မိတ်ဆွေ (၃) မျိုး

in #knowledge7 years ago

မိတ်ဆွေ (၃) မျိုး
˘˘˘˘˘˘˘˘˘˘˘˘
လောကမှာ မိတ်ဆွေသုံးမျိုး ရှိတယ်

(၁) ပထမ တစ်မျိုးက ကိုယ့်ကို ချစ်တဲ့သူ ….
သူနဲ့  တွေ့ ကြုံဆုံဆည်းရရင်တော့ စိတ်နှလုံး ချမ်းမြေ့ရတယ်

(၂) ဒုတိယ တစ်မျိုးက ကိုယ့်ကို မုန်းတဲ့သူ ….
သူနဲ့  တွေ့ တဲ့အခါကြတော့လည်း ကိုယ်က သတိထား၊ သတိရှိတဲ့သူ ဖြစ်လာတယ်
ကိုယ့်ကို မုန်းတဲ့သူဟာ ကိုယ့်အားနည်းချက်ကို အမြဲစောင့်ကြည့်နေတော့ ကိုယ်က သတိထားရင်း သတိရှိလာတယ်

(၃) တတိယ တစ်မျိုးကတော့ ကိုယ့်ကို ဥပေက္ခာပြုတဲ့သူ ….
သူကတော့ ကိုယ့်ကို စိတ်မဝင်စားဘဲ ကိုယ်ဘာဖြစ်ဖြစ် ဘယ်လိုမှ မခံစားတဲ့အခါကျတော့ ကိုယ့်ကိုယ်ကို အားကိုးတတ်တဲ့သူ ဖြစ်လာတယ် ကိုယ့်ကိုယ်ကို ကြိုးစားလုပ်ဆောင်တတ်တဲ့သူ ဖြစ်အောင် သူက ညွှန်ပြပေးတယ်

♦︎♦︎♦︎♦︎♦︎♦︎♦︎

ဒါကြောင့် သူတို့ သုံးမျိုးလုံးဟာ မိတ်ဆွေတွေပဲ ဖြစ်တယ်
သူတို့ ဟာ တကယ်တော့ သင့်အတွက် ကျေးဇူးတင်စရာကောင်းတဲ့ သူတွေ ဖြစ်တယ်

(ဆရာနန္ဒာသိန်းဇံရဲ့  မိတ်ဆွေအပေါင်းအသင်းနှင့် ခရီးသွားခြင်းမှ ကောက်နှုတ်ချက်)

quote-real-friends-are-those-who-when-you-ve-made-a-fool-of-yourself-don-t-feel-that-you-ve-done-a-erwin-t-randall-349743.jpg