တွေ့သမျှကူးချ.၂၅.

in #esteem6 years ago

အခန်း.၃.၆.
လက်ထဲကစာကို ဖတ်ကြည့်ပီး ရန် ငိုင်သွားသည်...
အတူယှဉ်လျှောက်လာသည့် လင်းလင်းကို တချက်လှည့်
ကြည့်ရင်း... image.jpg
ဒီစာကို ဘယ်ချိန်က ပေးသွားတာလဲ လင်း လင်း´´ လင်းလင်းက ခပ်အေးအေးလေသံဖြင့်... နေ့ လည် မုန့် စားကျောင်းဆင်းချိန်က´´
ဘယ်လိုလုပ် ပေးသွားတာလဲဟာ..အဲ့ဒီအ ချိန်က ငါမရှိဘူးလား´´ဘယ်ရှိမလဲ နင်က ငါ့ထားခဲ့ပီး ဘယ်ထွက်
သွားမှန်းမှ မသိတာ´´
ရန်က တချက်စဉ်းစားသည်...
သြော်...နံရံကပ်စာစောင်လုပ်ဖို့  မြန်မာစာ ဆ ရာက ခေါ်တာနဲ့ ငါသွားနေတာ လင်းလင်း ဒါနဲ့ နေပါဦး အဲ့ဒီကောင်က လာပေးတော့ နင်က ဒီတိုင်းပဲ ယူထား လိုက်တာပဲလား´´ရည်းစားစာ ပေးမှန်းမှ မသိတာပဲ ရန်ရာ....အ တန်းထဲငါထိုင်နေတုန်း လင်းလင်းစာအုပ် မနေ့ က ကျန်
ခဲ့လို့ ဆိုပီး စားပွဲပေါ် ဗလာစာအုပ်တအုပ် လာချပေးပီး
ထွက်သွားတာ...ငါလည်း ဘာမှန်းမသိတော့ စာအုပ်ကို
ဖွင့်ကြည့်တာပေါ့...အဲ့တော့မှ ဒီစာကိုတွေ့တာ´´
စာကို တွေ့တွေ့ချင်း ဆရာမကို သွားတိုင် လိုက်ပီးရော...လင်းလင်းရာ´´ဟာ...သွားတိုင်လိုက်တော့ ငါပဲ အရှက်ကွဲမှာ
ပေါ့ဟ...ဆရာမက လူဘုံအလည် ဟိုလူ့ ခေါ်မေး ဒီလူ့ 
ခေါ်မေးနဲ့ ဘယ်လောက်ရှက်စရာကောင်းလဲ´´
ဒါလည်း ဟုတ်တာပဲလေ ဟုတွေးမိ၍ ရန် ငြိမ်နေလိုက်
သည်...ဘာလုပ်သင့်သည် ဆိုသောကိစ္စကို ကပျာကယာ
စဉ်းစားပီး...
ဒါဖြင့် အဲ့ဒီစာနဲ့ ပတ်သက်လို့  နင်ဘာလုပ် မှာလဲ လင်းလင်း´´ဘာလုပ်ရမလဲဟ လွှင့်ပစ်လိုက်မှာပေါ့´´
ဒီလိုဆို နင် ဒီကောင့်ကို ပြန်ကြိုက်ဖို့  အစီ အစဉ် မရှိဘူးပေါ့´´ လျှောက်နေရင်းနှင့် လင်းလင်း တုံ့ ကနဲ ခြေစုံရပ်ရင်း စိတ် မရှည်သော အမူအယာဖြင့်... ဒီမှာ ရန်...ငါ ပြန်ကြိုက်မယ်ဆိုရင် သူ့ စာကို
နင်မြင်စရာအကြောင်းတောင် မရှိဘူး...ငါ့ဘာသာငါတိတ်
တိတ်လေး ခိုးဖတ်ပီး..ရှင့်ကို ကျွန်မလည်း ကြိုက်ပါတယ်
ရှင်လို့ ..စာပြန်ရေးပေးလိုက်မှာပေါ့..နင် အဲ့ဒီ လောက်
တောင် နားမလည်ဘူးလား ရန်´´
လင်းလင်းအပြောနှင့်အမူအယာကို မြင်ရကြားရမှ ရန်
စိတ်အေးစွာ တချက်ပြုံးရင်း...
မဟုတ်ပါဘူးဟာ...ငါက သေချာအောင် မေးကြည့်တာပါ..နင် အဲ့ဒီကောင်ကိုတော့ မကြိုက်နိုင် မှန်း ငါသိပါတယ်´´ဒါဖြင့် ငါက ဘယ်သူ့ ကျတော့ ကြိုက်မယ်
ထင်လို့ လဲ´´
ရန်က ရယ်သည်...
အဲဒါတော့ ငါဘယ်သိမလည်းဟ...နင်က ကော ကြိုက်မယ်လို့  စဉ်းစားထားတဲ့သူ ရှိလို့ လား´´ရှိတာ ပေါ့´´
ဒါဖြင့် ဘယ်သူလဲ အဲ့ဒီလူက´´အို....ဘယ်သိမလဲ..ဘယ်သူဖြစ်ဖြစ်ပေါ့
ငါက ငါကြိုက်မယ့်သူကို လိုက်ကြေငြာနေရမှာလား´´
ရန် ငြိမ်သွားသည်..ခဏကြာမှ...
အဲ့ဒီလူက တို့ ကျောင်းကပဲလား´´သြော်...မသိပါဘူးလို့ ဆို ဘာဖြစ်လို့ လိုက်
မေးနေရတာလဲ´´
မဟုတ်ပါဘူးဟာ...ငါက စိတ်ပူလို့ မေး တာပါ လင်းလင်းရာ´´နင်က ဘာအတွက် စိတ်ပူရတာလဲ´´ image.jpg
ရန် သက်ပြင်းချရင်း...
ဘာရယ် မဟုတ်ပါဘူး လင်းလင်းရာ ငါ့ စိတ်ထဲမှာ နင့်ကို ခုချိန် ရည်းစားမထားစေချင်သေးဘူး စာမေးပွဲဖြေပီးတဲ့ချိန်ထိတော့ ဒီလိုလေးပဲ နေစေချင် သေးတယ်´´ဆယ်တန်းဖြေပီးတော့ကော´´
အဲ့ဒီချိန်ကြရင်တော့ နင်ကြိုက်သလို ဆုံး ဖြတ်ပေါ့ လင်းလင်း...ငါလည်း အဲ့ချိန်ကြရင် ငါကြိုက်တဲ့ သူကို ဖွင့်ပြောတော့ မှာပဲလေ´´ဒါဖြင့် နင်ကလည်း ကြိုက်နေတဲ့သူ ရှိနေ
ပီပေါ့လေ...ဟုတ်လား´´
ရန် ခေါင်းညိတ်သည်...နှုတ်ဖြင့်မတုံ့ ပြန်...လင်းလင်းက
ဆက်၍...
နင်ကြိုက်နေတဲ့သူကကော ဘယ်သူလဲ´´ ရန်က ခေါင်းခါသည်...သက်ပြင်းတချက် မသိမသာ ခိုးချ ရင်း...မသိချင်ပါနဲ့ဦးဟာ...အချိန်တန်ရင် နင့်ကို
ငါ အသိပေးမှာပါ´´
သြော်...နင်ကျတော့ ငါ့ကို မေးပီး...´´အေးလေ..နင်လည်း ဖြေမှမဖြေပဲ ငါလည်း
နင့်လိုပဲပေါ့...ကဲပါ လင်းလင်းရာ ဒါတွေ ခဏထားလိုက်
ပါဦး...လောလောဆယ် ဒီကိစ္စတွေက အရေးမကြီးသေး
ပါဘူး...အရေးကြီးတာက ဒီည စာကျက်ရင် မနက်က ကျူ
ရှင်က ပေးလိုက်တဲ့ ပုစ္ဆာတွေ ပြန်တွက်ကြည့်ရအောင်´´
လင်းလင်း နုတ်ခမ်း မသိမသာစူ၏...
ကျောင်းမှ အပြန်လမ်းတလျှောက် ထပ်ပီး စကား သိပ်မ
ပြောဖြစ်တော့ ။

Sort:  

Resteemed by @pillsjee! Good Luck!
Check @pillsjee for most affordable Resteem service to make your post more popular!

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54349.85
ETH 2284.90
USDT 1.00
SBD 2.32