မသိလို့ မေးကြည့်တာပါ
မသိလို့ မေးကြည့်တာပါ
ကျွန်တော်က ပတ်ဝန်းကျင်နဲ့ အဆက်အသွယ်နည်းတာကြောင့်ပါ
"အမျိုးသားရေး စာရေးဆရာ" ဆိုတာ ဘာကိုပြောတာလဲဗျာ
အမျိုးသားတွေအကြောင်းကိုပဲ သီးသန့်ရေးတဲ့စာရေးဆရာလား
သူက အမျိုးသမီးတွေအကြောင်းကို လုံးဝမရေးဘူးလား
ထူးဆန်းတဲ့ဝေါဟာရကို တွေ့လိုက်ရလို့ပါ
စိတ်ဝင်စားလို့ မေးကြည့်တာ
သိသူများ ဖြေပေးကြပါ။
ဆရာကတော့ စင်းတီတုံးထိုးပေးပြန်ပါပြီ
ခုတ်ကြ စဉ်းကြ ပါးပါးလှီးကြပေါ့လေ
ကျွန်တော်ထင်တာကတော့အမျိုးသားရေး
စာရေးဆရာဆိုတာSpotlightထိုးသူနဲ့
တူပါတယ် သူ့မှာအတ္တနောမတိ ကြီးကြီးရှိတယ် သူကြိုက်ရင်လှလှမလှလှ
မီးရောင်စုံထိုးပြီးအကျည်းတန်တိမ်တောက်
လှချိန်ရောက်အောင်ကြံဖန်လုပ်
သူမကြိုက်ရင်ဘယ်လောက်ပဲမှန်နေနေ
အများသိဖို့ဘယ်လောက်ပဲအရေးကြီးကြီး
မှောင်ချထားမယ်ပေါ့လေ
ကားတိုက်ခံရတော့မယ့်လမ်းပေါ်ကခလေး
တအုပ်ကိုလှမ်းအော်ဖို့ ကယ်ဖို့ကအရေးမကြီးဘူး သူ့ခြေသလုံးမှာတွယ်နေတဲ့မျှော့ကိုခွာဖို့ကအရေးကြီးနေတယ်ဆိုရင်
သေချာပြီ အဲဒါဆရာပြောချင်နေတဲ့လူစား
တနည်းအားဖြင့်ပြောရရင်ရေတွင်းထဲကဖား
တွေပေါ့ခင်ဗျာ။
photo : facebook