တွေ့သမျှကူးချ.၃၈.

in #esteem6 years ago

အခန်း.၄.၇.
ရန့် မေးခွန်းကို လင်းလင်းက ချက်ချင်းမဖြေ..ခဏကြာမှ
မြို့ထဲသွားရင် ပျော်မယ်ဆိုတာကတော့ ထင်နေစ ရာကို မလိုဘူးရန်..ဒါပေမယ့် ကိစ္စမရှိပါဘူး..ငါပြောပီးပီ ပဲ နောက်တခါကျ ငါသွားချင်တဲ့နေရာ လိုက်ပို့ ဖို့ ´´ လင်းလင်းစကားကြောင့် ရန် အံ့အားသင့်သလို ဖြစ်သွား သည်..သူ့ စိတ်ထဲမှာ လင်းလင်းတယောက် ဒီနေရာ မ ရောက်ဖူးသေးလို့ မြို့ထဲပဲသွားချင်နေတာပါ ရောက်သွား ရင် ပြန်ချင်မှာတောင် မဟုတ်ဖူးဟု ထင်နေခဲ့သည်... တကယ်ကျတော့ အထင်ကမှန်ဖို့ နေနေသာသာ ရိုးတိုး ရိတ်တိတ်တောင်မှ မနီးစပ်ပဲ တက်တက်စင်လွဲနေသဖြင့် လင်းလင်းကို တအံ့တသြ ကြည့်ရင်း...နင် ဒီနေရာကို တကယ်သဘောမကျဘူးလား
လင်းလင်း´´
လင်းလင်းက တည့်တည့်မဖြေ...
ကဲပါ...ဒါတွေ မေးမနေစမ်းပါနဲ့ ခု ဘယ်သွားမှာ လည်း ဒီမှာပဲ မတ်တတ်ကြီး ရပ်နေမှာလား ဒါမှမဟုတ် နေပူကြီးထဲ လျှောက်ပြေးနေရမှာလား´´ ရန်က ရယ်သည်..လင်းလင်းကို မလိုအပ်တာတွေ ပြော နေလို့ လည်း အပိုပါပဲလေဟု တွေးမိ၍...ဘုရားအရင် ဖူးမယ်လေ ပီးရင် ရှုခင်းသာမှာတခု
ခုသွားစားမယ်..ပီးရင် ဟိုဘက်မှာရေကန်ကြီးရှိတယ် အဲ
ဒီဘက်မှာ ထိုင်စကားပြောပြော..ညောင်ပင်ရိပ်အောက်
က အအေးဆိုင်ထိုင်ပီး တခုခုသောက်ရင်း စကားပြော
ပြော..ဒါမှမဟုတ် ဟိုဘက်နားက ခုံတန်းလေးတွေမှာပဲ
ထိုင်ထိုင် ကြိုက်သလိုလုပ်လို့ ရတယ်´´
အင်း...ဒါဖြင့် ဘုရားသွားဖူးကြမယ်လေ´´ ရန် ခေါင်း ညိတ်သည်..နှစ်ယောက်သား စိန်ပန်းပင်အရိပ် များအောက်မှ ကုန်းတော်ပေါ်သို့ တက်သောလှေကား ထစ်များဆီသို့ လျှောက်လာကြသည်... ဆောင်းလယ်ရက်မို့  သစ်ပင်များဆီမှ ရွက်ဝါများ ကြွေကျ ပီး မြောက်လေနှင့်အတူ လွင့်ပါးနေခြင်းကိုက ရန့် စိတ်ထဲ တွင် လှနေတော့၏ ။ရန် ဘုရာရှိခိုးပီးသောအခါ အချိန်အတော်ကြာကပင် ဦးချ ပီးနေဟန်တူးသော လင်းလင်းက...ရန်...နင်ကတော့ တကယ့်တောသားကြီးပဲ မြို့ ကြီး
ပြကြီးထဲလည်း မသွားချင်ဘူး..တောထဲတောင်ထဲ ကွင်း
ပြင်ထဲမှာ ပျော်တယ်..ပီးတော့ ဘုရားရှိခိုးတာလည်း ကြာ
လိုက်တာ..ပြောစမ်းပါဦး ဘာတွေများ ဆုတောင်းနေလို့ 
လဲ´´
ငါလား...´´ ရန်က သဘောကျစွာ ရယ်ရင်း ပြန်မေးသည်..လင်းလင်း ကခေါင်းညိတ်လျက်...အေးပေါ့´´
ငါက ဘုရားရှိခိုးတွေ ရသလောက် ဆိုနေလို့ ကြာ နေတာပါဟာ..ဆုတောင်းတာက တခုထည်းပါ..ငါတို့  ရည်မှန်းချက်တွေ အောင်မြင်ပါစေ..ပီးတော့ တသက်လုံး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေသွားပါရစေလို့ ´´နောင်ဘဝ ဆက်တိုင်း ပေါင်းရပါစေလို့ တော့ ဆု
မတောင်းဘူးလား´´
အမယ်လေး...ဒီလောက်လည်း လောဘ မကြီးပါ နဲ့လင်းလင်းရယ်..ဘဝ ဆိုတာ ဆက်တိုင်းကောင်းမယ် ထင်ပီး လျှောက်ဆက်ချင်နေတာ မကောင်းဘူး..ဘဝ ဆို တာဆက်လေ သံသရာ ရှည်လေတဲ့..ဘုရားဟောရှိတာ ပဲလေ သံသရာဆိုတာ ဝဋ်ဆင်းရဲတဲ့´´သြော်..ဒါဆို နင်က ဒီဘဝနဲ့ပဲ တော်ပီပေါ့...
နောက်ဘဝမှာ ငါ့ကို လှည့်တောင်မကြည့်ချင်တော့ဘူး
လို့  ဆိုလိုတာပေါ့လေ´´
ကပ်သီးကပ်သပ်နိုင်သော လင်းလင်း အတွေးကြောင့် ရန်
ရယ်လိုက်မိသည် ။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54349.85
ETH 2284.90
USDT 1.00
SBD 2.32