ခုချိန်ခါ NC မှာ (@aggamun)

in #gaming5 years ago

ရှာဖွေရေး ဆင်းတာ ၂၂ ကြိမ် ရှိပါပြီ။ planet အသစ်တွေ့ ဖို့က အခြေအနေ မပေးသေးပါဘူး။ မရှာ တတ် မဖွေတတ် လို့များလား မသိပါဘူး။ လောလောဆယ် တစ်ခါရှာ တစ်ကြိမ် ဆိုတော့ ခရီးက ထင်သလောက် မပေါက်လို့များလား။ ဒါဆိုရင်တော့ mission control ကို တင်ရမှာပဲ ဖြစ်ပါတယ်။

mission control Lvl.2 က မကြာခင် ရောက်တော့မှာပါ။ Lvl.3 အထိ အမြန်ဆုံး တင်နိုင်ဖို့ RSS တွေ စုထားပါတယ်။ RSS လိုအပ်ချက် မြင့်မားမှုက တော့ စံတင်လောက်ပါတယ်။ miner တွေ Lvl.15 လောက်တင်ထားလည်း လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးပါဘူး။ miner တစ်ခု တင်ဖို့ရာ ခုဆို နှစ်ရက်လောက် စုနေရပါပြီ။ တော်သေးတာ တစ်ခုက အားလုံး ဟာ Lvl.20 မှာ ဂိတ်ဆုံးတာပဲ ဖြစ်ပါတယ်။ dw သာဆို မလွယ်ကြောပါဗျ။

ခုချိန်မှာ planet ၂ လုံးမှ မပိုင်ရင် Rank တစ်ရာ အတွင်း မဝင်တော့ပါဘူး။ Rank 100 က လူတောင် planet ၂ လုံးနဲ့ ငြိမ့်နေပါတယ်။ ကံကောင်းတာက သူ ဟာ ရှာဖွေရေး ၁၈ ကြိမ် လောက်နဲ့ ဂြိုဟ် အသစ် တစ်လုံး ပိုင်ဆိုင် သွားတာပါပဲ။ ဒါဟာ ကံကောင်းတာလား။ အရှာအဖွေ ကောင်း တာလား။ နှစ်ခုစလုံးလား မပြောတတ်ပါဘူးဗျ။ ဘယ်လို ဖြစ်ဖြစ်ပါ ရှာဖွေရေးကို တော့ အရှိန် အဟုန်နဲ့ ဆက်လက် လုပ်ဆောင်သွားမှာပါ။ ဂြိုဟ် သစ်တွေ များများ ပိုင်ဖို့ပါ။

ခု ချိန်မှာ ရင်း ကစားရတာ မို့ ဘာဖြစ်တယ် ညာဖြစ်တယ် ဘလာ ဘလာ။ စသဖြင့် မပြောရဲ တော့ပါဘူး။ ဘာလို့လည်း ဆိုတော့ ကျွန်တော် ကစားတဲ့ ပမာဏ က အနည်းဆုံး စာရင်းထဲမှာ ပဲ ရှိတာ။ ဆရာ သမားတွေ ကစားတဲ့ ပမာဏ က မနည်းမနော ဆိုတော့ ပြောရတာ ရှက်စရာကြီးပါ။ နောက်ထပ် ရှက်ရမယ့် ကိစ္စ တစ်ခုလည်း ရှိပါသေးတယ်။ ဒါက NextColony က ပေးတဲ့ ဗုတ် နဲ့ ဆိုင်ပါတယ်။ သူကပေးတဲ့ ဗုတ်က များတော့ ခုရက်ပိုင်း တင်သမျှ ပိုစ့်တိုင်းဟာ NC နဲ့ မဆိုင် ဆိုင်အောင် ဆွဲစိမှာ ဖြစ်တဲ့ အတွက် ပိုစ့်က စိတ်ဝင် စားစရာ ကောင်းချင်မှ ကောင်းပါလိမ့်မယ်။

လောလောဆယ် တော့ ဒါက ကိုယ့် target နဲ့ အနီးဆုံး အနေအထား ရောက်အောင် သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလအတွက် target က ပြည့်နေပြီ ဖြစ်ပေမယ့် နောက်လအတွက် ကြိုတင် ပြင်ဆင်စရာ တွေ ရှိပါသေးတယ်။ လမ်းကြောင်း နှစ်ခု ပိတ်သွားလို့ တခြား လမ်းကြောင်းတွေ ထပ်ရှာရ နေရပါတယ်။ အဆင် ပြေတဲ့ အခါ မိတ်ဆွေ တို့ကို မျှဝေ ချင်ပါသေးတယ်ဗျ။

So many thanks for reading and visiting my blog.

Have a good day to all steemians!

@aggamun

To play steemmonsters : https://steemmonsters.com?ref=aggamun


Using share2steem.io : https://share2steem.io/?ref=aggamun


My bounty post for this week : https://steemit.com/myanmar/@aggamun/together-with-you-steembounty-thng-esny-nyaa-thng-wng-atu-week-25-aggamun



Posted from my blog with SteemPress : http://steemhosting.com/aggamun/?p=247
Sort:  

vote တစ်ျက်လေညက်ပေးပါ

Posted using Partiko Android

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63191.06
ETH 2551.41
USDT 1.00
SBD 2.65