အချစ်ဆုံး မို့ပါ အပိုင်း (35)
အချစ်ဆုံး မို့ပါ
အပိုင်း (35)
ကောင်းရဲ့ စိုးရိမ်စိတ်က ဒီဂရီ အဆုံးထိ မြင့်တက်နေပြီ။
သူဘာလုပ်ရမလဲ။ကိုယ်က သူ့ကို ကျောချင်ပါတယ် ဆိုမှ
သူက ကိုယ့်ကို ပြန်ကျောသွားတယ်။ကောင်း ဧည့်ခန်းတွင်
ထိုင်မရ ထမရ ခေါက်ထိုးခေါက်ပြန် လျှောက်နေမိသည်။
"ကောင်း ဘာဖြစ်နေတာလဲ"
"အန်ကယ် အိန်ဂျယ်နဲ့ နေ ပြန်ပေးဆွဲ ခံထားရတယ်တဲ့"
"ဘာ သမီး ပြန်ပေးဆွဲ ခံရတယ် ဟုတ်လား"
"ဟုတ်တယ် ဦးအာဏာက ကျွန်တော်တို့ ရထားတဲ့
သက်သေနဲ့ လဲမယ်တဲ့"
"ဟင် ဒါဆို ဘယ်လို လုပ်မလဲ ညီကဘာလို့ ဒီလောက်တောင်
ရက်စက်ရတာလဲ ကွာ ဒါနဲ့ ခရော သူက သူ့သားကို
ဂရုစိုက်တာမဟုတ်ဘူး သူလုပ်ချင်ရာလုပ်နေတာ
ခ ကို သူတစ်ခုခုလုပ်မှာ စိုးရိမ်ရတယ်"
"ခကို မေမေ ဈာပန ချတဲ့နေ့က ခေါ်သွားတာ ကျွန်တော်
တွေ့လိုက်တယ် သားအဖချင်း ကိစ္စမို့ ကျွန်တော် ဝင်မပါ
တော့တာ ကြည့်ရတာ ခလည်း ထိန်းချုပ်ခံထားရတာထင်တယ်"
"ဒါဆို ဘယ်လို လုပ်ကြမလဲ"
"ခုတော့ ဘာမှ လုပ်လို့ရသေးမှာ မဟုတ်ဘူး ခေါင်းအေးအေး
ထားပြီး စဉ်းစားကြတာပေါ့"
သံစဉ် သတိရလာပါပြီ။ခေါင်းက နည်းနည်း မူးဝေနေသည်။
သူမနှင့် စိမ်းသက်သက် ပတ်ဝန်းကျင် တစ်ခု
ဂိုထောင်ထဲ သူမရောက်နေတာပါ
သူမ လက်နှင့်ခြေထောက်က တင်းကျပ်စွာ ချုပ်နှောင်ထားမှု
ကို ခံထားရသည်။ရုန်းသေိာလည်း မရ
နာကျင်မှုသာ ရသည်။သူမ ဘေးကို ကြည့်သောအခါ
"ဟင် သွေးသွေး"
သူမ ခေါ်သံကြောင့် နေသတိရလာသည်။
"ဟင် သံစဉ်"
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စိမ်းသက်သက်နေရာ
"ကိုယ်တို့ ဘယ်ရောက်နေတာလဲ သံစဉ်"
"သံစဉ် လည်း မသိဘူး သံစဉ် သတိရလာတော့
ဒီကို ရောက်နေပြီ"
"ကြည့်ရတာ ကိုယ်တို့ ပြန်ပေးဆွဲ ခံလာရတာထင်တယ်"
"ဟင် ပြန်ပေးဆွဲ ခံလာရတယ် ဟုတ်လား"
ထိုစဉ် လူတစ်ယောက် ထွက်လာသည်။
"ဟင် ကိုမိုးမြင့်"
"ဟုတ်တယ် ငါဘဲ သိပ်အံ့သြသွားလား"
"ရှင် ကျွန်မတို့ကို လွတ်ပေး"
"ဟ လွတ်စရာလား ငါဒီလောက် မရူးသေးဘူး"
"သံစဉ်တောင်းပန်ပါတယ် ခုဆို ဒယ်ဒီနဲ့ ကိုကို
စိတ်ပူနေလောက်ပြီ"
"စိတ်မပူပါနဲ့ သူတို့ ခုဆို မင်းပြန်ပေးဆွဲ ခံထားရတာ
သိနေလောက်ပြီ"
"ခင်များတို့ နဲ့ ကျုပ်တို့ ဘာရန်စမှ မရှိဘဲ ဘာလို့
ကျုပ်တို့ ကို ပြန်ပေးဆွဲ လာရတာလဲ"
"ဒါ ကရိုးရှင်းပါတယ် ကောင်းမြတ်ပိုင် လက်ထဲက
သက်သေမှန်သမျှကို လိုချင်လို့"
"အဟက် စိတ်ကူး မယဉ်စမ်းပါနဲ့ ကောင်းက ခင်များတို့
ထင်သလောက် မတုံးဘူး"
"မှန်တာပေါ့ သူမတုံးလို့ ငါတို့အကြောင်း စုံစမ်းနိုင်တာပေါ့
ဒါမဲ့ ဘယိလိုလုပ်မလဲ ခု ဘယ်လိုလုပ်မလဲ သူတို့ရဲ့
အားနည်းချက်က ဒီမှာလေ"
ထိုလူကြီး သံစဉ် ပါးကို ဖျစ်ပြီး ပြောနေသည်။
"လူယုတ်မာ ငါ့ကို မထိနဲ့ ဖွီး"
သံစဉ် ထိုလူ့မျက်နှာကို တံတွေးနဲ့ ထွေးလိုက်သည်။
"ငါ့မျက်နှာကို တံတွေးနဲ့ ပက်တယ်ပေါ့ ဖြန်း"
သံစဥ့် မျက်နှာ စပ်သလိုလို ထူပူသွားသည်။
"ခင်များ ဘာလုပ်တာလဲ သံစဉ်ကို မထိနဲ့"
"ထိတော့ဘာဖြစ်လဲ မင်းက ဘာလုပ်နိုင်လဲ"
မိုးမြင့် ဆိုသောသူ သူ့လူတွေကို အချက်ပြလိုက်သည်။
လူဆိုး သုံးလေးယောက် တုတ်တွေနဲ့ နေဆီသို့
အားမနာစွာ ရိုက်ချလိုက်တဲ့ ရိုက်ချက်ပေါင်းများစွာ
ဒဏ်ရာတွေက မြင်မကောင်းအောင် ဖြစ်နေပြီ
သွေးများစွာကလည်း ထွက်နေသည်။
သံစဉ် ငိုနေယုံမှ အပ ဘာမှ မတတ်နိုင် တောင်းပန်သော်လည်း မရ
သူမ အော်ဟစ် အကူညီတောင်းနေမိသည်။
"ကယ်ကြပါဦး ဒီမှာ ကျွန်မတို့ကို လူဆိုးတွေ ဖမ်ချုပ်ထားလို့ပါ
ကယ်ကြပါဦး"
"ကောင်မ ကဲဟာ အော်ချင်ဦး"
"ဖြောင်း ဖြောင်း"
ဘယ်ပြန် ညာပြန် ရိုက်ချက် ပါးစပ်မှ သွေးတွေ
စီးကျလာသည်။ ရိုက်ချက်နဲ့ အတူ သူမလည်း
ခေတ္တလော ကကြီးနဲ့ အဆက်သွယ် ပြတ်သွားခဲ့သည်။
"သူတို့ကို video ရိုက်ပြီး ကောင်းမြတ်ပိုင် ဆိုတဲ့
ကောင်ဆီ ပို့လိုက်"
"ဟုတ် အစ်ကိုလေး"
ကောင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ
အရေးကြီးတဲ့ အချိန်ဆို အကြံက ထွက်မလာ
ထိုစဉ် သူ့ထံ message ရောက်လာသည်။
သူ ထိုmessage ကို ဖတ်ပြီး ကွန်ပျူတာ ဖွင့်ကာ
e-mailတွင် ပို့ထားသော video ကို ဖွင့်ကြည့်လိုက်သည်။
ခုမှ စိတ်က ဂနာမငြိမ် နေကလည်း ဒဏ်ရာ ဘရပွနဲ့
သံစဉ်ကလည်း ဒဏ်ရာရနေသည်။
"ခဏဘဲ သည်းခံထားပေးကြပါ ငါမင်းတို့ကို သေချာပေါက်
လာကယ်မယ် ကျေးဇူးပြုပြီး ဘာမှ မဖြစ်ကြပါနဲ့"
ခ တစ်ယောက် မညို အလာကို စောင့်နေမိသည်။
အိမ်ထဲမှာ အစောင့်တွေ လေးယောက်လောက်ဘဲ
ကျန်ခဲ့သည်။ကျန်တဲ့သူတွေက သံစဉ်တို့ ဖမ်းချုပ်ခံထားရတဲ့
သိုလှောင်ရုံကို ရောက်နေသည်။
မညို အစောင့်တွေဆီ သွားပြီး
"ရှင်တို့ လည်း တစ်နေ့လုံး ခ ကိုစောင့်နေရတာ ပင်ပန်းမှာဘဲနော်"
"သခင်ကြီး အတွက်ဆို ပင်ပန်းတယ်လို့ မမြင်ပါဘူး"
"ဘယ်ဟုတ်မလဲရှင် ရှင်တို့ ပင်ပန်းတယ် ဆိုတာ ကျွန်မ
သိပါတယ် ဒါကြောင့်လေ ဒီမှာ ရှင်တို့အတွက်
အအေးဖျော်လာတယ် သောက်လိုက်ကြနော် ရော့"
"မင်း ဘာတွေကြံစည်နေတာလဲ ဒီထဲမှာ အိပ်ဆေးတွေ
ထည့်ထားတာတော့ မဟုတ်ပါဘူးနော်"
အရေးထဲ သောက်စရာရှိ သောက်တာ မဟုတ်ဘူး
"ဘာမှ မထည့်ထားပါဘူး အအေးသက်သက်ပါဘဲ"
"မင်းအရင်သောက်ပြ"
ဒီ မသာတွေကလည်း ငါ့ကို လာသောက်ခိုင်းနေတယ်
ယုံအောင်တော့ သောက်ပြရမှာပေါ
မညို အအေးယူပြီး သောက်ပြလိုက်သည်။
"ဒီမှာ ယုံပြီလား"
ထိုအခါမှ ထိုလူတွေ အအေးသောက်လိုက်ကြသည်။
သောက်သောက် သောက်ပြီး တစ်ခါတည်းသေလည်း
အေးတာဘဲ
"ကျွန်မ ခကို နေ့လည်စာ ပို့ပေးဦးမယ်နော်"
မညို လျင်မြန်စွာ ထွက်လာပြီး ခ အခန်းဆီသို့
"ဟာ မညိုရာ မျှော်လိုက်ရတာ အခြေနေဘယ်လ်ုလဲ"
"မညိုလေ မပိုင်ရင် မလုပ်ဘူး "
"ဟုတ်ပါပြီဗျာ ဒါဆို ကျွန်တော်တ်ု့ ဒီအိမ်ထဲက ထွက်မယ်
ကျွန်တော်က ဂိုထောင်သွားပြီး လူသွားကယ်မယ်
မညိုက ကိုကောင်းက်ု အကြောင်းကြားပြီး ရဲတွေ ခေါ်လာခဲ
ဟုတ်ပြီလား"
"အေး အေး "
"ok သွားစ်ု့"
အစောင့်တွေ အအေးသောက်ပြီးတာနဲ့ မျက်လုံးက မှေးဘာသည်။
သူတို့သဘောပေါက်လိုက်သည်။
မိုးမြင့်ဆီ ဖုန်းဆက်လိုက်သည်။
"ပြော အဲ့ဘက် အခြေနေကောင်းလား"
"ကျွန်တော်တို့က်ု အိပ်ဆေးခတ်ထားပြီး မရတော့ဘူး
ဝါး "
"ဟေ့ဟေ့ ဟာကွာ စောင့်သုံးက်ု မကျဘူး
သခင်ကြီး သခင်လေး ထွက်ပြေးသွားပြီတဲ့"
"ဘာကွ "
"သခင်လေး ဒီကို လာနေပြီထင်တယ် ဘယ်လိုလုပ်ရမလဲ"
"ခ ရဲ့ အားနည်းချက်က ဆူးခက်ဆိုတဲ့ မိန်းကလေးဘဲ
အဲ့မိန်းကလေးကို သူ့ကိုထိန်းချုပ်နိုင်မဲ့ လက်နက်အဖြစ်
သုံးလို့ရတယ် အဲ့ဒီမိန်းကလေးက ခုရန်ကုန်မှာမလား"
"ဟုတ်ပါတယ် သခင်ကြီး"
"ခုချက်ချင်း သွားဖမ်းလာခဲ့"
"ဟုတ်"
ခနဲ့ မညို အိမ်ထဲက ထွက်လာရင်း တစ်နေရာ အရောက်
မညိုရှေ့ လဲကျလာသော လူတစ်ယောက်
"အမလေး အမေရေ သရဲ"
"ရှုး မညို လူပါ ဟိုကောင်တွေလေ မညိုသေချာကြည့်ပါ"
"aww ဟုတ်သားဘဲ "
"မညို အိပ်ဆေးဘယ်လောက်ထည့်ထားလို့ သူတို့
ချက်ချင်း အိပ်ပျော် သွားရတာလဲ"
"ဟဲဟဲ တစ်ခွက်ကို တစ်ခွက်ကို လက်ဖက်ရည်ဇွန်း
တစ်ဇွန်းထဲပါ"
"အမလေး သေသွားမလားတောင် စိုးရိမ်ရတယ် "
"မခြောက်ပါနဲ့ဆို "
"မညို တော်တယ် လာသွားကြမယ် ကျွန်တော်သွားပြီနော်
မညို ကိုကောင်းကို သေချာသွားပြောနော်"
"အမလေး ငါလည်း အိပ်ချင်လာပြီ"
"ဟင် ဘာဖြစ်လို့လဲ"
"အမလေး သူတို့ယုံအောင် ငါသောက်ပြရတယ်ဟဲ့"
"ခုတော့ မအိပ်ပါသေးနဲ့ ကိစ္စက အရေးကြီးနေတယ်"
"အေးပါဟယ်"
ဆူး အပြင်သွားပြီး ပြန်အလာ သူ့တိုက်ခန်းလေးကို
တံခါးဖွင့်နေစဉ် နှာခေါင်းထဲဝင်လာသော အနံ့တစ်ခု
သူမ ခေတ္တမေ့သွားသည်။
သူမ သတိရလာသောအခါ ကားထဲရောက်နေသည်။
"ဟင် ရှင်တို့က ဘယ်သူလဲ ကားရပ်စမ်း လွှတ်
ငါ့ကိုလွှတ် "
"တိတ်တိတ်နေစမ်း ကောင်မ "
လက်ဝါး ရိုက်ချက်ကြောင့် သူမ နောက်ထပ်တစ်ခါ မေ့သွားပြန်သည်။
ဦးအာဏာ သံစဥ့် ပါးလေးကို ကိုင်ပြီး
"သနားပါတယ် ငါ့တူမရယ် ဒါပေမဲ့ ဘယ်လိုလုပ်မလဲ
မင်းကြောင့်နဲတော့ ငါ့ရဲ့ အစီစဉ်တွေ အပျက်မခံနိုင်ဘူး "
"ဖွီး အဲ့ဒီ ရွံ့စရာကောင်းတဲ့လက်နဲ့ ကျွန်မအသားကို
မထိနဲ့ "
"ငါ့ကို တံတွေးနဲ့ ထွေးတယ်ပေါ့ အစက သက်ညှာပေး
မလို့ဘဲ နင်က ဒီလိုလုပ်လာတော့ ငါလည်း အမှောက်
ထောင်ပြရမှာပေါ့ ကဲဟယ် ဖြန်း ဖြန်း"
သူမ ပါးလေး လည်း ယောင်နေပြီ သွေးများစွာလည်း
ထွက်လို့ သူမ အရမ်းကိုနာကျင်နေပြီ
"ခင်များ ဘာလုပ်တာလဲ သံစဥ့်ကို မထိနဲ့ "
"နားငြီးတယ် ဒီကောင်ကို ပါးစပ်ပိတ်သွားအောင်
ဆုံးမ လိုက်ကြကွာ"
နေ ကိုယ်ကို ကျရောက်လာသော ရိုက်ချက်ပေါင်း များစွာ
သူလည်း အသားတွေကြွေ မွ နေပြီး တစ်ကိုယ်လုံးလည်း
အားအင်မဲ့နေပြီး သတိတော့ အလွတ်မခံ သူသတိကို
လက်ကိုင်ထာမိသည်။
ခ ဂိုထောင်သို့ တိတ်တိတ်လေး ဝင်လာသည်။
ခိုးဝင်လာရင်း လူမိသွားသောကြောင့် ဖိုက်တာ လုပ်ရပြန်သည်။
သူ လူတစ်ချို့ကို ဖြတ်သန်းသွားပြီး တွေ့လိုက်ရသော
အကျဉ်းတန်လှသည့် မြင်ကွင်း
"ဒယ်ဒီ တော်သင်ပြီ ဒယ်ဒီလုပ်ရပ်တွေကို ရပ်တန်းက
ရပ်လိုက်ပါတော့"
"ဟင် ခ "
"ဟုတ်တယ် ခ ခင်များရဲ့သား ဒါမဲ့ ခင်များလို မယုတ်မာဘူး"
"ခ ဒယ်ဒီလုပ်နေတာတွေ အကုနိလုံးက မင်းအတွက်ချည်းဘဲ
ဆိုတာ မင်းနားမလည်ဘူးလား"
"အဟက် ကျွန်တော်အတွက် ဟုတ်လား ခုကျွန်တော်
ဘာများ အကျိုးခံစားရလို့လဲ ဒယ်ဒီလုပ်ရပ်ကြောင့်
ကျွနိတော် အရှက်ကွဲတာဘဲ အဖတ်တင်တယ်
ဒယ်ဒီလုပ်ရပ်တွေကို ကျွန်တော်အကုန်သိတယ်"
"မင်းက ဘာမျသိလို့လဲ"
"resort ကိုကြံစည်တာလည်း ဒယ်ဒီဘဲ ပြီးမမကို
ကြံစည်တာလဲ ဒယ်ဒီဘဲ တီလေး သေတာကလည်း
မရိုဘူထင်တယ်"
"ဟုတိတယ် မေသွင်ကို ငါကိုယ်တိုင် သတ်ခဲ့တာ
အဲ့တော့ ဘာလုပ်ချင်တာလဲ"
"တော်ပြိ နားထောင်နိုင်စွမိးမရှိတော့ဘူး"
ခ သံစဉ်ဆီ သွားပြီး မမ ဘာဖြစ်သွားသေးလဲ"
"ဟင် ခ မမကို လာကယ်တာလား"
"မမ မကြောက်နဲ့ ခ ရှိတယ်နော်"
"သွေး သွေးကို ကယ်ပါဦး ခရယ်"
"စိတ်ချပါ"
ကောင်း တစ်ယောက် အိမ်ထဲ ထိုင်နေရင်း မညိုရောက်လာသည်။
"ကောင်း ကောင်း "
"ဟင် မညို ခရော ခ အဆင်ပြေရဲ့လား"
"အဲ့ဒါနောကိမှမေး ခက မြို့ပြငိက ဂိုထောင်ကို
ရဲတွေခေါ်ပြီး လာခဲ့တဲ့ အဲ့မှာ မမလေး တို့ကို
ဖမ်းထားတယ်"
"တကယ် ok မညို ကျေးဇူး"
"အေး ငါလည်း မရတော့ဘူး အိပ်ဆေးမိထားတယ် ဝါး"
မညို ဧည်ခန်းထဲဘဲ ဝင်အိပ်နေလိုက်သည်။
ကောင်း ရဲစခန်းကို အကြောင်းကြားပြီး ဂိုထောင်သို့
လာခဲ့သည်။
ခ သံစဉ်နှင့် နေကို ကြိုးဖြေပေးနေသည်။
ဦးအာဏာ ဘာမှ မပြောမိ သူဆူးခက် ဆိုသော
မိန်ကလေး မြန်မြန်ရောက်လာဖို့သာ ဆုတောင်းနေမိသည်။
ထိုစဉ် ကြားလိုက်ရသော ကားသံ ဦးအာဏာ
မျက်နှာ မှာ အပြုံးဆင်လိုက်သည်။
"မင်း ဒယ်ဒီကို မလွနိဆန်နိုင်ပါဘူး ခ"
"ဘာလို့ မလွန်ဆန်ရဲ့ရမှာလဲ"
"ဟိုမှာ ဘယ်သူလဲ ကြည့်လိုက်ပါဦး"
"ဟင် မမ "
"ခ ဆူးကို ကယ်ပါ "
"ဒယ်ဒီ ဒီကိစ္စ မနဲ့ ဘာမှ မပတ်သက်ဘူး မကို လွှတ်လိုက်ပါ"
"လွှတိစရာလားကွ မင်းလည်း ဒီကိစ္စနဲ့ ဘာမှ မပတ်သက်ဘဲ
ဝင်မပါနဲ့လေ "
"ပတ်သက်လွန်းလို့ကို ဝင်ပါရတာပေါ့ ခ ဆိုတာ
ဒယ်ဒီ့သား အဖေရဲ့ ကိစ္စက သားနဲ့လည်း သက်ဆိုင်တယ်လေ"
ထိုစဉ် သခင်ကြီး ရဲတွေ ရောက်လာပြီ
"ဘာ လတ်စသတ်တော့ ခ မင်းခေါ်လာတာလား"
"ခ က ဒယ်ဒီ့သားပါ ဒယ်ဒီရှေ့တော့ ခြေတစ်လှမ်းလှမ်းသင့်တာပေါ့"
"သားက အဖေကို စိန်ခေါ်တော့လည်း အဖေက ရှေ့ထွက်ရမှာပေါ့"
ဦးအာဏာ မိုးမြင့်ကို အချက်ပြလိုက်သည်။
သူကိုယ်တိုင်ကလည်း သံစဥိကို သေနတ်နဲ့ ချိနိရွယ်ထားသည်။
ထိုစဉ် ထွက်ပေါ်လာသော သေနတ်သံ နှစ်ချက်
ပစ်မှတ်က ဆူးနဲ့ သံစဉ်ပါ သို့ပေမဲ့
အချစ်သူရဲကောင်း တွေ တိုက်ပွဲဝင်လိုက်ကြသည်။
ခဆူးကို ကာကွယ်ပေးလိုက်သဖြင့် မိုးမြင့်ရဲ့သေနတ်
ကျည်ဆံက ခရဲ့ ကျောပြင်ဆီသို့
ထိုနည်းတူစွာ နေလည်း သံစဉ်ကို ကာကွယ်ရင်း
ဦးအာဏာရဲ့ ကျည်ဆံက သူ့ ဘယ်ဘက်ရင်အုံသို
ကောင်းနောက်ကျခဲ့ပြီ မြင်ရသော မြင်ကွင်းကြောင့်
ကောင်း ရင်ထဲနာကျင်ကာ ကိုယ်ကိုယ်ကိုယ် အပြစိတငိမိသည်
သူအော်ခေါ်မိသော နာမည်
" ခ "