မုန်းလို့ရရင်မုန်းချင်မိတယ်ကိုကို အပိုင်း(၂)
မုန်းလို့ရရင်မုန်းချင်မိတယ်ကိုကို
အပိုင်း(၂)
သမီးရေ သမီးကိုကို ကိုသွားခေါ်လိုက်သွား breakfast စား
မယ်လို့. ဟုတ်မေမေ သမီးသွားခေါ်လိုက်ပါ့မယ်မေမေ
ကိုကိုရေ ကိုကို ကို ကို မေမေ. ခေါ်ခိုင်းလိုက်တယ်
breakfast စားမယ်တဲ့ မြန်မြန်ဆင်းလာ ဝင်လာပြီနော့် ကိုကို ခွန်းသိသည် ကိုကိုခွန်းကိုဆူတော့မှာပဲ့ဆိုတာ
ဟေ့ မင်းကိုငါဘာပြောထားလဲ ငါအိမ်နေရင်လာမနိုးနဲ့လို့မပြောထားဘူးလား ဟုတ် ကိုကို ပြောထားပါတယ် ဒါပေမယ့်
မေမေ ခေါ်ခိုင်းလိုက်လို့လာခေါ်တာကို
ဒေါက် အားကိုကို ဘာလို့ခေါက်တာလဲ နာတယ်
အေ နင့်ကိုဒီထက်ပိုပြီးတော့ခေါက်ရမှာ ငါ့ကိုဘယ်လိုခေါ်လို့ပြောထားလဲ ရှင့်.. ဟုတ် သခင်လေး
မေ့သွားလို့ပါ နောက်တစ်ခါမဖြစ်စေရပါဘူး
အေ နောက်တစ်ခါမှားပြီးခေါ်လို့ကတော့ သိတယ်နော့်
ဘာဖြစ်မလဲဆိုတာ ရှင် ဟုတ် ဟုတ် သိပါတယ် သခင်လေး
အေငါ့အိပ်ယာသိမ်းထား ပြီးရင် ဖိနပ်ကိုပြောင်အောင်သုတ်ထား အဝတ်တွေလည်းထုတ်ထား ကြားလား
ဟုတ် ကြားပါတယ် သခင်လေး အေ ငါရေချိုးလိုက်ဦးမယ်
ပျော်ပါတယ် အရမ်းပျော်တယ် ကိုကို ကိုလုပ်ပေးရတာ
လူတိုင်းကတော့ ကိုယ်ချစ်ရသူရဲ့ ကိစ္စလေးတွေကိုလုပ်ပေးရတာ ပျော်ကြမှာပဲ့လေ့ အဲဒါကိုကျောင်းကကောင်မတွေကမသိကြဘူး နင့်ကိုကိုက နင့်ကိုအနိုင်ကျင့်နေတယ် ဘာဖြစ်တယ်နဲ့
ဟွန်း ဘာဖြစ်လဲ
ကိုကိုအနားမှာနေပြီး မနက်အိပ်ယာထတာနဲ့ကိုကို့ အခန်းကို
သွား ကိုကို့ ကို သွားနိုးရတာ ဘယ်လောက်ရင်ခုန်ဖို့ကောင်းတယ် မှတ်လဲ
စောင့်fa မတွေကသိမှမသိတာ ဟား
ဟိတ် ဘာတွေတွေးပြီးပြုံးနေတာလဲ မြန်မြန်လုပ်လေ့
ဟုတ် သခင်လေး ပြီးပါပြီ ဆင်းလာနော့်
မေမေ့ကိုလုပ်ကူလိုက်ဦးမယ်
အောက်မှာသခင်လေးကြိုက်တဲ့မုန့်ဟင်းခါးချက်ထားတယ်
မေမေရေ ကိုကို ကိုနိုးပြီးပြီ သမီးဖေဖေ့ကို နိုးလိုက်ဦးမယ်နော့်မေမေ. အေး အေး သမီး
လာပါပြီ မေကြီးရယ် နိုးဖို့မလိုတော့ပါဘူး ဖေကြီးကအစောကြီးနိုးပြီးသား မုန့်ဟင်းခါးအနံ့လေးမွေးနေတာနဲ့ အိပ်တောင်
မအိပ်ချင်တော့ဘူး အနံနဲ့ဆွဲဆောင်နေတာလေ့
ဟုတ်ပါပြီး ဖေကြီးရယ် လာထိုင် သားလေးလည်း ခဏကြာရင်
ဆင်းလာတော့မှာ
အေ အေ မေကြီး နံနံပင်လေးပါထည့်ပေးနော့်
ဒါနဲ့ သမီးလေး မနက်ဖြန် အောင်စာရင်းထွက် ပြီ မဟုတ်လား
ဟုတ် ဖေဖေ ဘာတက်ချင်လဲသမီး ဂုဏ်ထူးရော ဘယ်နှစ်ဘာသာမှန်းထားလဲ
ဟုတ် သမီးစီးပွားရေး ဝါသနာပါတယ်ဖေဖေ
ဂုဏ်ထူးကတော့ ၄ဘာသာလောက်မှန်းထားတယ်ဖေဖေ
အေ တော် တယ် သမီး ငါ့သမီးလေးဖြစ်မှာပါ
ရှိုင်း breakfastစားဖို့ အောက်ဆင်းအလာ ကြားလိုက်ရသည့် စကားက သူ့အတွက်တော့လှောင်စရာ
အဟက် ပျက်ချော်ချော်လှောင်ရယ်သည့် အသံကိုကြားလိုက်ရကတည်းကခွန်းသိသည် အခုလည်းသူ စီးပွားရေးတက်ချင်တယ်ပြောလို့လှောင်တာပဲ့ဖြစ်လိမ့်မည်
မှန်တယ် ရယ်ပါ ရယ်ပါ ခွန်းကတော့ ကိုက်ုလောက်မှစာမတော်တာကို
သား လာလေ့ သား ဒီမှာသားကြိုက်တဲ့မုန့်ဟင်းခါးချက်ထားတယ်
ဟုတ်မေမေ
ဒါနဲ့သားကရော့ဘာဖြစ်ချင်လဲ
ဒါဆိုသားမေးမယ်ဖေဖေ ဖေဖေ ကသားကိုဘာဖြစ်စေချင်တာလဲ
သူများကမေးရင်သူကပြန်မေးလိုက်ရမှကျေနပ် တတ်သည့်ရှိုင်
အခုလည်းကြည့်
ဖေဖေကတော့သားကိုစီးပွားရေးပဲ့ယူပြီးတော့ဖေဖေ့
company မှာလုပ်စေချင်တယ်သား
သမီးလေးကတော့စီးပွားရေးယူမယ်တဲ့
ဘယ်လောက်ကျေနပ်ဖို့ကောင်းလိုက်လဲ ဘယ်လောက်မွေးရ
ကျိုးနပ်လိုက်တဲ့သမီးလေးလဲ
ခွန်းသိသည် ကိုကို ပြသာနာ ရှာတော့မယ်ဆိုတာ
ဖေဖေကလည်းဖေဖေပါပဲ့ဘာလို့ဒီလိုပြောလိုက်လဲ
ကိုကိုအကြောင်းလည်းမသိတာမဟုတ်ဘဲနဲ့
ဟူး မောတယ်
ကိုကို့မျက်နှာချက်ခြင်းတည်လာကာ
ဖေဖေ သားကတော့ ဆေးကျောင်းတက်မယ်
တောင်းဆိုတာမဟုတ်ဘူး အသိပေးတာ ဖေဖေ
သား မင်းဖေဖေ့ကိုစကားကောင်းကောင်းမပြောတတ်ဘူးလား
သားက သူများတွေလိုစကားကို ချွဲနွဲပြီးမပြောတတ်ဘူးဖေဖေ
ကိုကိုကဒီစကားကိုခွန်းကိုကြည့်ကာပြောလိုက်လေသည်
မေမေ သားသွားတော့မယ် သင်တန်းနောက်ကျနေပြီ
အေအေ သား သွားပါ
ခွန်းဝေ့တက်လာသည့်မျက်ရည်များကို သုတ်ကာ
ဖေဖေနဲ့မေမေ သမီးကို နောက်တစ်ခါကျရင် ကို့ကို့ အရှေ့မှာ
ဂရုမစိုက်ပြပါနဲ့
သမီးလေ့ ကိုကို့အမုန်းတွေကိုခံနိုင်ရည်မရှိတော့လို့ပါ
အေးပါ သမီးလေးရယ်
ဒါဆိုသမီးသွားတော့မယ်နော့် နောက်ကျနေရင် ကိုကိုဆူနေပါဦးမယ်
အေ အေ သွား သွားသမီးလေး
ခွန်းကားနောက်ခန်းမှာထိုင်လိုက်လေသည်
ကိုကိုနဲ့ခွန်းကို ဖေဖေ ကဆယ်တန်းပြီးကတည်းက english
Speaking သင်တန်းထားပေးတာဖြစ်တယ်
လမ်းတစ်ဝက်ရောက်သောအခါ
ဟိတ် ဒီမှာဆင်းတော့
ဟုတ် ကဲ့ သခင်လေး
ခွန်းသိသည် ကိုကိုဒီနေရာရောက်ရင်ဆင်းခိုင်းတော့မယ်ဆိုတာကို
ဝူး ဝူး.......ကားကိုလျှင်မြန်စွာမောင်းထွက်သွားသည်
ခွန်းတစ်ယောက်ဘယ်လိုကျန်ခဲ့မယ်ဆိုတာကို ကိုကို
ဂရုမစိုက်ဘူး ဘယ်တုန်းကမှကိုကိုဂရုမစိုက်ခဲ့ဘူး
ခွန်းဘဝက ကိုကို ထားရာနေ စေရာသွား
ရှိုင်းလျှင်မြန်စွာမောင်းထွက်လာလိုက်သည်
ဒီကောင်မလေးကိုကျွန်တော်မုန်းသည် ဖေဖေ မေမေ တို့နား
ချွဲနွဲပီးပြောနေတာတွေကိုမုန်းသည် သူရောက်လာကတည်းကဖေဖေမေမေ တို့ကသူ့ကိုရှိတယ်လို့တောင်မထင်ဘူး
အခုတောင်ဒီကားနဲ့သူ့ကိုမတင်ချင်ပါ
ဖေဖေကသူ့ကိုမခေါ်ရင်ကားမဝယ်ပေးဘူးဆိုလိုသာ
ငါ့ဘဝထဲကဖေဖေ မေမေ တို့ရဲ့ဂရုစိုက်မှုတွေ ကြင်နာမှုတွေကိုယူသွားတဲ့ ခွန်းဆက်ချို မင်းကိုငါမုန်းတယ်
❤❤❤❤❤❤❤❤❤❤❤❤❤❤❤
Congratulations @wailay! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP