သူမရဲ့ဖက်လုံးလေး
သူမရဲ့ဖက်လုံးလေး
သူမရဲ့ဖက်လုံးလေးဖြစ်ချင်တယ်
သူမအိပ်စက်တဲ့အခါတိုင်း
သူမရဲ့ရင်ခွင်နန်းတော်မှာ
အဖော်မွန်တစ်ယောက်အဖြစ်
အမြဲခွင့်ပြုပေးထားတယ်
သူမ ပျော်ရွှင်ချိန်မှာဖြစ်ဖြစ်
စိတ်လှုပ်ရှားချိန်မှာဖြစ်ဖြစ်
သူမ လက်ချောင်းနုနုလေးတွေရဲ့
ထိတွေ့မှုကိုခံစားရတယ်
သူမ တခါတလေစိတ်တိုတဲ့အခါ
ထုရိုက်ကိုင်ပေါက်ဖို့အတွက်တောင်
အသုံးချခံ အသုံးဝင်တယ်
နောက်ဆုံး
သူမ ငိုကြွေးခဲ့ရင်တောင်
သူမရဲ့ပါးပြင်ထက်ကမျက်ရည်တွေ
ခန်းခြောက်ဖို့အတွက်
စိုစွတ်ခွင့်ရတယ်လေ
သူမရဲ့ဖက်လုံးလေးဖြစ်ချင်တယ်.......