ဟာသအတိုအထွာ ရယ်မောစရာ (၂၃)
ဟာသအတိုအထွာ ရယ်မောစရာ (၂၃)
ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ
သမီးရည်းစား စုံတွဲတစ်တွဲ ခိုးရာလိုက်လာစဉ် _
ကောင်လေး ။ ။ "ကားဆရာ ... မြန်မြန်မောင်းပေးပါဗျ ဖြစ်နိုင်ရင်"
ကားဆရာ ။ ။ "အတတ်နိုင်ဆုံး မောင်းနေပါတယ်ဗျာ ... စိတ်မလောပါနဲ့ ငါ့တူ ... ဘေးလည်းကင်းရမယ် မြန်လည်းမြန်ရမယ် ဟုတ်ပြီလား"
ကောင်လေး ။ ။ "မလောလို့မရဘူးဗျ ... ကျွန်တော်တို့နှစ်ယောက်က အရမ်းစိတ်လှုပ်ရှားနေပြီ ... မိသွားမှဖြင့်အခက်"
ကားဆရာ ။ ။ "ဟေ ... ဘာလို့တုန်းဟ"
ကောင်လေး ။ ။ "ကျွန်တော်က မိန်းမ ခိုးလာတာဗျ ... သူမိဘတွေလိုက်လာရင် ဘယ်လိုလုပ်မလဲ"
ကားဆရာ ။ ။ "ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ပါကွာ ... ငါအတွဲတိုင်းခိုးပေးနေကြ ... အေးဆေးသာနေ"
ကောင်လေး ။ ။ "မနေနိုင်ဘူး ဦးလေးရေ ... မြန်မြန်သာမောင်းပေးပါဗျာ ... ကားခပိုပေးပါ့မယ်"
ကားဆရာ ။ ။ "မင်းမြန်စေချင် မြန်ပေးပါ့မယ် ကားခပိုပေးဖို့တော့မလိုပါဘူးကွ ... ကောင်မလေးအမေက ကြိုရှင်းပေးပြီးသား"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄