Titanic

in #history7 years ago

တိုင်တန်းနစ် သင်္ဘော ခေါ် RMS[၁] Titanic (or SS[၂] Titanic) မှာ ဗြိတိသျှ သင်္ဘော ဖြစ်ပြီး ကြယ်ဖြူလိုင်း သင်္ဘောလိုင်း အတွက် ဟာလန်းနှင့် ဝုဖ် သင်္ဘော ဆောက်လုပ်ရေးက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုကြယ်ဖြူလိုင်းတွင် ရှယ်ယာအများဆုံးထည့်ဝင်ခဲ့သူမှာ အမေရိကန်သူဌေးကြီး ဂျေပီမော်ဂန် ဖြစ်သည်။ တိုင်တန်းနစ် သင်္ဘောမှာ ခရီးသည်များ ပို့ဆောင်ရန် နှင့် စာပို့ခြင်း အတွက် တည်ဆောက်ထားသော ပင်လယ်ပြင်သွား သင်္ဘောကြီး ဖြစ်သည်။

တည်ဆောက်ပုံ ပြင်ဆင်
မည်သည့်အခါမျှ မနစ်မြုပ်နိုင်အောင် တည်ဆောက်ထားပြီး တစ်နာရီတွင် ရေမိုင် ၂၃-မိုင်မှ ၂၅-မိုင် အမြန်နှုန်းသွားနိုင်သည်။ သင်္ဘောအရှည် (၈၈၂)ပေ ရှိပြီး အသက်ကယ်လှေ ၂၀ ပါသည်။ မြင်းကောင်ရေ ၅၀၀၀၀ အား ကိုအသုံးပြုထားပြီး ပန်ကာ သုံးလုံးတပ် သင်္ဘောဖြစ်ပြီး သင်္ဘောတွင် ရေလုံခန်း ၁၅ခန်းပါသည်။

မထွက်ခွာခင် အချိန်ထိ လူအများစု က ဘယ်တော့မှ မနစ်မြုပ်နိုင်သော သင်္ဘောဟု အထင် ရောက်ခဲ့ကြသည်။ [၃]

နစ်မြုပ်ခြင်း ပြင်ဆင်
၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်တွင် အင်္ဂလန် နိုင်ငံ ဆောက်သန်တန်မှ ထွက်ခွါခဲ့ပြီး ခရီးသည် ၂၂၀၀ ပါရှိပြီး ၄ ရက်မြောက်နေ့ ၁၉၁၂ ခု ဧပြီ၁၄ ရက် ည ၁၁နာရီ၄၀ မိနစ်အချိန်တွင် တိုင်တန်းနစ်သည် အတ္တလန္တိတ်သမုဒ္ဒရာ အတွင်း၌ မြောပါနေသော ဧရာမရေခဲတုံးဖြင့် ဝင်တိုက်မိခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် တိုင်တန်းနစ် ၏ ရေလုံခန်း အတွင်းသို့ ရေများဝင်ရောက်ခဲ့သည်။ ၂ နာရီ နှင့် မိနစ် ၄၀ အကြာ ဧပြီ ၁၅ ရက် မနက် ၂ နာရီ ၂၀ မိနစ်တွင် သင်္ဘော နစ်မြုပ်ခဲ့သည်။

သင်္ဘောမှာ နှစ်ပိုင်းထက်ခြမ်းဖြစ်သွားခဲ့ပြီး လူပေါင်း ၁၅၀၀ နှင့် အထက် သေဆုံးခဲ့ရသည်။ ၇၀၅ ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ [၄] ငြိမ်းချမ်းသော ကာလ (စစ်အတွင်းမဟုတ်သော) အတွင်း အဆိုးရွားဆုံး သင်္ဘောမှောက်မှု တစ်ရပ်ဖြစ်သည်။

အသက်ကယ်လှေများ လုံလောက်စွာ မရှိမှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးရခြင်း ဖြစ်သည်။ အသက်ကယ်လှေများ အတွင်းသို့ အမျိုးသမီးများ နှင့် ကလေး သူငယ်များ အရင် တက်ရောက်စေပြီး အထက်တန်းမှ ခရီးသည် များလည်း အခြားအဆင့် မှ ခရီးသည်များ ထက်ပို၍ ဦးစားပေး ခံခဲ့ရသည်။

အခြားအကြောင်းတစ်ရပ်မှာ ကယ်ဆယ်ရန် အဖြစ်နိုင်ဆုံးနှင့် တိုင်တန်းနစ် နှင့် အနီးဆုံးရှိသော သင်္ဘောမှာ ဆက်သွယ်ရေး ရေဒီယိုကို ပိတ်ထားခဲ့သောကြောင့် ကယ်ဆယ်ရေး အချက်ပြမှု ကို သတိမမူမိသော ကြောင့်ဖြစ်သည်။[၅]

အသက်ရှင်ကျန်ရစ်သူများ ပြင်ဆင်
ယခုအခါ နစ်မြှပ်စဉ်က အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မှ မရှိကြတော့ပေ။ အားလုံးသေဆုံးခဲ့ပြီဖြစ်သည်။ အသက်ရှင် ကျန်ရစ်သူများထဲမှ နောက်ဆုံး သေဆုံးခဲ့သူမှာ မီးဗီနာ ဒင်း ဟုခေါ်သော အမျိုးသမီး ဖြစ်သည်။ သင်္ဘောကြီး နစ်မြှပ်စဉ်က သူသည် အသက်ကိုးပတ် သမီး အရွယ်သာ ရှိသေးသည်။ အသက် ၉၇ နှစ် အရွယ် ၂၁ မေ ၂၀၀၉ တွင် အင်္ဂလန်ပြည် ဟမ်ရှိုင်းယား အရပ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ [၆]

အကျိုးဆက်များ ပြင်ဆင်
ထို ဖြစ်ရပ်ဆိုးမှ သင်ခန်းစာ ယူနိုင်ခဲ့ကြသည်။ အကျိုးဆက်အားဖြင့် သင်္ဘောတည်ဆောက်ရေး ဥပဒေများ ပြောင်းလဲလာခဲ့သည်။ သင်္ဘောပေါ်တွင် စီးနင်းလိုက်ပါသူတိုင်း အတွက် လုံလောက်သော အသက်ကယ်လှေများ ထားရှိစေပြီး ဆက်သွယ်ရေး ရေဒီယိုတွင် တစ်ယောက်ယောက်က အမြဲတမ်း စောင့်နားထောင်သည့် စနစ်ကို ထည့်သွင်းစေခဲ့သည်။

ပြန်လည်ရှာဖွေခြင်း ပြင်ဆင်
သင်္ဘောပျက် ကို ပြင်သစ်နှင့် အမေရိကန် တို့ ပါဝင်သော ရောဘတ် ဘောလက် နှင့် ယန်းလူးဝစ္စ မိုက်ကယ် တို့ ဦးဆောင်သည့် ရှာဖွေရေး အဖွဲ့မှ ၁၉၈၅ စက်တင်ဘာ ၁ ရက် မနက် ၁ နာရီ တွင် ပြန်ရှာတွေ့ခဲ့သည်။

အခြား ပြင်ဆင်
ထိုနစ်မြှပ်မှုနှင့်ဆိုင်သော ရုပ်ရှင်များစွာ ပေါ်ထွက်ခဲ့သည်။ အကျော်ကြားဆုံးသော ရုပ်ရှင်မှာ ၁၉၉၇ ခုနှစ်က ပြသခဲ့သော တိုင်တန်းနစ် အမည်ရှိ ရုပ်ရှင်ဖြစ်ပြီး ကိတ်ဝင်းစလက် နှင့် လီယိုနာဒို ဒီကပ္ပရီယို တို့ ပါဝင်သရုပ်ဆောင်ခဲ့သည်။1280px-RMS_Titanic_sea_trials_April_2,_1912.jpg

Sort:  

@lamintun, congratulations on making your first post! I gave you an upvote!
Please take a moment to read this post regarding commenting and spam. (tl;dr - if you spam, you will be flagged!)

Coin Marketplace

STEEM 0.13
TRX 0.23
JST 0.031
BTC 80122.45
ETH 2022.45
USDT 1.00
SBD 0.87