ချစ်​သူထံသို့steemCreated with Sketch.

in #mmgroupb8 years ago

IMG_20170323_040747.png

💛ချစ်သူရယ်​......

မြတ်နိုးခြင်းတွေ တစ်ပွေ့တစ်ပိုက်...

လေညင်းလေးနဲ့ ပို့လိုက်တယ်..

ချစ်သူခံစား..

လွမ်းဆွတ်မှုတွေ ပြေစေသားကွယ်.....

ချစ်​သူ အနားမှာနေ...

တစ်ဖ၀ါးမှ မခွဲခွာချင်ပေမယ့်...

အခြေအနေ မပေးလို့...

တို့တွေဝေးနေကြရဦးမယ်ထင်​ပါရဲ့

ဘယ်ကိုရောက်ရောက်

ဘယ်လောက်ဝေးဝေး...

ပြန်ဆုံမယ့်နေ့​တွေကို

လက်ချိုးရေတွက်ရင်း....

တို့​တွေကျော်ဖြတ်ကြမယ်နော်.....

ပြန်တွေ့တဲ့အခါ...

လွမ်းခဲ့ရတာတွေကိုအတိုးချ..

အရင်တုံးကထက် ပိုချစ်ကြမယ်​နော်​..

ပြန်ဆုံတဲ့ အခါ...

ရင်​ထဲမှာ သိမ်းဆည်းထားတဲ့

စကား​တွေကိုပြောကြမယ်​​နော်​...

ချစ်သူရယ်​...

တစ်နေ့ထက်တ​နေ့ ....

အချစ်​​တွေက ပိုပိုတိုး

အလွမ်း​တွေ​တွေက ပိုပိုဆိုးလာတာမို့ ...

တို့နှစ်​​ယောက်​နီးစပ်​​အောင်​ ...

ကြိုးစားကြမယ်​​နော်​ ချစ်​သူရယ်​ ......

       💚💚 flowernice
Sort:  

sorry for late vote i m from group b

Hi i am new menber in Steemit .please give for me follow and voat plaese thankshttps://steemit.com/allprowi/@gelatofresco/introducing-my-self

Coin Marketplace

STEEM 0.14
TRX 0.23
JST 0.031
BTC 80672.13
ETH 2117.36
USDT 1.00
SBD 0.64