Fast Knife ဓါးပြိုင်ပွဲ

in INVEN Gaming4 years ago

98333118_3037190069691708_7160272530442289152_n.png

Fast Knife ဆိုတဲ့ ဓါးပြိုင်ပွဲကိုတော့ ဒီနေ့ ကျင်းပခဲ့ပါတယ် ပြိုင်ဆိုင်သူကတော့ နည်းနေပါတယ် ပါဝင်ယှဉ်ပြိုင်ရဲတဲ့ သူ သိပ်မရှိပါဘူး ဓါးရေးကျွမ်းကျင်တဲ့ သူရဲကောင်းတွေကတော့ ပြိုင်ကြပါတယ် သူရဲကောင်းတွေထဲမှာ ဆရာကြီးဘယ်သူဖြစ်မည်လဲဆိုတာကို အချိန်တစ်ခုနဲ့ ဆုံးဖြတ်ကြပါတယ် ကိုယ့်မှာတော့ ဓါးရေးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အခြေအနေကတော့ သိပ်မကောင်းပါဘူး အခြေအနေက အောက်ဆုံးအနေနဲ့သာ အမှတ်ရရှိခဲ့တာ တွေ့ရပါတယ် ဓါးကို လွယ်ကူကျွမ်းကျင်စွာ ကစားတက်ဖို့ လေ့ကျင့်ထားမှ နိုင်ပွဲရနိုင်မှာပါ ဒီအတိုင်းပဲ ၀င်ပြိုင်တာဖြစ်လို့ အမှတ်သိပ်မရလိုက်ပါဘူး အမှတ်များများရဖို့ မျှော်လင့်ထားပေမယ့် မျှော်လင့်သလိုတော့ဖြစ်မလာခဲ့ပါဘူး
လည်နေတဲ့ စက်ဝိုင်းထဲကို ဓါးတွေ ပစ်သွင်းရတယ် ကိုယ်ပစ်လိုက်တဲ့ ဓါးတွေက တစ်ခုနဲ့ တစ်ခုထိလို့မရပါဘူး ထိတာနဲ့ ရှုံးပါတယ် မရှုံးအောင် ကစားနိုင်ရင်တော့ အနိုင်ရမှာဖြစ်ပါတယ် ဓါးရေးကျွမ်းကျင်ရင်တော့ ၀င်ပြိုင်လိုက်ပါ မိတ်ဆွေ

97548126_2516481062015719_4368290226058035200_n.png

Dia 589 ရှိပါတယ် နေ့တိုင်းပြိုင်ပွဲမှာ ၀င်ပြိုင်တော့ တစ်ရက်ကို Dia 15 ခုကုန်ပါတယ် အမြတ်အနေနဲ့ကတော့ သိပ်မရတာတွေ့ရပါတယ် နေ့တိုင်းပြိုင်နေတာဖြစ်လို့ ထိပ်ပိုင်းကို ရောက်အောင် သွားနိုင်ရင်တော့ အမှတ်တွေအများကြီးရမှာဖြစ်လို့ ကြိုးစားယှဉ်ပြိုင်နေပါတယ် စိတ်ကို တည်ငြိမ်အောင် မထားနိုင်သေးလို့ နိုင်ပွဲပျောက်ဆုံးနေတာ သုံးလေးရက်ရှိပါပြီ နောက်ရက်တွေမှာ ဒီလိုမဖြစ်အောင် ဂရုစိုက်ရပါလိမ့်မယ်

97452554_549103212700628_4278190608280977408_n.png

Rank 7 ဆိုတာက နောက်ဆုံးပါ ကိုယ့်နောက်မှာ ဘယ်သူမှမရှိတော့ဘူး ရှေ့မှာက ကိုယ့်ထက်တော်တဲ့ သူတွေချည့်ဘဲ သူတို့လို တော်တေအာင် စိတ်ငြိမ်စွာ ကစားနိုင်ဖို့လိုနေပါတယ် ဒီထက်အောင်မြင်အောင် စိတ်ကို တည်ငြိမ်စွာ ထားပြီး ကစားရမှာပါ
နေ့တိုင်း အနိုင်ရချင်ပါတယ် အမြတ်များများရအောင် ကစားချင်ပါတယ်
ပြိုင်ဆိုင်ရဲတဲ့ သူတွေအတွက်တော့ ပြိုင်ပွဲတွေက နေ့တိုင်းရှိလို့နေပါတယ် အနိုင်ရသူတွေအတွက်တော့ ဆုလာဘ်တွေ အမြတ်တွေကလည်း အများကြီးပေးလို့နေပါတယ် စိတ်ဝင်စားရင် တော့ ၀င်လာလိုက်ပါ

ဂိမ်းကစားရန်အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါလင့်များမှ တစ်ဆင့် သွားရောက်လေ့လာ ကစားနိုင်ပါတယ် ကစားလို့ ကောင်းမွန်တဲ့ ဂိမ်းကောင်းလေးတွေကို များစွာတွေ့ရပါလိမ့်မယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

@mm7

Sort:  

This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.030
BTC 56577.01
ETH 2981.05
USDT 1.00
SBD 2.14