Xiaomi Mi 8 EE

in #mi86 years ago

Mi "

Mi 8 EE မှာတော့ မျက်နှာပြင် 6.21" Full Screen Display နဲ့အတူ AMOLED Display ကို အသုံးပြုထားပါတယ်။ Notch လည်း ပါဝင်လာခဲ့ပါတယ်။ Resolution အနေနဲ့ FHD+ Display မှာ 2248p x 1080p ရှိမှာဖြစ်ပြီး (18.7:9 ratio) ရှိပါတယ်။ ကျောဘက်ကင်မရာကတော့ dual-camera ဖြစ်ပြီး 1.4μm pixels, f/1.8 aperture နဲ့ Dual Pixel autofocus ရတဲ့ 12MP ကင်မရာနဲ့ aperture f/2.4, 2x optical zoom, 4-axis OIS ပါဝင်တဲ့ 12MP telephoto ကင်မရာတွေကို သုံးထားပါတယ်။ 4K video တွေကို 60 fps နဲ့ ရိုက်ကူးနိုင်ပြီး 1080p slomotion ဗီဒီယိုတွေကို 240 fps နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Dual Pixel autoflcus, AI portraits, AI scene detection နဲ့ video editing စတဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်။ Mi 8 Explorer Edition မှာ Mi 8 ထပ် ပိုထူးခြားလာမှာတွေကတော့ in-display Fingerprint Sensor, 3D Face Recognition နဲ့ Transparent Back Cover တို့ပဲ ဖြစ်ပါတယ်။ Mi 8 နဲ့ Mi 8 Explorer Edition တွေမှာ ဖုန်းရဲ့ကျောဘက်ခြမ်းကို Glass Panel သုံးထားတာခြင်းတူပေမယ့် Mi 8 Explorer Edition စမတ်ဖုန်းမှာတော့ ဖုန်းရဲ့ကျောဘက်ခြမ်း အတွင်းအစိတ်အပိုင်းများကို လှပစွာ ဖောက်ထွင်းမြင်တွေ့နေရမယ့် Glass Panel ဒီဇိုင်းနဲ့ တန်ဆာဆင်ထားတာပါ။ ဒီ Design မျိုးကိုတော့ HTC ထုတ် စမတ်ဖုန်းတွေဖြစ်တဲ့ HTC U11 နဲ့ U12 တို့မှာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ Mi 8 Explorer Edition ကိုတော့ 8GB RAM / 128GB တစ်မျိုးတည်းသာ ထုတ်လုပ်ပေးထားပါတယ်။ Mi 8 EE ရဲ့ လုပ်ဆောင်ချက်တွေကို အောက်မှာလေ့လာနိုင်ပါတယ်။

  • 3D Face Unlock *
    Mi 8 Explorer Edition စမတ်ဖုန်းဟာ Android စမတ်ဖုန်းတွေထဲမှာတော့ 3D Face Unlock နည်းပညာကို ပထမဆုံး အသုံးပြုထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ 3D Face Unlock နည်းပညာကို ပထမဆုံးအသုံးပြုထားတာကတော့ Apple ရဲ့ iPhone X ပါ။ Mi 8 Explorer Edition စမတ်ဖုန်းမှာ 3D Face Unlock အတွက် Infrared Lighting System ကို အသုံးပြုထားပါတယ်။ Infrared Light စနစ်ရဲ့ အစိတ်အပိုင်းများကို ဖုန်းရဲ့ရှေ့ Display ထိပ်ဆုံး Notch နေရာထဲမှာ Selfie ကင်မရာနဲ့ အတူတူ ထည့်သွင်းတည်ဆောက်ထားပါတယ်။ Mi 8 Explorer Edition ရဲ့ 3D Face Unlock Sensor တွေဟာ အမှောင်ထဲမှာလည်း အလုပ်လုပ်ပါတယ်။ ကျန်တဲ့ Mi 8 စမတ်ဖုန်း 2 မျိုးမှာတော့ အခြား Android ဖုန်းတွေလို သာမန် Selfie Camera နဲ့ Infrared Sensor ကိုပဲ အသုံးပြုထားတဲ့ Face Unlock နည်းပညာပဲ ပါဝင်ပါတယ်။

  • Dual GPS *
    Dual GPS နည်းပညာကိုသုံးလာတဲ့ ပထမဆုံးစမတ်ဖုန်းလည်း ဖြစ်လာပါတယ်။ ဒါကြောင့် Mi 8 စမတ်ဖုန်းတွေမှာ Dual-Frequency GPS နည်းပညာကို အသုံးပြုထားပြီး L1 နဲ့ L5 band 2 မျိုးစလုံးကို အထောက်အပံ့ပေးနိုင်တဲ့အတွက် တည်နေရာနဲ့ လမ်းညွှန်မှုစနစ်တွေမှာ ယခင်ဖုန်းတွေထက် အများကြီး ပိုကောင်းလာပါမယ်။ MIUI ရဲ့ အသစ်ထည်သွင်းပေးလိုက်တဲ့ driving mode နဲ့ ပေါင်းစပ်အလုပ်လုပ်နိုင်ပါတယ်။

  • in-Display Fingerprint *
    Mi 8 Explorer Edition စမတ်ဖုန်းမှာ pressure-sensitive နည်းလမ်းနဲ့ in-display fingerprint scanner လည်း ပါဝင်လာပါတယ်။ Fingerprint Sensor ကို Display အတွင်းထဲမှာ ထည့်သွင်းတည်ဆောက်ထားတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကို Vivo X21 နဲ့ Huawei Mate RS တို့မှာလည်း သုံးခဲ့ဘူးပါတယ်။ in-Display Fingerprint Scanner ပါဝင်ပေမယ့် Mi 8 Explorer Edition ရဲ့ in-Display Fingerprint Sensor ကတော့ Pressure Sensitive ဖြစ်တဲ့အတွက် in-Display Fingerprint Scanner နည်းပညာပါတဲ့ စမတ်ဖုန်းတွေထဲမှာတော့ ပထမဆုံးလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် Pressure Sensitive နည်းပညာက အခြား in-Display Fingerprint Scanner နည်းပညာပါတဲ့ စမတ်ဖုန်းတွေထက် ဖုန်းကို Unlock လုပ်ရမှာ ပိုမိုမြန်ဆန်စေတာကြောင့်ပဲ ဖြစ်ပါတယ်။34447604_1738135669607585_8787244174102495232_n.jpg

Sort:  

Go here https://steemit.com/@a-a-a to get your post resteemed to over 72,000 followers.

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 56465.77
ETH 2331.79
USDT 1.00
SBD 2.36