Bounce Dot ခုန်ပေါက်နေတဲ့ ဘောလုံး

in INVEN Gaming4 years ago

101189843_835250993630150_4715704658843140096_n.png

ဘောလုံးဖြူလေး တစ်လုံး ခုန်ပေါက်နေတဲ့ ဂိမ်းဖြစ်တယ် ဘောလုံးလေးက စတင် ကစားပြီဆိုတာနဲ့ အသက်ဝင်လာတယ် သူက အပေါ်ကိုမြင့်တက်သွားနေတာဖြစ်တယ် အချိန်မှီအောက်ကို ပြန်ချပေးရတယ် မဟုတ်ရင် သူက အပေါ်ကို လွန်သွားလိမ့်မယ် အဲ့ဒိအခါမှာ ရှုံးတက်ပါတယ် အောက်ကို ချတဲ့အခါမှာလည်း စူးချွန်မဲမဲကြီးတွေကို ရှောင်ပြီးချပေးရတယ် စူးချွန်ပေါ်ကျရင်တော့ ဘောလုံးဖြူလေးက ပေါက်သွားပြီးရှုံးပြန်ပါတယ် နောက်ကိုပြန်လှည့်ဖို့တော့ စိတ်မကူးပါဘဲ ကိုယ်ကျော်ဖြတ်လာတဲ့ လမးတစ်လျှောက်က ချောက်ကမ်းပါးအစွန်လိုနေရာမျိုးပါ ကိုယ်သွားရာနောက် ပြိုကျနေတာ ပဲ့ကျနေတာ နောက်က ပဲ့ကျတဲ့ အရှိန်ကို ကျော်အောင် မနည်းပြေးရတယ်
ဂိမ်းက အဲ့သလို ခက်ခဲမှုတွေနဲ့အတူကစားရတာပါ လုပ်ဆောင်စရာ တစ်ချက်တော့ ကျန်သေးတယ် အဲ့ဒါတော့ ဒိဂိမ်းရဲ့အသက်ပါ ပြေးလွှားနေရင်း ဘောလုံးလေးကိုလည်း မသေအောင် ထိန်းရင်းနဲ့ ကြယ်ဖြူဖြူလေးတွေကို ထိမိအောင် စားပေးရတယ် အဲ့ဒါဆိုရင် အမှတ်ရတယ် ကြယ်ဘယ်နှစ်လုံးကို ထိမိနိုင်မည်လဲ များများထိမိလေ အနိုင်ရလေဖြစ်ပါတယ်
သေချာတာတော့ တစ်လုံးလောက် ထိမိနိုင်ရင်ကိုဘဲ အလွန်တော်တဲ့ ကစားသမားဖြစ်တယ်လို့ ဆိုရမယ် ဒိဂိမ်းက ခက်ခဲတဲ့ ဂိမ်းတစ်ခုဖြစ်နေလို့ပါဘဲ

100843780_1665987130217132_5462403410655444992_n.png

ဒီနေ့တော့ ကြယ်ဖြူေးလ နှစ်လုံးကိုသာ ဖမ်းစားနိုင်ခဲ့တယ် ဒါကြောင့် အမှတ်နှစ်မှတ်နဲ့ အဆင့် တစ်ခုကို ထိန်းထားလိုက်ပါတယ် အထက်မှာ တော်တဲ့ ကစားသမားတွေ ရှိနေသလို အောက်မှာလည်း မညံ့တဲ့ ကစားသမားတွေ ရှိနေပါတယ် အလယ်အလတ်တော့ ရောက်အောင် ကစားနိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ် နောက်ရက်မှ ဒီထက်ပိုမိုကောင်းမွန်ောအင် ကြိုးစားကစားပါဦးမယ် ဒိနေ့အတွက်တော့ ဒိလောက်တော့ အမြင့်ဆုံးပါဘဲ ကျန်တဲ့ ဂိမ်းတွေကိုတော့ သေချာ မကစားဖြစ်တော့ပါဘူး

100514843_250022473098459_1227656357918801920_n.png

အဆင့် 6 နဲ့Dia 9.25 ရတယ်ဆိုတော့ မဆိုးပါဘူး ဒိထက် ပိုရဖို့တော့ မမြင်တော့ပါဘူး ဘောလုံးဖြူလေး ကစားရတာ ဒီအမှတ်လောက်ရတာကိုဘဲ တော်တော်ဟုတ်နေပြီလို့ ပြောရမယ်လေ
အခြားဂိမ်းတွေကို အချိန်ပေးကစားပြီးလေ့ကျင့်ပါဦးမယ် နောက်ရက်တွေမှာ အမှတ်များများရအောင် ဂရုစိုက်ကစားပါမယ် ဂိမ်းလေးတွေက လွယ်မလိုလိုနဲ့ သိပ်တော့ မလွယ်ပါဘူး

ဂိမ်းကစားရန်အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါလင့်များမှ တစ်ဆင့် သွားရောက်လေ့လာ ကစားနိုင်ပါတယ် ကစားလို့ ကောင်းမွန်တဲ့ ဂိမ်းကောင်းလေးတွေကို များစွာတွေ့ရပါလိမ့်မယ်
https://play.google.com/store/apps/details?id=com.ziplab.rorgame

INVEN Gaming Discord Channel: https://discord.gg/vyPHGk6

@mm7

Sort:  

This post has been rewarded by the Steem Community Curation Project. steemcurator02(#communitycuration02)

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.030
BTC 56355.98
ETH 2973.83
USDT 1.00
SBD 2.14