Feeling feelings

in #love7 years ago

''ထာဝရထက်တစ်ရက်ပိုပါတယ်''ဆိုတဲ့ Gfattလဲ
သူ့ချစ်သူကို ဖြတ်ခဲ့တာပဲ!😏

''မင်းမရှိပဲငါမနေနိုင်ပါဘူး''ဆိုတဲ့ Bunny Phyoလဲ
သူ့ချစ်သူကို ထားခဲ့တာပဲ!😏

''လွမ်းလွန်းလို့သေနိုင်တယ်''ဆိုတဲ့ ရဲရင့်အောင်လဲ
ခုထိမသေသေးဘူး!😏

''ဒီဘဝနောက်တျောက်မချစ်တော့ဘူး''ဆိုတဲ့ ဝိုင်းစုလဲ
အခုလက်ရှိဘယ်နှစ်ယောက်မြောက်မှန်းမသိ!😏

ဘယ်သူတွေဘယ်လို ဆိုဆို ငါကတော့ ဇော်ပိုင်ဆိုတဲ့

''မင်းရှိခဲ့ရင် ကြည်ကြည်နူးနူးဘဝမှာ
ချစ်လို့မဝပါနှစ်ယောက်ထဲ ကမ္ဘာ" ပါပဲချစ်သူရယ် 😂😂😂

FB_IMG_1518212319556.jpg

ချစ်သူ..💘...နင့်ဆီက

💘နွေးထွေးမှုလေးတေရဖို့

ပျံသန်းလာချင်တယ် မြောက်ပိုင်းက💘

ဆောင်းခိုငှက်ကလေးတေလို 💘 ဒါပေမဲ့

💘လောကကြီး ပင်ဂွင်းငှက်လေးတေလို

ငါ့ကို ပျံသန်းနိုင်ခွင့်ပေးမထားဘူး 💘

  • ရယ်ခြင်း

"ဟား ဟား ဟား ဟား ဟား ဟား ဟား..."ဆိုတဲ့ ရယ်သံနဲ့ အာရှတိုက်မှာ နာမည်ကြီးသီချင်း စာရင်းဝင်သွားတဲ့ မြန်မာသီချင်း နာမည်ကို သိလား၊ မသိလား...ပြော၊

တေရေး သဟာအောင် ရေးစပ်ထားပြီး အဆိုတော် မနော သီဆိုထားတဲ့ "ဗိုလ်အောင်ဒင်" သီချင်းလေ...

တစ်နိုင်ငံလုံးက လူတိုင်း ပါးစပ်ဖျားမှာ အခုထက်ထိ ရေပန်းစားနေတုန်းပဲနော်...

သူက ရယ်တာ ဟား ဟား ဟား ဟား ဟား ဟား ဟားတဲ့ဗျ...

စာဖတ်သူတွေရော ဘယ်လို ရယ်ကြလဲဟင် Ha Ha ဆိုပြီး ဖေ့စ်ဘွတ်ခ်က ရယ်သလို ရယ်လား။

ဒါမှမဟုတ် ခိခိ၊ နောက်တစ်မျိုး ခ်ခ်၊ နောက်ထပ်တစ်မျိုး ဟိဟိ၊ ဒါလည်း မဟုတ်သေးရင်တော့ မျက်ရည်ထွက်အောင်ရယ်ဗျာ.. သေးထွက်အောင်တော့ မရယ်နဲ့ဗျာ....

ခနဲ့တဲ့တဲ့ ရယ်သံတို့၊ ခိုးခိုးခစ်ခစ် ရယ်သံတို့အပြင် ခွက်ထိုးခွက်လန် ရယ်သံတွေနဲ့တောင် အားရပါရ ရယ်ပစ်လိုက်ဗျာ...

ရယ်ခြင်းဟာ ပြုံးခြင်းလောက်တော့ အိနြေ္ဒမရဘူးဗျ။ ဒါပေသိ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်ဖြင့် ရင်ထဲမှာ တင်းကျပ်နေတာတွေ ပြေပျောက်လေ့ ရှိတယ်လို့ ဆိုကြတယ်။

ဒါကြောင့် ထင်တယ်။ မြန်မာ့ရုပ်ရှင်တွေ အကျဘက်ရောက်တဲ့အချိန်မှာ ဘယ်နိုင်ငံမှာမှ မပေါ်ဘူးတဲ့ ဗွီဒီယိုဇာတ်ကားတွေပဲ ရိုက်ထုတ်သမျှ ဟာသကား များသတဲ့....

ဟုတ်တယ်လေ။ လူတွေက မွန်းကျပ်နေတော့ စိတ်ဖြေစရာ အဖြစ် ရယ်စရာ ဗွီဒီယို ဟာသကားတွေ ထိုင်ကြည့်၊ လူရွှင်တော်ပြက်လုံးတွေ ထိုင်နားထောင်ပြီး ရယ်မောလိုက်တော့ စိတ်ပြေသွားတာပေါ့ဗျာ...

ပေါကားတွေလို့တော့ မပြောလိုက်နဲ့နော်... ကျွန်တော်လည်း မပြောရဲပါဘူး။

အဲ... စာပေအမျိုးအစားတွေထဲမှာတောင် ဟာသလို စာပေက တော်တော် အရေးရခက်သတဲ့ ဟိုးတုန်းကတော့ ဆရာကြူမွှေးတို့ အီကြာကွေးတို့ လက်စွမ်းပြခဲ့ကြတယ်။တခြားစာရေူးဆရာတွေ ရှိပါသေးတယ်။

နောက်လူတွေဆို အခန့်ရယ် စရာတွေတောင် ရေးလာကြတာ ပေါက်မှပေါက်နော်..

နီကိုရဲ လို စာရေးဆရာမျိုးဆို ပေါက်မှပေါက်၊ အကြည်တော်ရးးတဲ့ စာတွေလည်း ရယ်ရသဗျာ..

တခြားစာရေူးဆရာတွေလည်း ရှိပါသေးတယ်။

တချို့တွေကတော့ ဒဲ့ရယ်ရတာထက် သရော်တော်တော်လေးတွေ ရေးကြတာလည်း အောင်မြင်သဗျ...

သရော်စာရေးတဲ့သူတွေဆို တအားကောင်းကြတော့ စာဖတ်ပရိသတ်တွေက သောင်းသောင်းဗျဗျ အားပေးကြ သလို အစိုးရအဖွဲ့နဲ့ တပ်မတော်ကတောင် တရားစွဲ ယူရတဲ့အထိ ပေါက်တာဗျာ...

"ကျည်ထောင်စု သစ္စာ"သရော်စာရေးတဲ့ ဗြိတိသျှ ကိုကိုမောင်နဲ့ "မဲဆွယ်အပြုံး"သရော်စာရေးတဲ့ မူဆေးအို တို့ဆို ထောင်အချုပ်ကျခံရ တရားစွဲ ခရနဲ့ တော်တော်စွမ်းတာနော်..

ရယ်စရာစာတွေ ဖြစ်ပေမယ့် အနာပေါ် တုတ်ကျသူတွေကတော့ မရယ်မောနိုင်ဘဲ တစ်ရာစွဲ နှစ်ရာစွဲ စွဲတာဗျ။

အံမယ်... ကျွန်တော့် သူငယ်ချင်း စာရေးဆရာ စိုပြေ လည်း သရော်စာအရေး သိပ်ကောင်းတာ။ သူငယ်ချင်းရေ...ချောက် တွန်းတာတော့ မဟုတ်ဘူးနော် ခစ်ခစ်...

ဟော.. ပြောရင်း ဆိုရင်း ရယ်မိသွားပြန်ပြီ။

ကျွန်တော်က သူများရယ်အောင် မရေးတတ်သူမို့ ကျွန်တော်ရေးခဲ့တဲ့ စာတွေ အတော်များများက ရယ်စရာ မပါ ပေမယ့် ဟာသရသ ပါတဲ့ စာတွေဆိုဖတ်နေရင်း ခိုးခိုးခစ်ခစ်ကို တစ်ယောက်တည်း တိုးတိုးရယ်လိုက်တာပဲ။

ခင်ဗျားတို့တော့ ရယ်ပါ များများရယ်ကြပါဗျာ... ရယ်စရာမို့ ရယ်ပါ.. အားရပါရ ရယ်ကြပါဗျာ...ရယ်သောသူသည် အသက်ရှည် နုပျိုတယ်တဲ့..

ဒါကြောင့်ဖြစ်မယ် ကျွန်တော်ဆို ရှိရင်း အသက်ထက်ကို ငယ်တယ် ထင်ရတယ်လို့ဆိုပြီး တွေ့သူ တိုင်း ပြောရလောက်အောင်ကိုနုတာ....ဟိတ် မရယ်နဲ့၊ ဒါက အတည်ပြောတာ ဟာဟ။

"ဦးသန်းဌေးကို ကြည့်လိုက်ရင် သီချင်းလေး တအေးအေးနဲ့ ပျော်ရွှင် ရယ်မော နေတာပဲ"လို့ ဆိုသဗျ။

ပြုံးနေသူ၊ ရယ်နေသူ၊ သီချင်းလေး တကျော်ကျော်နဲ့ အေးချမ်းနုပျိုနေသူဟာ ကျွန်တော် သန်းဌေး ပါဗျာ..

ရယ်စရာတွေ့လို့ ရယ်ပေမယ့် အူတက်မတတ်တော့ မရယ်နယ်နော်...တော်တော်ကြာ အူမတက်ဘဲ အူကျလို့ ၃၄ သိန်း မရလိုက်ဘဲ နေဦးမယ်။ ယောက်ျားလေးတွေ သတိထား...

အခုတလော ကျွန်တော်တို့အိမ်ဆို မိုးလင်း၊မိုးချုပ် ကိုရီးယား သရုပ်ဆောင်တွေ ကောင်းမှုကြောင့် ရယ်သံ တွေကို ဆူညံနေတာပဲ။

တီဗွီလိုင်း Channel 7 ကလည်း စနေ၊ တနင်္ဂနွေဆို Running Man အစီအစဉ်ကို ည ၉ နာရီလောက်မှာ အသစ် ပြလို့ နောက်နေ့ မနက် ၈ နာရီခွဲဆို ပြန်ပြလေ့ရှိတယ်ဗျာ..

လူတိုင်းက အဲဒီ့အချိန်တွေဆို တီဗွီရှေ့ရောက်ပြီး တဟားဟားနဲ့ ရယ်ကြပါလေရောဗျာ...

မြန်မာဗွီဒီယိုဇာတ်ကားတွေကြည့်ပြီး ရယ်ကြတယ်ဗျာ... ဖေ့စ်ဘွတ်ခ်က ဟာသဇာတ်လမ်းတိုတွေကြည့်ပြီး ရယ်ကြတယ်ဗျာ... အငြိမ့်က လူရွှင်တော်တွေရဲ့ ပျက်လုံးတွေ ကြည့်ပြီး ရယ်ကြတယ်ဗျာ...

ကျွန်တော်ကတော့ ဗိုလ်အောင်ဒင် သီချင်းဆိုရင်း ရယ်ပြီဗျာ...

"ဟား ဟား ဟား ဟား ဟား ဟား ဟား...."

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62571.47
ETH 2429.90
USDT 1.00
SBD 2.66