Paper Accessories Box

in MSC4 years ago

ဒီတစ်ခုကလိုအပ်တဲ့ပေါ့ပေါ့ပါးပါးလေးတွေထည့်လို့ရတဲ့ဘောက်စ်တွေကိုအဆင့်ဆင့်ကော်ကပ်ပြီးပုံဖော်ထားတဲ့accessories boxတစ်ခုပြုလုပ်ထားပါတယ်။ပထမအဆင့်မှာအဝိုင်းပုံအရွယ်တူboxလေးခုနဲ့အခြားအနီရောင်စက္ကူအလိပ်တစ်ခုပြုလုပ်ပါတယ်။boxလေးခုကိုလည်းအနီရောင်စာရွက်ကော်ကပ်ပါတယ်။boxရဲ့တစ်ဘက်မှာစက္ကူဖြင့်ကော်ကပ်ထားပါတယ်။ပြီးနောက်အနီရောင်စက္ကူအလိပ်မှာအရွယ်တူboxလေးခုကိုပုံအတိုင်းကော်ကပ်လိုက်ပါတယ်။
img1583209324407.jpg

img1583209240527.jpg

img1583209749666.jpg

ပြီးနောက်ပန်းပွင့်များပြုလုပ်ပါတယ်။အဝါရောင်စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီးပုံအတိုင်းအဆင့်ဆင့်ခေါက်၍ကတ်ကြေးဖြင့်ဖြတ်ပြီးပန်းပွင့်ပုံပြုလုပ်ပါတယ်။ပန်းပွင့်မှာကတ်ကြေးဖြင့်အနည်းငယ်ဖြတ်ပြီးအနားနှစ်ခုဆက်ကာ၊ပန်းပွင့်အနားတွေကိုပေတံဖြင့်ခေါက်လိုက်ပါတယ်။ထိုပန်းပွင့်လိုမျိုးနှစ်ခုစီကော်ကပ်ပြီးပန်းပွင့်များပြုလုပ်ပါတယ်။ပန်းပွင့်များကိုboxပေါ်
ကော်ကပ်အလှဆင်ပါတယ်။

img1583209697064.jpg

ဒီအဆင့်မှာလိမ္မော်ရောင်စက်ဝိုင်းပုံကတ်ထူတစ်ခုထပ်မံပြုလုပ်ပြီးခုနကboxနဲ့ဆက်လိုက်ပါတယ်။အပြာရောင်ပန်းပွင့်များလည်းဆက်လက်ပြုလုပ်ပါတယ်။ပြုလုပ်နည်းကခုနကအဝါရောင်ပန်းပွင့်ပြုလုပ်နည်းနဲ့ဆင်တူပါတယ်။စာရွက်ကိုအလျားအနံတူအောင်ဖြတ်ပြီးအဆင့်ဆင့်ခေါက်၍ပန်းပွင့်ပုံပြုလုပ်ပြီးအနားတွေမှာပေတံဖြင့်ခေါက်လိုက်ပါတယ်။ပြီးနောက်အဝါရောင်ပန်းပွင့်ပေါ်ထပ်မံကော်ကပ်လိုက်ပါတယ်။

IMG_20200301_155441.jpg

img1583209211921.jpg

img1583209288456.jpg

Written by @asterkame
MSC-008
By my photos & made by me

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 67364.26
ETH 3322.90
USDT 1.00
SBD 2.71