LG Q6

in #lg7 years ago

by TINA | 5.7.2017

Data charges may apply
LG Q6 နာမည်နဲ့ ထွက်ရှိလာမယ့် LG ရဲ့ Mini G6
LG က flagship စီးရီးတွေထဲက mini version ကို မေလအစပိုင်းကတည်းက စပြီးလုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းတွေအရ Screen အရွယ်အစားကို 5.7 လက်မကနေ 5.4 လက်မအထိ လျော့ချထားတာဖြစ်ပြီး 18:9 aspect ratio ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့နောက်ကျောဘက်ဒီဇိုင်းကိုတောင် အသေအချာ မသိရှိရသေးတာကြောင့် LG က ဒီပရော့ဂျက်ကို ဆက်လုပ်နေသေးလား ရပ်ထားလားဆိုတာ မသေချာပါဘူး။ ယုံကြည်လောက်တဲ့ Phone tipster တစ်ဦးဖြစ်သူ Blass ကတော့ ဒီစမတ်ဖုန်းက အမှန်တကယ်ဆိုတာကို အတည်ပြုခဲ့ပြီး LG Q6 လို့ ခေါ်တယ်လို့လည်း အတည်ပြုထားပါတယ်။ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ရတာနဲ့ ထွက်ရှိလာမယ်လို့လည်း သူက ဆိုပါတယ်။ ဒီစမတ်ဖုန်းရဲ့ အနောက်ကင်မရာအတွက် 13MP ကင်မရာအသုံးပြုထားပြီး RAM 3GB ပါဝင်ပါတယ်။ Screen ရဲ့ အချိုးကတော့ 18.5:9 ရှိပြီး LG G6 နဲ့ တူပါတယ်။ သို့သော်လည်း တိတိကျကျပြောရရင်တော့ ဒီနှစ်ရဲ့ Galaxy S8 နဲ့ Galaxy S8 Plus ရဲ့ အချိုးနဲ့ အတူတူပါပဲလို့ Blass က ဆိုပါတယ်။ ကံမကောင်းစွာနဲ့ပဲ အခြားလုပ်ဆောင်ချက်တွေကိုတော့ မသိရသေးပါဘူး။ ဒီစမတ်ဖုန်းရဲ့ အခြားလုပ်ဆောင်ချက်တွေနဲ့ ဈေးနှုန်းတွေကို မသိရသေးပေမယ့် Snapdragon 821 processor ကိုပဲ အသုံးပြုမယ်လို့ ယူဆရပါတယ်။ LG G6 မှာတော့ Wide Angel ကင်မရာအသုံးပြုခဲ့ပေမယ့် အခုထွက်ရှိလာမယ့် Q6 ကတော့ ကင်မရာတစ်လုံးတည်းဖြစ်တာကြောင့် ဒီပံ့ပိုးမှုတွေ မပါဝင်နိုင်ဘူးလို့ ခန့်မှန်းရပါတယ်။ ပြီးတော့ ဒီစမတ်ဖုန်းအသစ်မှာဆိုရင် bezel ကို အနည်းငယ်တော့ ချုံထားမယ်လို့ မျှော်လင့်ရပေမယ့် အသေးစိတ်အချက်အလက်အားလုံးကို သိရှိဖို့ကတော့ စောင့်ကြည့်ရမှာပါပဲ။ LG က mini version စမတ်ဖုန်းတွေကို အရင်တုန်းကလည်း ထုတ်ပြန်ခဲ့ပြီး သိသိသာသာပဲ Samsung ၊ Apple တို့နဲ့ အပြိုင်ရောင်းချခဲ့တာပါ။ မကြာခင်မှာပဲ LG Q6 ရဲ့အကြောင်းကို ပြည်ပြည့်စုံစုံ သိရှိလာရတော့မှာလည်း ဖြစ်ပါတယ်။

Credit : သံစဉ်ချို

Ref : Net guide Journal
image

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59329.35
ETH 2613.53
USDT 1.00
SBD 2.44