Community

in MSC5 years ago

IMG_4862-01.jpeg

Justin လက်ထက် ပြောင်းလဲမှုများကတော့ တဖြည်းဖြည်း သိသာလာ၊ မြင်လာရပြီ ဖြစ်၏။ တဒင်္ဂလား၊ ရေရှည် ဖြစ်ပေါ်၊ ဖြစ်မြောက် လာနိုင်မလားကိုတော့ ဆက်လက် စောင့်ကြည့်ရပေလိမ့်ဦးမည်။ သူ့အနေဖြင့်လည်း ပိုက်ဆံ အကုန်အကျ ခံပြီး Ned ၏ လက်ထဲကနေ steemit ကို ဝယ်ယူထားရခြင်း ဖြစ်သဖြင့် steemit တိုးတက်အောင် လုပ်ဆောင်ရမည်သာ ဖြစ်၏။ သို့မှာသာ သူ့အတွက်လည်း အကျိုးအမြတ် များမည် မဟုတ်လား။ ကိုဟင်၏ ပြောစကားများအရ steemit ကအနေ အချိန်အတော်ကြာ အနားယူ၊ ပျောက်ကွယ်နေသည့် သူများတောင် CEO အပြောင်းအလဲ သတင်းကို စိတ်ဝင်တစား စောင့်ကြည့်ပြီး သုံးသပ် ဝေဖန် နေကြသည် ဆို၏။

Steemit ကို တော်တော် ချစ်သည့် သူများဟုပင် ဆိုရပေလိမ့်မည်။ ကျနော်တို့လည်း ဘာထူးလို့လဲ။ steemit ကို ချစ်လို့ MSC ဆိုပြီး Community လေးဖွဲ့ကာ မြန်မာ များ တစုတစည်းထဲ ချီတက်လာခဲ့တာ (၂) နှစ်ပင် ကျော်လာခဲ့ပြီ ဖြစ်၏။ (၂) နှစ်ကျော် ကာလအတွင်းမှာ အပြောင်းအလဲများ၊ အနိမ့်အမြင့်၊ အတက်အကျ များစွာ ကြုံခဲ့ရ၏။ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင်ရသလို၊ ပျော်ရွှင်မှုများလည်း ရှိခဲ့၏။ အသိမိတ်ဆွေ အချို့ တိုးခဲ့ရသလို၊ အသိမိတ်ဆွေ အချို့နှင့် လမ်းခွဲ ခဲ့ရ၏။ ဝမ်းလည်း နည်းရသလို၊ ဝမ်းလည်း သာရပြန်၏။

Screenshot_2020-02-23-18-16-00-346_com.android.chrome.png

Justin လက်ထဲ ပြောင်းလဲ လာမှု နှင့်အတူ MSC လည်း တရွေ့ရွေ့ တဖြည်းဖြည်း ဆက်လက် ချီတက်လာခဲ့၏။ မနေ့က ကိုဟင်က MSC community ဆိုပြီး steemit မှာ community ဖွဲ့လိုက်၏။ ယခု steemit update မှာ ထို feature ပါ ပါဝင်လာခဲ့၏။ တကိုယ်တော် အမြင်ကတော့ ထို community ဖန်တီးခွင့်၊ လုပ်ဆောင်ခွင့် ပေးလိုက်ခြင်းက ကောင်းသည်ဟု ပြောလို၏။ မြန်မာ အထူး သဖြင့် ကျနော်တို့ MSC member တွေ၏ ပိုစ့်များကို တစုတစည်းထဲ ကြည့်ရ၊ မြင်ရ နိုင်၏။ အားလုံး တနေရာထဲ တစုတစည်းထဲ ဆိုတော့ ရှာရ ပြုရ vote ပေးရ လွယ်သည် မဟုတ်လား။

နောက်တချက်က ကိုဟင် ပြောပြထားသလို community coin များ ထုတ်ခွင့် (SMT project အရ) ရလာသည့် အခါ MSC အနေဖြင့် coin ရှိပြီးသား စုထားပြီးသား ဖြစ်သွားနိုင်သည် မဟုတ်လား။ steemit ခရီးလမ်းက အရှည်ကြီး ဖြစ်၏။ ခုထိ လျှောက်လှမ်း လာခဲ့တာ ဘယ်နေရာ ရောက်ပြီဟု ပြောလို့ မရသေးပေ။ ဘာတွေ ဆက်ဖြစ်လာဦးမည်ကလည်း မပြောတတ်သေးပေ။ သေချာတာတော့ ကျနော်တို့ MSC သည် Steemit ခရီးလမ်းမှာ ဆက်လက် လျှောက်လှမ်း နေဦိးမည် ဖြစ်၏။ ယခင်ကလည်း လျှောက်လှမ်းခဲ့သည်။ ခုလည်း လျှောက်လှမ်း နေသည်။ နောက်လည်း လျှောက်လှမ်း နေဦးမည် ဖြစ်၏။

Steemit ၏ အပြောင်းအလဲ နှင့်အတူ MSC တခေတ် ပြန်ဆန်းလာဖို့ မျှော်လင့်ရင်း …

Don Jaun

MSC 31

Sort:  

၂၀၂၀ အထိတောင် ရောက်လာပြီးမှတော့..... ၂၀၃၀ အထိလည်း ကိစ္စမရှိဘူး.... လျှောက်ရုံပ...

အောင်ပါစေသော်ဝ် အောင်စေသော်

အောင်ရမည်

တရွေ့ ရွေ့ ချီတက်နေဦးမည်သာ

ဆ​က်​​ေ လျှာက်

အပြောင်းအလဲ ရှေ့သို့ဇွဲချီ အောင်ပွဲဆီ

နီးလာပြီ ထင်ပါ့

Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness to get one more award and increased upvotes!

အခြေအနေက..ကိုဘက်ယိမ်းလာနေပီလို့...

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 62228.71
ETH 2419.51
USDT 1.00
SBD 2.57