ပြေးနိုင်မှ လွှတ်မယ့် Into the Death Game

in #good-karma7 years ago

1_into_the_dead.jpg

အိမ်နေရင်း ပေါ့ပေါ့ပါးပါးနဲ့ ဆော့ကစားရမယ့် ဂိမ်းကတော့ Into the Death လို့အမည်ရပါတယ်။ ဂိမ်းရဲ့ story line ကိုကြည့်လိုက်မယ်ဆိုရင် Zombie တွေ ပြည့်နှက်နေတဲ့ တောလမ်းခရီးမှာ မိတ်ဆွေအနေနဲ့ ကျော်လွှားရမှာလည်း ဖြစ်ပါတယ်။

ဂိမ်းရဲ့ ထူးခြားချက် အနေနဲ့ သင်ကိုယ်တိုင် ဂိမ်းထဲရောက်ရှိနေသလို ခံစားမှု ပေးမှာအမှန်ပါ။ သင်ပြေးလွှားတဲ့ လမ်းခရီးမှာ လက်နက်ကိရိယာပုံးများကို တွေမြင်နိုင်ပြီး လက်နက်များကို ကိုင်ဆောင် ပစ်ခတ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဂိမ်းတစ်ခုမှာ အရေးကြီးတဲ့ Controller ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် လွယ်ကူရိုးရှင်းမှုကို တွေ့မြင်နိုင်မှာလည်း ဖြစ်ပါတယ်။

သင့်ရဲ့ ကျွမ်းကျင် ပိုင်နိုင်မှုတွေကို အသုံးချပြီး Zombie တွေရဲ့ ရန်ထဲက လွှတ်မြောက်ဖို့အတွက် ရုန်းကန်ရအုံးမှာလည်း ဖြစ်ပါတယ်။ ဒီဂိမ်းကို ဆော့ကစားမယ်ဆိုရင်တော့ သင့်အနေနဲ့ နားကြပ်တပ်ဆင်ထားပြီး ဆော့ကစားဖို့အတွက် အကြံပေးပါရစေ။

မိတ်ဆွေရဲ့ အားလပ်ရက်လေးမှာ ဂိမ်းလေးအားဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အချိန်များ ရယူဖန်တီးနိုင် ပါစေလို့ Wow Box မှ ဆန္ဒပြုလိုက်ရပါတယ်။ ပျော်ရွှင် သာယာတဲ့ အားလပ်ရက်လေး ပိုင်ဆိုင်နိုင်ကြပါစေ။

Game – Into the Death

Price – Free to Play

Platforms – Google Play Store and App Store

Ref : RPG

Coin Marketplace

STEEM 0.19
TRX 0.24
JST 0.036
BTC 98223.89
ETH 3056.97
SBD 3.82