နာနာဘာဝ ရန်ငြိုးထိရှာတဲ့...ဖိုးကေ
နာနာဘာဝ ရန်ငြိုးထိရှာတဲ့...ဖိုးကေ
±±±±±±±±±±±±±±±±±±ူ့နာမည်ကဖိုးကေ(နာမည်လွှဲထားပါတယ်)။ငယ်စဉ်ကတည်းက
မိဘနှစ်ပါးဆုံးသွားတဲ့အတွက် ဦးလေးနဲ့ အတူနေရ တဲ့တစ်ကောင်ကြွတ်...။
အုပ်ထိန်းသူမရှိတော့ တစ်ကောင်တည်းလွတ်ချင်တိုင်းလွတ်နေတဲ့ လေလွင့်
နေတဲ့လေလွင့်ငှက်...။အသက်က(၁၀)နှစ်သာသာ..။ သိတက်စအရွယ်ကတည်း
ကတစ်နေ့တစ်နေ့ကြက်ခလေး တွေငှတ်ကလေး တွေကို မပစ်ရမနေနိုင်လောက်အောင်
ဝါသနာထုံသူပါ။သူမမွေးခင် သူ့ကိုယ်ဝန်လွယ်ထားး ကတည်းက သူ့အမေ
က အသားစိမ်း ငါးစိမ်းကိုအရမ်းခုံမင်တာလေ..။သူ့အမေ ချဉ်ခြင်း တက်တာက
လည်းကြည့်ဦး အမဲသားပဲ အမြဲစားချင်တယ်ပြောပြောနေတာ...။
မွေးပြီးတော့လည်း သိတက်စအရွယ်ကတည်းက လေးခွတစ်ချောင်းနဲ့
တစ်တောဝင်တစ်တောထွက် ငှတ်လိုက်ပစ်တက်နေပီလေ။
ဖိုးကေ နဲ့လေးခွ ၊လေးခွနဲ့ဖိုးကေ ဆိုတာခွဲမရအောင်ဖြစ်နေတာပေါ့...။
သူ့ဦးလေးကအတန်တန်တားပါတယ်..။
ဘယ်လိုမှတားမရတဲ့အဆုံး လွတ်ထားရတာပါ..။
သူ့ဦးလေးလဲ အသက်ကြီးပြီဆိုတော့ မပြောနိုင်တော့ဘူးပေါ့ဗျာ..။
တစ်ခါတစ်ခါဆို လွယ်အိပ်ထဲမှာ.ရှဉ့်တို့၊ ဂျိုးတို့ပါပါလာတက်တယ်။
ငှတ်ပစ်ထွက်လို့ ငှတ်မပါလားဘူးဆိုတာ ဖိုးကေတို့သမိုင်းမှာ
မရှိ။လေပေါ်က ငှတ်ပဲလား မဟုတ်သေးဘူးဗျ.။
ရေစပ်မှာ ကူနေတဲ့ ငါးပြေမ ကို လေးခွနဲ့ လှမ်းပစ်တာ
ငါးက ခေါင်းကြေပြီး ရေပေါ် ပေါလောတောင်ထပေါ်တာ
ကျွန်တော့် မျက်မြင်ပဲဗျ..။ ရက်ကြီးအခါကြီး လည်းမရှောင်.
.ငှတ်ပစ်တက်အလုပ်ကိုမနားတဲ့အတွက် လူကြီးသူမ
တွေရဲ့ခနခနငြိုငြင်ခြင်းခံရပါတယ်။
ပစ်လို့ရတဲ့ ငှတ်တွေကို လမ်းထိပ်ကအရက်ဆိုင်မှာ
သွားသွားရောင်းပြီး စာဝတ်နေရေး ပြေလည်အောင်ရုံးကန်
နေရတဲ့ တစ်ကောင်ကြွတ် ဖိုးကေ..။
တစ်နေ့တော့ ဖိုးကေ တစ်ယောက်
သူ့သူငယ်ချင်း ၀ါသနာတူအောင်ကြီးနဲ့ငှတ်ပစ်ဖို့
သူနေတဲ့ရွာလေးနဲ့ မလှမ်းမကမ်းကတောအုပ်လေး
တစ်ခုကိုထွတ်လာကြတယ်။အယ့်နေ့ကလည်းဖိုးကေ
တို့ အတွက် ကံဆိုးတယ် ထင်ရတယ်.နေမြင့်တာတောင်
ငှတ်တစ်ကောင်မှ မရဖြစ်နေတယ်လေ..။
သူတို့နှစ်ယောက်လည်း မောမောနဲ့
မကျည်းပင်အောက်မှာ ထိုင်ပီးအမောဖြေနေတုန်း
သူ့သူငယ်ချင်းအောင်ကြီးက
"ဟိတ်ကောင် ...ဖိုးကေ..ငါတို့ဒီနေ့ ငှတ်တစ်ကောင်မှလည်း မရဘူးကွာ...
ငါ့မှာအကြံရှိတယ်ကွဒီလိုလုပ်ပါလား...ငါတို့ရွာထိပ်ကဘုန်ကြီးကျောင်းမှာခိုတွေရှိတယ်ကွ. .ငါတို့သွားပစ်ရအောင်.."
"ဟာကွာ..မင်းကလည်းဖြစ်ပါ့မလား..မင်းအယ့်ဘုန်းကြီးအကြောင်းလဲမင်းသိသား...
"ဟာ ဘာလို့မဖြစ်ရမှာလဲကွာ...မင်းကလည်း ဘုန်းကြီးမသိအောင်ပစ်ရင်ရပါတယ်ကွ.."
ဖိုးကေ နည်းနည်းတွေဝေသွားတယ်..၀မ်းရေးကလည်းရှိသေးသည်။
ခပ်ကြာကြာလေးစဉ်းစားပြီးတော့မှ
"အေးကွာ ..သွားပစ်ကြမယ် ဘယ်အချိန်သွားမလဲ "
"အေး...ည ၇း၀၀ နာရီဆိုရင်ကော "
"အေး ပြီးရော ညကြရင်ရွာထိပ်က မကျဉ်းပင်အောက်ကိုလာခဲ့ ငါစောင့်နေမယ်ပြောပြီး..
ဖိုးကေတို့နှစ်ယောက်လက်ဗလာ နဲ့ အယ့်နေ့ကလမ်းခွဲခဲ့ကြပါတယ်။
ဖိုးကေ တစ်ယောက်အလုပ်ရှုပ်နေပါတယ်..
လွယ်အိပ်ထဲ လောက်စလုံးတွေကို ခပ်လေးလေး ထည့်နေပါတယ်..
ဖိုးကေ တစ်ယောက် စိတ်တွေလေးနေတာအမှန်..
ဘာကြောင့်မှန်းမသိ...သွားရမှာကိုကြောက်နေသလိုလို..
ဒါပေမယ့်လဲ "ငါဘုန်းကြီး မိမှာကိုစိုးရိမ်နေတာပါလေဟု အားတင်းရင်း လရောင်ကိုအားပြုပီး
ချိန်းထားတဲ့ မကျည်းပင်အောက်ကို ခပ်သွက်သွက်လေးထွတ်လာခဲ့ပါတယ်။
ဟိုရောက်တော့ အောင်ကြီးက ကြိုရောက်နေတယ်..။
"ဟိတ်ကောင် အောင်ကြီး..ရောက်နေတာကြာပီလား"
"အေး မင်းကလည်းကြာလိုက်တာ..ဘာတွေလုပ်နေလို့လဲ "
"မဟုတ်ပါဘူးကွာ .ငါလောက်စလုံးထည့်နေတာကြာသွားလို့ပါ.။
"'ဒါဆိုလည်း ပီးရောကွာ..လာသွားမယ်."
"ဟိတ်ကောင်ဖြစ်ပါ့မလား"ဖိုးကေ က ထပ်မေးသည်။
"ဘာလို့မဖြစ်ရမှာလဲကွာ..ဒီနေရာပဲရောက်နေပြီ လာလာ ..စကားမရှည်နဲ့'
'အောင်ကြီး တင်းသွားပုံရသည်။
"အေး...အေးပါကွာ"ဖိုးကေ အလျော့ပေးလိုက်ရသည်။
"အာ....၀ူး..............."
ဘုန်းကြီးကျောင်းထဲမှ ခွေးက စွဲစွဲငင်ငင်ထအော်တော့
ဖိုးကေ နည်းနည်းတွန့်သွားသည်။
ထိုခွေးအကြောင်း တစ်ရွာလုံးအသိမဟုတ်လား.။
ညဖက်ဘုန်းကြီးကျောင်းနားကပ်တဲ့ သူခိုးမှန်သမျှ
ထိုခွေးကြောင့် အဖမ်းခံရတာမနည်းကိုး....။
''အောင်ကြီး ခွေးက ငါတို့လာတာသိတယ်ကွ''
'' လာပါကွာ မဲမဲမြင်တိုင်းဟောင်နေတာပါ
မင်းတွန့်ဆုတ် တွန့်ဆုတ် လုပ်မနေနဲ့..လခွီးထဲ.."
ဖိုးကေတို့ နှစ်ယောက်သား ဘုန်းကြီးကျောင်းနောက်ပေါက်ကနေ
အသာလေး ခိုးဝင်လာကြပါတယ်။
''လာ ဟိုသိမ်ပျက်ထဲကိုသွားမယ်..အယ့်မှာ ခိုတွေအိပ်တန်းတက်နေလောက်ပီ"
''ဖက်...ဖက်...ဖက်..."
အမလေး ..ဖိုးကေ တစ်ယောက် ထအော်မိသည်.
''ဟာ မင်းကလည်း တိုးတိုးလုပ်ပါ..ဘုန်းကြီးနိုးတော့မယ်.
.အယ့်တာ မင်းမေလင် လင်းနို့တွေဟ..သွေးမရှိဘူးလားကွာ.."
''အော် ဟုတ်လား ရုတ်တရက်ဆိုတော့ လန့် လန့်သွားတာပါကွာ.."
ဟုဖိုးကေက လေသံလေးနဲ့ပြောသည်။
ခိုတွေရဲ့ညီးသံကလည်း လူမမာသည် တစ်ယောက်ညီးနေတဲ့အတိုင်းပါပဲ..။
ညဖက်ဆိုတော့ထိတ်လန့်စရာ အလွန်ကောင်းပါတယ်.။
သူတို့နှစ်ယောက် စမ်းတစ်ဝါးဝါးနဲ့သွားလိုက်တာ..
နောက်ဆုံးတော့ သိမ်ပျက်ဆီရောက်သွားရောဆိုပါတော့။
"ဟိတ်ကောင် ဟိုမှာတွေ့လား ထုတ်တမ်းပေါ်မှာ အိပ်နေတဲ့ ခိုတွေ..""
""ကဲကဲ အချိန်မဆွဲနဲ့ လေးခွထုတ်..ပစ်ကွာဟုပြောပြီး အောင်ကြီးက လေးခွနဲ့စပစ်ပါတယ်.."
''ဖုတ်...အု" တစ်ကောင်..။
ဖိုးကေလဲ မဲမဲမြင်ရာ ထိုင်ပစ်လိုက်တာ ..အောက်မှာ ခိုအသေတွေ ပုံထပ်လို့နေပါတယ်..
“ဖုတ်..ဖုတ်”
ဒါပေမယ့် ကောက်မယ်လုပ်လိုက် ..အရိပ်မဲမဲကြီးက အပေါ်ထပ်ကနေ ဆင်းပြီးကောက်သွားလိုက်..
ကောက်မယ်လုပ်လိုက် ..အရိပ်မဲမဲကြီးက ဆင်းပြီးကောက်သွားလိုက်နဲ့..
နောက်ဆုံးခိုတွေသာ ပစ်လို့ကုန်သွားတယ်
အောက်မှာ တစ်ကောင်မှ မရှိဘူးဖြစ်နေတယ်..။ဒါကို ဖိုးကေ ကသိသည်.။
နှစ်ယောက်စလုံးမျက်နှာပျက်စပြုလာပီ၊
"သားကြီး အခြေအနေမကောင်းဘူးနော်"ဟုဖိုးကေက သတိပေးသည်။
"အေးကွာ..”
“ဘာကောင်လဲကွ ငါတို့ပစ်တာကို လာလာကောက်တာ မင်းမိုက်ရင်ထွက်ခဲ့စမ်းကွား -ီးပဲ.."ဟု
အောင်ကြီး ကထဆဲလိုက်ပါတယ်..။
အောင်ကြီးဆဲပြီး မကြာဘူး ၀ုန်းဆိုပီး
အကောင်မဲမဲကြီး ကအပေါ်ထပ်ကနေပြေးဆင်းလာပါတော့တယ်...
''ဟိတ်ကောင်ဖိုးကေ ပစ်ပစ်''ဆိုပီး အောင်ကြီး က လှမ်းအော်တော့
ဖိုးကေလဲ အသင့်ထည့်ထားတဲ့ လောက်စာလုံးနဲ့အရပ်မည်းမည်းကြီးရဲ့
ခေါင်းနားကို မှန်းပီးပစ်ချလိုက်သည်နှင့် တစ်ပြိုင်နက်
"အားးးး"
ဆိုပီး အသံနက်ကြီး က အရိပ်မည်းဆီကထွက်လာပါတယ်..။
ဖိုးကေ ကြောင်သွားသည်။ လူလိုအော်သောကြောင့်ဖြစ်သည်.။
ထိုအရိပ်မည်းကြီးက တစ်ချက်တွန့်သွားရာကနေ ရှူးရှူးရှဲရှဲအသံထွက်ပီး
အောင်ကြီး ရှိရာကို ပြေးဝင်လာပါတယ်..
အောင်ကြီးလည်း သိပ်မစဉ်းစားတော့ပဲ ခြေကုန် သုတ်ခြေတင်ပါတော့တယ်..။
ဒါပေမယ့် အောင်ကြီး ကံမကောင်းရှာပါဘူး။သူ့ဘေးကရေတွင်းပျက်ကို
မတွေပဲ ရေတွင်းနှူတ်ခမ်းကို ခလုတ်တိုက်ပီး
ဒလိမ့်ခေါက်ကွေးပြုတ်ကြသွားပါတော့တယ်..။
ရေတွင်းပျက်ဆိုတော့ အထဲမှာရေမရှိပဲ
သစ်ကိုင်း ခြောက်တွေ ၊သစ်တုံးတွေနဲ့ပြည့်နေပါတယ်။
"အောင်ကြီး အောင်ကြီး’’
ဆိုပီး ဖိုးကေ ပြေးကြည့်တော့ အောင်ကြီးခမြာ
သစ်ကိုင်းခြောက်တွေ ကြားမှာ ခွေခွေလေး အသက် ပျောက် နေရှာ ပါတယ်..။
ဖိုးကေ တစ်ယောက်သွေးပျက်ပီး ထိုနေရာတွင်
လောကကြီးကိုခန အဆက်အသွယ်ပျက်တောက် သွား ပါ တော့ တယ်..။
"ဖိုးကေ ..ဖိုးကေ "
စီးပိုင်နေသော မျက်လုံးနှစ်စုံကိုအားကုန်ဖွင့်လိုက်တော့
ဘုန်းကြီးကျောင်းပေါ်ရောက်နေလေပီ..။
"မိုက်လိုက်တာ ဒကာတို့ရာ မင်းတို့သူများအသက်တွေ သတ်တော့
အယ့်ဒီဝဋ်ကြွေးက နောက်ဘ၀မကူးဘူး၊
ဒီဘ၀တင် မင်းသူငယ်ချင်းအောင်ကြီး ကပေးဆပ်လိုက်ရပီလေ...။
အမ်းးး မင်းလည်းအယ့်ဒိအလုပ်ကို စွန့်ပီး
သမာအာစီဝ အလုပ်သာလုပ်တော့ ဒကာဟု "
မိန့်ပီး ဘုရားခန်းထဲသို့  ခပ်လေးလေးထွတ်သွားပါတယ်..။
ဇာတ်ပေါင်းသော်..
ဖိုးကေ တစ်ယောက်လည်း မကြာပါ….
နောက်ရက် အပြင်းအထန်ဖျားပါလေရောလား...။
ဆရာစုံအောင်ကုလဲ ရောဂါက မသက်သာတဲ့အပြင် ပိုပိုလို့တောင်တိုးလာပါတယ်။
ကယောင်ကတမ်းပြောပြောနေတာကတော့
" မလာနဲ့ မလာနဲ့ သွား….အိမ်ဘေးမှာ မည်းမည်းကြီး အီဟီးးးး"
သူ့ဦးလေးလဲ သူ့တူအကြောင်းဘုန်းဘုန်းဆီသွားလျှောက်တော့
" မရတော့ဘူး ဒကာကြီး ...ငါအကြိမ်ကြိမ်တောင်းပန်ပြီးပီ..
မင်းတူပစ်လိုက်တဲ့ လောက်စလုံးက သိမ်ပျက်ထဲက
မကျွတ်သေးတဲ့ နာနာဘာဝရဲ့ညာဖက်မျက်လုံးကို ထိသွားတယ်။
ဒီအကြောင်းတွေသိလို့ ငါသိမ်ပျက်ထဲသွားပီးငါတောင်းပန်ပီးပီ ဒကာ။
ဘုန်းဘုန်းလည်း မတက်နိုင်တော့ဘူး ဒကာကြီး...
အခုအိမ်ပြန်ပြီး ဒကာကြီး ရဲ့တူကိုသာဂရုစိုက်လိုက်ပါ.."
အယ့်ဒိအချိန်မှာပဲ..၀မ်းနည်းပူဆွေးမှုများစွာနဲ့အိမ်ပြန်လာတဲ့ သူ့ဦးလေးရဲ့အပြန်လမ်းကို..
မျက်လုံးပြူးပီး အသက်မယ့်နေတဲ့ ဖိုးကေက စောင့်ကြိုနေမှန်းသာသူ့ဦးလေးသိလျှင်....
ပြီး
Credit:Myanmar Ghost