တွေ့သမျှကူးချ.၂၆.
အခန်း.၃.၇.
သည်ကိစ္စက ဆယ်တန်းစတက်ပီး လေးငါးလ လောက်
ကြာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်...
ရှေ့ပိုင်းကာလ တစ်လျှောက်လုံးက အေးချမ်းလာသော
အခြေအနေလေးသည် မသိမသာ လှုပ်လှုပ်ရှားရှားဖြစ်
သွား၏..ဒီမတိုင်ခင် ရှေ့ပိုင်းက ဘာပြသနာမှ မရှိခဲ့..နှစ်
ယောက်သား ကျောင်းတက်ချိန်တက်..စာကြည့်စရာရှိ
ကျက်..ညနေခင်း အညောင်းပြေ ကိုယ်လက်လှုပ်ရှား က
စားသည့်ခါ ကစား..ဟိုနားဒီနား လျှောက်ချင်လျှောက် နှင့်
အားလုံး အဆင်ပြေနေခဲ့သည်...
ရန့်  ဘက်ကလည်း စိတ်ပိုင်းဖြတ်ပီးသား..ခုလို အေးအေး
ချမ်းချမ်းနေနေရသော ဘဝလေးကို ဘာအတွက်နှင့်မှ အ
ပျက်မခံနိုင်..ဖွင့်ပြောလိုက်လျှင် ပြောင်းလဲလျှင်ပြောင်းလဲ
သွားနိုင်သည့် အခြေအနေကအစ စဉ်းစားပီး အစစ ဘာ
မှအပြောင်းအလဲ မလုပ်ပဲနေမည်ဟု ဆုံးဖြတ်ခဲ့သည်...
သို့ သော် ထိုကိစ္စလေးတခု မမျှော်လင့်ပဲ အမှတ်မထင်ဝင်
လာသောအခါ ပြသနာ ကြီးကြီးမားမား မဟုတ်သော်
လည်း နောက်ဆက်တွဲ ဂယက်ကလေးများ သိသိသာသာ
ဝင်လာတော့သည်...
တချို့အဖြစ်အပျက်ကလေးများကျတော့ ရယ်စရာပင်
ကောင်းနေ၏...
ဘာဖြစ်လို့ လဲ လင်းလင်း တွက်လို့ မရဘူးလား´´ ကျူရှင်မှ အိမ်စာလုပ်ရန် ပေးလိုက်သည့် ပုစ္ဆာလေးများက တွက်ရင်းနှင့် ပညာသားလေးများပါလာသဖြင့် စိတ်ဝင်တ စား မဲပီးတွက်နေမိသည်..သုံးလေးပုဒ်လောက် ရှောရှော ရှူရှူရသွားမှ ကျေနပ်သွားသောစိတ်ဖြင့် ခေါင်းမော့ကြည့် မိလိုက်သည်... စာအုပ်ကို ရှေ့တွင်ချထားပီး စာထဲမှာ စိတ်ဝင်စားပုံ မရပဲ ဘောပင်နောက်ဖက်ကို သွားဖြင့်ကိုက်၍ အဖျားကို လက် ဖြင့်ကိုင်ထားပီး သူ့ ကို မျက်မှောင်ကုပ်ပီး ငေးစိုက်ကြည့် နေသည့် လင်းလင်းကို မြင်၍ ရန် တအံ့တသြမေးလိုက် သည်... လင်းလင်းက မျက်မှောင်ပိုကုပ်ပီး ခေါင်းခါသည်... ရန် မနေနိုင်တော့...
ဒါဖြင့် တွက်လေ လင်းလင်း..မရတဲ့နေရာကျ
ပြောပေါ့..ငါ ရှင်းပြပေးမှာပဲဟာ´´
လင်းလင်းက ခေါင်းထပ်ခါပီး...
အဲ့ဒါက အရေးမကြီးပါဘူး..ငါ့ဟာငါ ဘယ်ချိန် တွက်တွက် ရတယ်..နင့်ကို ငါ မေးစရာရှိလို့  နင်တွက်စ ရာရှိတာ တွက်လို့ ပီးပလား´´
တွက်လို့ ကတော့ ပီးမလားဟာ...ခုမှ သုံးလေးပုဒ်
တွက်ရသေးတာလေ´´
ဒါဖြင့် ပီးအောင်တွက်လိုက် ပီးရင် ငါ့ပြော´´
ပီးရင် ဘာလုပ်မလို့ လဲ လင်းလင်း´´
နင့်ကို ငါ မေးစရာ ရှိလို့ ပါဆို´´
ဟာ...ဘယ်လိုကြီးလဲဟ´´ဟု ကသိကအောက် ဖြစ်သွား
ရသည်..ဒီပုံနှင့် ဘယ်လိုလုပ် သင်္ချာပုစ္ဆာက တွက်လို့ ရပါ
တော့မည်နည်း..တွက်လို့ မပီးမချင်း တွက်နေတာကို သူ
က စောင့်နေလျှင် ကိုယ်လည်း စိတ်အေးလက်အေးမဖြစ်
သူလည်း ဘာမှ လုပ်ဖြစ်မည်မဟုတ်...
သည်ကိစ္စကို စောစောဖြတ်လိုက်တာ အကောင်းဆုံးဖြစ်
မည်ဟု တွက်လိုက်ပီး စာအုပ်ကိုပိတ်..ဘောပင်ကိုဘေး
ချပီး ပင့်သက်တချက်ရှိုက်ရင်း...
``ကဲ...အဲ့လိုတော့ မလုပ်နဲ့ လင်းလင်း နင်မေးစ
ရာရှိတာအလျင်မေး..မေးပီး ဖြေပီးတော့မှ နောက်လုပ်စ
ရာရှိတာ ဆက်လုပ်မယ်..နင်လည်း ဒီတိုင်းကြီး ထိုင်စောင့်
မနေနဲ့..မေးပီး ဖြေပီးရင် စာပြန်လုပ်..ဟုတ်ပလား´´
ရန့်  စကားကို လင်းလင်း ခေါင်းညိတ်လိုက်၏ ။