Poem
အလွမ်းတွေ ကြယ်လို့ဝေတဲ့ ည
လမင်းလည်း ပုံပြင် မပြောတော့
လေပြည်ညှင်းက မာယာများခဲ့ပြီး…
အမှောင်ညသန်ခေါင်ယံအချိန် မိုးကရွာချ
မိုးစက်များ မြင်ယောင်ခဲ့သလား…
ကိုယ့်ဘဝကတော့ စိုရွဲမိလို့…
ဆို့နစ်မှုဟာ မိုးနဲ့အတူ ငိုပြိုင်မယ်…။
ပါရမီဖြည့်ဖက်က အဘယ်သို့ပြေး
လှမ်းခေါ်နေမိတဲ့ ကိုယ့်ရဲ့ ခေါ်သံ
ကမ်းခြေများ လှိုင်းခွပ်သံနဲ့ တူလေရဲ့……။
ရှေ့ ဘဝ ကုသိုလ်ကံနှင့်
ကောင်ကင်ဘုံမှာ စံစား
သူလေး ပျော်ရွှင်နေပါဘိ……
ရှေ့ဘဝ ကိုယ့်ကုသိုလ်ကံများ
လူဘုံရဲ့ မူလနေရာမှာ စံစား
ကိုယ့် ဝမ်းနည်းပါဘိလေ……။
မပြောပြဘဲ သိနေတယ်……
မငိုမိလည်း မျက်ရည်ကျတယ်…
ဝမ်းသားနေလည်း ဝမ်းနည်းမိတယ်…
ကိုယ့်ဟာ…မင်းရင်ခွင်ထဲက ဆုတ်ခွာ
လမ်းဘေးရဲ့ ပလက်ဖောင်းပေါ်မှာ
ဒေါသနဲ့ ထိုင်ချ
သောကတွေ ကြွေကျ
မောဟကို ဖြေဖျောက်
ယောကျာင်္းလေးတစ်ယောက်
မျက်ဝန်းထဲမှာ ပုလဲဥတို့ ကွန်းခိုမိလို့
မျက်ရည်တို့ ချွေကာပြ
ပန်းကလေးတို့ဟာ ……
ကိုယ့်ငိုနေတာ ပထမဆုံးသိကြလေပြီး…။
ဟေ့…………
အချစ်ဗိမ္မာန် တကယ်ရှိသလား…
အနမ်းရဲ့ စူးရှတဲ့ ရံ့နံ့ ဘယ်လို့မျိုးလဲ…
အမုန်းတရား၏ နိဂုံးက ချုပ်နိုင်သလား…
အပြုံးတစ်စက်နဲ့ မာနတွေ ခဝါချနိုင်တာလား……
ပြောလို့မဆုံး…ခမ်းလို့မကုန်
သူက လှည့်မကြည့်…ကိုယ့်က ငေးငိုင်
တွေးဝေနေတဲ့ ခြေလှမ်းက
အလွမ်းဆိုတဲ့ မြောင်းထဲသို့ ကျွံကျ
အိပ်မက်ကခြောက်လှန့်စရာ
ညတိုင်းက ရက်စက်တတ်ခဲ့ပြီး……။
ဖူးစားကံဟာ လှမ်းပစ်……
အချစ်ရဲ့ မြားတစ်စင်းမှာ
အရူးဆေး သုတ်မိခဲ့လေသလား
လမ်းကလေးက ကွေ့ကောက်
ဒီရင်ဘတ်မှာ ထိချက်ပြင်းတော့
ဒီကကောင် အရူးဖြစ်ခဲ့ပေါ့……
ငါ့ကောင်မလေး ရှောင်ဖယ်ပြေး
နောက်တစ်ယောက်ကို
ပြောင်းလဲလို့ ချစ်
သူကောင်းဖြစ်နိုင်ပါတယ်……။
မသေချာနိုင်သော…
မင်း အချစ်ရဲ့အိပ်မက်တစ်ခု…
သေဆုံးသွားတဲ့ အခါ…
မရေရာနိုင်သော……
ငါ့ အိမ်မက်ရဲ့ အလွမ်းများစွာ…
ရှင်သန်နေတဲ့ အခါ……
အရာရာကို ပြယ်ရယ်ပြု…
ငါ့ဘဝတော့…ဒီအတိုင်းပဲ ကျန်ခဲ့တယ်…။
အချစ်ရူးသူလေမို့……
နှလုံးသား အခိုးခံလိုက်ရတဲ့ သူ့လေးကို
တိတ်တခိုး…ကျိန်စာတိုက်ကာ
ကြည်ကြည်ဖြူဖြူ ချစ်နေပါဦးမယ်ကွယ်…
အဖြူရောင် သံယောဇဉ်နဲ့
နှလုံးသားဝင်ရိုးစွန်းမှာ ချည်းနှောင်း
အနိစ္စနဲ့ ကွန်လွန်……
နောင်ဘဝ အထိပေါ့…သိပ်ချစ်သူရေ…။