Space Speed ကစားရလွယ်ပါတယ်

in INVEN Gaming4 years ago

97118010_677980143055233_19127589608095744_n.png

ဂိမ်းဆိုရင်တော့ နေ့တိုင်းကစားတယ် Space Speed ကစားရလွယ်ပါတယ် သိပ်မခက်ပါဘူး သူ့ရဲ့ လျှို့ဝှက်ချက် တစ်ချို့ကို သိလာရင်တော့ အလွယ်တကူ ကစားနိုင်ပါတယ် ခန့်မှန်းတွက် ချက်မှု အားကောင်းရင် လမ်းကြောင်းကို ကြိုတင် ခန့်မှန်းလာနိုင်ပါတယ် လမ်းကြောင်းမှန်ကို တည့်မက်ပေးနိုင်ရင်တော့ အမှတ်တွေရလာမှာဖြစ်ပါတယ် ကြယ်တွေ များများ ရရင် အမှတ်များများ ရပါတယ် အဆင့်မြင့်လာတာနဲ့ ကစားရတာ ပိုမို ခက်ခဲလာပါတယ် သေချာလေး ဂရုစိုက်ကစားရပါတယ် မြန်လာရင် မျက်စိ ရှုပ်လာပါတယ် အဲ့ဒီအချိန်မှာ လမ်းကြောင်းကို တည့်မက်မပေးနိုင်ရင် ရှုံးတော့တာပါဘဲ မရှုံးအောင်ဆိုရင်တော့ လက်မြန်မှရပါမယ် မျက်စိလျှင်မှရပါမယ် နေ့တိုင်းကစားနေရင်တော့ ပိုမို လွယ်ကူစွာ ကစားလာစေနိုင်ပါတယ် အခုတလော နေ့တိုင်းကစားမိနေတယ် ဂိမ်းတွေက အများကြိးဆိုတော့ ကိုယ်ကစားနေတဲ့ ဂိမ်း မဟုတ်ခဲ့ရင် အနည်းနဲ့အများတော့ ခက်ခဲတက်ပါတယ် ဂရုစိုက်ပြီး အာရုံစိုက်ကစားရင် လွယ်လာပါလိမ့်မယ် အမှတ်များများ ရအောင် ကြိုးစားကစားနေပါတယ်

97966773_618317975437496_3998442324387430400_n.png

Score 14pt ရတာကတော့ နည်းပါတယ် ဒီထက်များများ ရသင့်ပါတယ် အဆင့်အနေနဲ့ကတော့ ထိပ်ဆုံးကို မရောက်နိုင်ခဲ့ပါဘူး ကိုယ့်ရှေ့မှာတော့ တကယ့်ကို တော်တဲ့ ကစားသမားတွေ ရှိနေခဲ့ပါတယ် သူတို့လို တော်အောင် ကြိုးစားရပါဦးမယ် နေ့စဉ်နေ့တိုင်း Dia အမြတ်ရရှိနေဖို့မလွယ်ပါဘူး တစ်ခါတစ်ရံ ဆုံးရှုံးမှုတွေ ကြုံရတက်ပါတယ် အဲ့သလို ဖြစ်တာကလည်း ပြိုင်ပွဲဝင်တိုင်းရဲ့ မထူးဆန်းသော အတွေ့အကြုံများလို့ ပြောနိုင်ပါတယ်

97372696_648309699087015_6000555807752585216_n.png

Dia 6.5 ရရှိနေတာမြင်ရတဲ့အတွက် အမြတ် အနည်းငယ်တော့ ရပါတယ် အရှုံးတော့ မဟုတ်ပါဘူး အမြတ်များများမရခြင်းသာဖြစ်ပါတယ် ပြိုင်ပွဲဝင်တွေ များနေရင်တော့ ဒီထက်ပိုမို ရလာနိုင်ပါတယ် အခုထိတော့ ပြိုင်ပွဲဝင်ကစားသမား နည်းပါးနေပါသေးတယ် Steem ပေးလျှော်ခြင်း မစတင်နိုင်သေးတာကြောင့် ကစားသူတွေ စိတ်ဝင်စားမှု အားနည်းနေတာဖြစ်နိုင်ပါတယ် မကြာခင် ကစားသူတွေ များပြားလာနိုင်ပါတယ်

ဂိမ်းကစားရန်အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါလင့်များမှ တစ်ဆင့် သွားရောက်လေ့လာ ကစားနိုင်ပါတယ် ကစားလို့ ကောင်းမွန်တဲ့ ဂိမ်းကောင်းလေးတွေကို များစွာတွေ့ရပါလိမ့်မယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

@mm7

Sort:  

This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60704.11
ETH 2452.38
USDT 1.00
SBD 2.62