ဝက်စတူးဟင်း

in WORLD OF XPILAR4 years ago

တစ်နေ့ကတော့ 🏠အိမ်မှာ ဝက်စတူး ချက် စားဖြစ်
ခဲ့ပါတယ်။ ကျွန်တော့် လက်ရာ စစ်စစ်ပေါ့။
ဟင်းချက် လက်ရာက ကိုယ်တိုင် စစ်ပေမယ့်
အသား တုံးလှီးပေးသူကတော့ ယောက္ခထီး ပါ။

ဝက်စတူး ချက်တယ် ဆိုလို့ အထင်တော့ သိပ်မကြီးကြနဲ့ဗျ။
ရမ်းတီးတဲ့ မာစတာချပ် ပါဗျာ။

ပထမဆုံး ဝက်သား ကို ဂျင်း၊ သကြား၊ ကြာညို့၊ နာနတ်ပွင့်၊
ငံပြာရည် စသည်တို့ဖြင့် လုံးနှပ် လိုက်ပါတယ်။
ထို့နောက်တော့ ကြွက်နားရွက်မှိုခြောက်လေးတွေ ထည့်ပြီး
နှစ်ရေလောက် ပြုတ်လိုက်ပါတယ်။

IMG_20200530_080355.jpg

ဝက်သားတုံး နူးအိနေပြီ ဆိုတော့မှ အဖတ်တွေကို ဆယ်
ထည့်လိုက်ပါတယ်။
အဲ့ဒီနောက် ဝေ့တတ်နေတဲ့ ဆီရည်တွေကို ခပ်ထုတ်ပစ်လိုက်ပြီး
ဟင်းရည်ထဲကို ကန်စွန်းရွက် ထည့်ပြုတ်လိုက်ပါတယ်။

ပြီးမှ ခုဏက ခပ်ထားသော ဝက်သားတုံးတွေ ပေါ်သို့
ကန်စွန်းရွက် ဟင်းရည် လောင်းထည့်လိုက်ပြီး စားကြပါတယ်။

ဆိုင်လက်ရာ မမှီနိုင်ပေမယ့် ကိုယ်တိုင်ချက်လေးကလည်း
နာနတ်ပွင့် အနံ့ မွှေးမွှေးလေးအပြင် ငရုတ်ကောင်းလေးပါ
ထပ်ဖြူးလိုက်တော့ အရသာ တစ်ကယ် ရှိလှပါတယ်ဗျာ။

Sort:  

Hey, love your food post. We've given you an upvote and encourage consider moving to Hive.We've moved our community to the #hive blockchain. You should consider joining us there and continue earning #foodie tokens.

Join us on the Foodie Bee Hive

Keep up the good work, hope to see you on Hive.

Thank You

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62720.27
ETH 2447.07
USDT 1.00
SBD 2.64