မဟုတ်ပေ။ စာနာထောက်ထားမှု စိတ်ဓာတ်များ ပိုက်ဆံမကုန်ရပဲနှင့် ရရှိပါရက် တစ်ဦးပေါ်တစ်ဦး မစာနာ ထောက်ထားမှု မရှိကြသောကြောင့် စစ်ပွဲများ၊ ဒုက္ခရောက်နေကြသူများကို ကျွန်ုပ်တို့ တွေ့ခဲ့ကြရပေ သည်။
သို့ပေသည့် ကျွန်ုပ်မိသားစုလေးအတွက် အိမ်ကောင်းကောင်းလေးတစ်လုံး ဖန်တီးပေးခြင်သည်။ ဒါပေမယ့် အဲ့ဒါက ငွေရှိမှဖြစ်မှာလေ ဟုစဉ်းစားတွေးတောရင်း လေထဲတွင် တိုက်အိမ်တစ်လုံးဆောက်နေမိ ပါတော့သည်။
26MONEY-blog427.jpg credit photo
Can Money change everything?
Everybody have many opinion concerns with Money. Some people agreed that money can changed and create everything. On the other hand, that is not true for other. Sometime, I’m also confused that money can change or not for everything. Because of We need money and We find the money every time. That fact is the one of the reason we can’t refuse why we need the money.
IF so, there have a question from the people who don’t need money to change. Yes, it is right. Many changes are happened without money (Example: the ancient people are how to live before the meaning of money). If we discussed about that it can’t be finish and we can see a debate activity in here. Although, the changes can cause by Nature but some can be causing by Money.
At the 21st centuries, everybody is trying hard to find the money. Why???
Money is the one of the things to fill the basic need of the people. Although, everybody was agreed that is the money can’t change everything in the world. For me, the money is needed for something not for everything. Example: Love can create the happy to other not using money. If you created and gave the love to your family that we can’t see the parent less children in the world. Although we can create the sympathy without money but we are saw the trouble person and war.
However, I want to create a best house for my family. But that can be when I’ve money. So, I’m building a house in my thought.

Coin Marketplace

STEEM 0.15
TRX 0.15
JST 0.028
BTC 53912.73
ETH 2234.17
USDT 1.00
SBD 2.30