အချစ်ဟုခေါ်သည်(၂)
အချစ်ဟုခေါ်သည်(၂)
'အိမ်ရှေ့မှာ ကားရပ်သံကြားတယ်။
မိလုံး နင့်အကိုလေးကို တံခါးဖွင့်ပေးလိုက်ဦး'
'ဟုတ်ကဲ့ '
မိလုံးပြေးထွက်သွားပြီး မကြာပါ။ယောကျာ်းလေးနှင့်မှ မတော် ဆံပင်ရှည်ကြီးနှင့် ဟစ်ဟော့ အဆိုတော် သားတော်မောင် ရောက်လာပါပြီ။
'ဒယ်ဒီ သားကို စောင့်နေတာလား'
'မျက်နှာချိုသွေးမနေနဲ့စွမ်း။ပရိုဂျူဆာနဲ့ ညစာစားမယ်ဆိုလည်း ငါ့ကိုတော့ ကြိုပြောပေါ့။ခုတော့ သမီးလေး ပြောပြမှသိရတာ'
'ဟီး ဒယ်ဒီကလည်း'
'တော်တော် သွားဖြဲပြမနေနဲ့စွမ်း။ငါနွားပွဲစား မဟုတ်ဘူး။သွားအိပ်တော့'
'ဟုတ်ကဲ့ ဒယ်ဒီ'
ဒယ်ဒီ့ဆီမှ Permit ရသည်နှင့် စွမ်းအိပ်ခန်းထဲ ပြေးဝင်ကာ အိပ်ရာပေါ်လှဲချလိုက်သည်။မျက်လုံးထဲမှာတော့ ရတုခေတ်ရဲ့ အမှောင်ထဲက ပုံရိပ်များကို ပြန်မြင်ယောင်မိသည်။
'ကောင်မလေးရယ်။ဖြစ်နိုင်ရင် မင်းနဲ့ အပြင်မှာ ထပ်တခါဆုံချင်ပါသေးတယ်ကွာ။မင်းလေးကို သေသေချာချာ မြင်ချင်သေးတယ်'
သူတွေးရင်း အိပ်ပျော်သည်ထိ အတွေးထဲ နေရာယူနေတာက ရတုခေတ်။
'အန်ကယ်လ်ရေ စွမ်းရော'
'အိပ်နေတယ် သမီးရေ။ဖင်ကြွက်ဝင်မှ ထမဲ့ကောင်'
'ဟုတ် သမီးသွားနိုးလိုက်အုံးမယ်အန်ကယ်လ်'
သက်လှယ်ပြောပြီးအိမ်ပေါ်ကိုတက်ခဲ့သည်။ဒီနေ့ ကျောင်းသွားခါနီးမှ ကားပျက်နေ၍ လိုက်ပို့ဖို့ ပြောမည်ဆိုမှ ဖင်ကြွက်ဝင်မှ ထမဲ့သူက အိပ်နေတုန်း။နိုးရဦးမယ်။
'ဟဲ့ စွမ်း ထတော့ ဒေါက် ဒေါက် ဒေါက် စွမ်း ထတော့'
'ဘာလဲ မိချစ်မ ရာ။တံခါးတွန်းပြီးဝင်ခဲ့'
'ဝင်တော့ဘူး။နင်ထတော့ ။ငါ့ကို ကျောင်းပို့ပေး။ငါ့ကား ပျက်နေလို့'
'အေးပါ မိချစ်မရယ် ငါပြင်စရာရှိတာ ပြင်ပြီးဆင်းခဲ့ပါ့မယ်။ဟုတ်ပြီလား'
'အေအေ ဆင်းလဲလာ ရုပ်လည်း ဖျက်လာဦးနော်။နင့် fan တွေနဲ့ တွေ့မှ ငါ့ကျောင်းမရောက်ဘဲ ဖြစ်နေမယ်'
'အေးပါ ဆရာမကြီးရယ်။နင် အဆင်ပြေစေရမယ် ဟုတ်ပြီလား'
'ပြီးရော'
သက်လှယ် အောက်ထပ်သို့ပြန်ဆင်းလာကာ ထိုင်စောင့်နေလိုက်သည်။
ဘာဘဲပြောပြော စွမ်းကို သက်လှယ် ခင်ပါသည်။အမြဲတမ်း သူ့ပြသနာတွေရှင်းကူရပေမဲ့ သူမလိုတိုင်းလည်း အမြဲကူညီတတ်သော သူ့ကို သူမ ခင်တာထက် ပိုတာကိုတော့ ဘ
်ယ်တော့မှ ပြောမှာ မဟုတ်သလို မသင့်တော်ပါဘူးလေ။
'မိချစ်မ သွားမယ်'
'အေးအေး'
စွမ်းတို့ကားလေးပေါ်တက်ကာ မိချစ်မကို ကျောင်းပို့ပြီး အပြန်တွင်တော့ ဘာရယ်မဟုတ်။ရတုခေတ်တို့ လမ်းဘက်သို့ သူကားလေးမောင်းခဲ့သည်။
'ဟော တွေ့လိုက်ပါပြီသူမကို'
သူမနေ့ညက သေသေချာချာ မမြင်ခဲ့ရသော်လည်း ဒီခန္ဓာကိုယ် အချိုးအစားနှင့် လက်မောင်းမှာ ဖြစ်သလို စီးထားတဲ့ ပတ်တီးကြောင့်သူမမှန်း သူချက်ချင်းသိလိုက်သည်။
ပေါင်လယ်လောက်ရှိသော ဂါဝန်တို အဝါရောင်နှင့် နီရဲနေသော ဆံပငိများကို အကြေကောက် ကောက်ထားသော သူမပုံစံက မိန်းကလေးတစ်ယောက်ရှိသင့်သော ပုံစံမဟုတ်။
ဘာကြောင့်မှန်းမသိ
် မြန်မာဆန်ဆန်ဝတ်ဆင်တတ်ပြီး အိနြေ္ဒရှိလှတဲ့ တက္ကသိုလ် ကျူတာဆရာမလေး ချစ်သက်လှယ်နဲ့ ယှဉ်မိနေပြန်သည်။
'ဟာ တောက် သွားစမ်းဟာ'
'ဂိန် ဂိန် ဂိန်'
ရတု အနားကို အမြီးနှံ့ကာ ရောက်လာသော ခွေးပိန်လေးကို ခြေထောက်နှင့် ပိတ်ကန်ထုတ်လိုက်သည်။ထိုသို့ ပွတ်သီးပွတ်သပ်နှင့် နူးညံ့တဲ့ အမူအရာမျိုးကိုသူမ မုန်းသည်။နူးနူးညံ့ညံ့ဆက်ဆံလာသမျှကိုလည်း သူမ ဂရုမစိုက်ခဲ့။ဒါကြောင့်လည်း အများအမြင်မှာ ခက်ထန်လာရသည်။
မသိဘူး ဒါတွေ ရတု မသိဘူး။ရတု သိတာက နူးညံ့ခြင်းက နာကျင်စေသည်။ရတုအတွက် ကောင်းကျိုးမပေး။ဖြစ်သမျှအကြောင်း အကောင်းဆိုပေမဲ့ အတတိတ်က အကြောင်းအရာများကို တွေးမိတိုင်း
သူမ နူးညံ့ခြင်းကို မုန်းသည်။ရွံသည်။
ဘယ်သူမှ သူမကိုနားမလည်လည်း သူမကိုသူမနားလည်သည်။ဒါဆိုပြီးပြီပေါ့။သူမ သမိုင်းကို ရေးမှာသူမ ကိုယ်တိုင်ဘဲလေ။
'ဟား မင်းဘယ်လို ကောင်မလေးလဲကွာ။ထူးထူးဆန်းဆန်းကွာ'
ခွေးပိန်လေးကို ကန်ထုတ်ကာ တစ်လောကလုံးကို ဂရုမစိုက်သည့် ဒီဇိုင်းနှင့် ထွက်သွားသော သူမလေးကိုကြည့်ကာ စွမ်းစိတ်ဝင်စားလာသည်။
'တနေ့တော့ ကို မင်းဘေးအရောက်လာမယ် ဂျွတ်ဆတ်မလေးရေ'