လုံ့လ ဝိရိ နဲ့ ညဏ်ပညာ (Diligence and good idea)
အပိုင်း ( ၁ )
Part ( 1 )
လုံ့လဝိရိယဆိုတာ လူ့လောကကြီးမှာ အသက်ရှင်နေထိုင်သူတိုင်း မရှိ
မဖြစ်ရှိသင့်တဲ့ အရာပါ ။ လူတွေတင်မကပါဘူး ၊ တိရိစ္ဆာန်တွေ အတွက်
လည်း မရှိမဖြစ်တဲ့ အရာပါ ။ ကျားတစ်ကောင်ဟာ သားရဲတစ်ကောင်ကို အမဲလိုက်မယ်ဆိုရင်တောင်မှ ထိုသားရဲကို ချက်ချင်းရတာမဟုတ်ပဲ ။ လုံ့လ
ဝိရိယတွေထုတ်ပြီး အမောဆို့တဲ့ထိ လိုက်ဖမ်းဆီးပြီးမှ ဝမ်းရေးဖြည့်ပြီး
စားသောက်ကြရတာပါ ။
ဥပမာတစ်ခုအနေနဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့တင်ပြချင်ပါတယ် ။ ဒီပုံပြင်
လေးကတော့ လူတိုင်းကြားဖူးနေကျဖြစ်မှာပါ ။ တစ်ခါတစ်လေ တရားတိတ်
ခွေတွေဘာတွေမှာတောင် ကြားရလေ့ရှိတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ ။ ငယ်ငယ်
ကလည်း လူကြီးတွေပြောပြခဲ့ဖူးပါတယ် ။
တံငါသည်ကြီးတစ်ယောက်ဟာ သူရဲ့ ဝမ်းရေးနဲ့ မိသားစု စားဝတ်
နေရေးအတွက် တံငါအလုပ်ကိုလုပ်ကိုင်ရပါတယ် ။ အဲ့ဒီတံငါသည်ဟာ ပင်
လယ်ထဲကို ငါးရှာထွက်ရင်း တစ်နေ့ သူ့ရဲ့ပိုက်ကွန်မှာ ငါးသုံးကောင်ဖမ်းမိခဲ့
ပါတယ် ။ မိထားတဲ့ငါးလေးသုံးကောင်ကို ပိုက်ကွန်ကနေဖြုတ်ပြီး လှေရဲ့ဝမ်းဗိုက်ထဲကို ထည့်ထားခဲ့ပါတယ် ။ အဲ့ဒီငါးသုံးကောင်ထဲက တစ်ကောင်
ဟာ အစာစားနေရင်း ပိုက်ကွန်ထဲမှာ ငြိခဲ့ရတဲ့အတွက် အစာမဝခဲ့ရပါဘူး ဒါ
ပေမယ့် သူတွေးနေတာက
" ငါနောက်နေ့မကူးခင်များ ဒယ်အိုးထဲရောက်မ
လားမသိဘူး ၊ ဒါပေမယ့် ကံမကုန်ရင်တော့ ပင်လယ်ထဲမှာ ငါပြန်ပြီး အ
သက်ရှင်နိုင်ပါတယ် လေ ၊ သတ္တဝါဆိုတာကလည်း သေတစ်နေ့ မွေးတစ်နေ့
သေနေ့စေ့ရင်တော့သေရမှာပဲ ၊ မသေရသေးဘူးဆိုရင်တော့ သူပြန်လွှတ်မှာပါလေ ၊ ကံသာလျှင် အမိ ကံသာလျှင် အဖပဲ ၊ ဒါကြောင့် ငါ့ရဲ့ ကံတရား
ကိုပဲ ငါအားကိုးတော့ "
ဆိုပြီးတော့ သူ့ရဲ့အသက်ကို ကံအပေါ်ပဲ ပုံချကာ လှေရဲ့ဝမ်းဗိုကတစ်နေရာ
မှာ လှုပ်ရှားမှုမလုပ်ပဲ အဲ့ဒီလို စဉ်းစားတွေးတောနေပါတယ် ။ သူဟာ ညဏ်
လည်းမထုတ် ဝိရိယလည်းမသုံးပဲ ကံကိုယုံကာ အေးအေးဆေးဆေး နဲ့ ပျင်း
ရိစွာနဲ့ တွေးတောနေတာပါ ။
နောက်ထပ်ငါးတစ်ကောင်ကတော့ သူ့လိုငြိမ်နေတာမဟုတ်ပဲ
" ငါဟာ ကံတရားကိုပဲ အားကိုးနေရင် ဟောဒီပင်လယ်ထဲမှာ အဖော်တွေနဲ့
ပျော်ရတော့မှာ မဟုတ်ဘူး ၊ ငါနဲ့ဘဝတူ ငါးတွေ ငါ့ရဲ့အပေါင်းအသင်း သူ
ငယ်ချင်းတွေကို အခုလို ဒီတံငါသည်က ဖမ်းပြီး သတ်ဖြတ်နေတာတွေ များ
လှနေပြီ ၊ ဒီလူရဲ့ လက်ထဲကိုရောက်တာဟာ သေမင်းရဲ့လက်ထဲကို ရောက်
နေတာနဲ့ အတူတူပဲ ၊ ကံကိုအားကိုးနေလည်း ငါ့အတွက် ဘာမှ ထူးလာ
တော့မှာ မဟုတ်ပါဘူးလေ ။ ဒါကြောင့် လုံ့လဝိရိယနဲ့ လွတ်မြောက်အောင်
ငါကိုယ်တိုင်ပဲ ကြိုးစားတော့မယ် "
တွေးပြီးတော့ လှေရဲ့ ဝမ်းထဲမှာ ခုန်ပြီးရင်း ခုန်နေပါတယ် ။ သူ့ရဲ့ စိတ်ထဲမှာ
တော့ အချိန်ရှိခိုက် လုံ့လစိုက်ရမယ် ၊ အခုအချိန်မှာ ငါ့ရဲ့လုံ့လဝိရိယဟာ ငါ့
ရဲ့ကံတရားပဲလို့တွေးပြီး ခုန်ထွက်နေတာဖြစ်ပါတယ် ။ ဒါပေမယ့် လှေရဲ့ဝမ်း
ကကြီးတော့ သူဘယ်လိုပဲ ကြိုးစားကြိုးစား ထွက်မရဖြစ်နေပါတယ် ။ အဲ့ဒီ
လို တဖျပ်ဖျပ် ခုန်နေတာကို ကိုတံငါသည်ကြီးကတွေ့တဲ့အခါ
" ဒီငါး အခုလိုခဏခဏခုန်နေတာ ကြာကြာထားရင် ငါစားရတော့မှာ မ
ဟုတ်ဘူး ၊ ဒါကြောင့် ဒင်းကို ပညာပေးမှရမယ် "
ဆိုပြီးတော့ ခေါင်းကို အသင့်ပါလာတဲ့ သစ်သားတုတ်နဲ့ ထုချလိုက်ပါတယ် ။ အဲ့ဒီအခါမှာတော့ လုံ့လဝိရိယ အပြည့်နဲ့ကြိုးစားနေတဲ့ ငါးဟာ အရင်ဆုံးပဲ
သေမင်းနဲ့တွေ့သွားခဲ့ရတာပါတယ် ။
အပိုင်း( ၂ ) ကိုဆက်လက်အားပေးပါအုံးခင်ဗျာ
Author - @henryba (Aung Ko Oo)
Thanks you all .................
Thank you for collaborating with me to promote this post as explained at https://steemit.com/steemit/@jerrybanfield/10-ways-to-fund-a-steem-growth-project.
Thank you so much, for your support brother
@jerrybanfield
Good .....👍👍
Thanks bro ☺
ရေးတတ်လိုက်တာ ....
ကျေးဇူး 😍
😊😊😊
😝